Connect with us

Hi, what are you looking for?

သတင်း

နာမည်ကျော် ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များပါဝင်သရုပ်ဆောင်ထားသည့် လေဆန် ဇာတ်ကား We Click YouTube Channelတွင် တင်ထား

ယင်းဗီဒီယိုကို ဇူလိုင် ၁၇ရက် နံနက်တွင်တင်ရန် စီစဉ်ခဲ့သော်လည်း အကြောင်းကြောင်းကြောင့် ညနေမှသာတင်နိုင်ခဲ့ကြောင်း Click to Donate ၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

နာမည်ကျော် ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များပါဝင်သရုပ်ဆောင်ထားသည့် လေဆန် ဇာတ်ကား We Click YouTube Channelတွင် တင်ထား
နာမည်ကျော် ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များပါဝင်သရုပ်ဆောင်ထားသည့် လေဆန် ဇာတ်ကား We Click YouTube Channelတွင် တင်ထား

နွေဦးတော်လှန်ရေးအတွက် ရှေ့တန်းမှတိုက်ခိုက်နေသည့် နာမည်ကျော်ကော်ဘရာစစ်ကြောင်း မှရဲဘော်များ ပါဝင်သရုပ်ဆောင်ထားသည့် လေဆန ဇာတ်ကားကို We Click YouTube Channel ၌ တင်ထားပြီဖြစ်၍ ကြည့်ရှုနိုင်ပြီ ဖြစ်သည်။

ကိုးမိနစ်ခန့်ကြာမြင့်သည့် ယင်းဇာတ်လမ်းတိုရုပ်ရှင်ကို ရှေ့တန်းတစ်နေရာ၌ ရိုက်ကူးထား ခြင်းဖြစ်သောကြောင့် ဖုန်းဖြင့်သာရိုက်ကူးထားပြီး နာမည်ကြီး အနုပညာရှင်များမပါဝင်သော်လည်း ပါဝင်သူများက အဆင်ပြေပြေ သရုပ်ဆောင်ထားသည်။

ရဲဘော်တစ်ဦး၏ အကြောင်းကိုအခြေပြု၍ ဇာတ်လမ်းဆင်ထားခြင်းဖြစ်ပြီး လေဆန်ခရီးဖြစ် သော်လည်း အောင်ပွဲရသည်အထိ တိုက်သွားမည့်အကြောင်း ကို တင်ဆက်ပေးထားသည်။

ယင်းဗီဒီယိုကို ဇူလိုင် ၁၇ရက် နံနက်တွင်တင်ရန် စီစဉ်ခဲ့သော်လည်း အကြောင်းကြောင်းကြောင့် ညနေမှသာတင်နိုင်ခဲ့ကြောင်း Click to Donate ၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

Public Service Announcement

Public Service Announcement

“ဒီကာလကြီးထဲမှာအနယ်နယ် အရပ်ရပ်က တော်လှန်ရေး ရဲဘော်တစ်ချို့ တကယ် ကြုံနေရတဲ့ ဖြစ်ရပ်လေးတွေနဲ့ ပတ်သက်ပြီးသူတို့ ပေးချင်တဲ့ Message လေးကို ပေးနိင်ဖို့တတ်နိုင်သလောက်
သူတို့ကိုယ်တိုင် ကြိုးစားထားကြတာမို့ အားပေးကြပါဦးခင်ဗျာ။”ဟု မေတ္တာရပ်ခံထားသည်။

ယင်းဇာတ်ကားကြည့်ရှုပြီးသူများက ရင်ထဲကိုထိသည့်ဇာတ်လမ်းဖြစ်ပြီး အောင်ပွဲရကာ ရဲဘော်များ အိမ်အမြန်ပြန်နိုင်ရန် မှတ်ချက်ပေးထားသည်။

ဗီဒီယိုကြည့်ရှုသူများသည်နှင့်အမျှ အလှူငွေများရရှိမည်ဖြစ်ပြီး နာရီဝက်ခန့်ကြာ သည်အထိ ကြည့်ရှုသူ လေးထောင်ခန့်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်အနုပညာရှင်ဒေါင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပရိသတ်တွေနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံပွဲကို ဇွန် ၆ ရက်မှပြုလုပ်မှာပါ။

သတင်း

ရန်ကုန််တိုင်း၊ မှော်ဘီမြို့နယ်က ခြံကို ရောက်ရှိနေချိန် မီးကြိုးတွေ ဖြတ်တောက်အခိုးခံလိုက်ရတာဖြစ်ကြောင်း သရုပ်ဆောင်ခင်လှိုင်က Tiktok က သူ့ရဲ့ Khin Hlaing ဆိုတဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရုပ်သံနဲ့တကွ ဒီကနေ့မှာ အသိပေးခဲ့တာပါ။

သတင်း

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းပေါ်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နမ့်စီးအောင်ကျေးရွာကို စစ်တပ်စစ်ကြောင်းတွေ ရောက်လာတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မြိုင်ကလေးမှာ သင်္ကြန်ပွဲလာရောက်ဖျော်ဖြေတဲ့ ဇာတ်ပို့သရုပ်ဆောင်မင်းဇော် ဖျော်ဖြေရေးစင်မြင့်မှာလဲကျရာက ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။