Connect with us

Hi, what are you looking for?

သတင်း

ပလက်ဝ CDFတပ်ရှိရာသို့ စစ်ကောင်စီစစ်ကြောင်း သုံးခုဖြင့် ချီတက်လာ၍ တိုက်ပွဲများဖြစ်နိုင်ဟု အသိပေး

မည်သည့်အချိန်တွင်တိုက်ပွဲဖြစ်ပွားမည်ကို မပြောနိုင်သော်လည်း CDFတပ်များရှိရာသို့ ဆက်တိုး လာပါက တိုက်ပွဲဖြစ်လာမည်ဟု ၎င်းက ဆိုသည်။

(ပလက်၀ ချင်းကာကွယ်ရေးတပ်(CDF)မှ ရဲဘော်တစ်ဦးအား တွေ့ရစဥ်)
(ပလက်၀ ချင်းကာကွယ်ရေးတပ်(CDF)မှ ရဲဘော်တစ်ဦးအား တွေ့ရစဥ်)

ချင်းပြည်နယ် ပလက်၀မြို့နယ်တွင် အင်အား ၃၀၀ကျော်ရှိ စစ်ကောင်စီတပ် သည် စစ်ကြောင်းသုံးခုဖြင့် စစ်ရေးလှုပ်ရှားနေပြီး ပလက်၀ ချင်းကာကွယ်ရေး တပ်(CDF) တပ်ရင်း(၁) ရှိရာသို့ ဦးတည်နေကြောင်း ပလက်၀ CDFက အသိပေးသည်။

စစ်ကောင်စီတပ်သည် ဆမီးချောင်းတလျှောက် ကျေးရွာများဖြစ်သော ဝါဒိန်၊ဆောင်ဝရွာများအနီး ယာယီတပ်ချထားကြောင်း၊ ပလက်၀ CDFတပ်ရှိရာသို့ ဦးတည်လာ၍ မကြာမီ ထိတွေ့မှု ရှိနိုင်ကြောင်း ပလက်၀ CDFက ယနေ့(ဇူလိုင် ၁၈ရက်)တွင် ထုတ်ပြန်သည်။

“လောလောဆယ်တော့ ထိတွေ့မှုတော့ မရှိသေးဘူးလို့ပြောရမယ်။ သူတို့ ဘက်က CDF ဘက်က နေရာချထားတဲ့နေရာကို လာပြီးမှ ထိုးစစ်ဆင်မယ့် အနေအထားပေါ့။ သို့ပေမယ့် ဒီဘက်ကလည်း အသင့်အနေအထားတော့ ရှိနေတာပေါ့”ဟု ပလက်၀ CDFနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

မည်သည့်အချိန်တွင်တိုက်ပွဲဖြစ်ပွားမည်ကို မပြောနိုင်သော်လည်း CDFတပ်များရှိရာသို့ ဆက်တိုး လာပါက တိုက်ပွဲဖြစ်လာမည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ထိတွေ့မှုက ရှိလာနိုင်တာမို့လို့ အဓိကတော့ CDF ပလက်၀ ဆိုတာ အင်အား ကောင်းသေး တာလည်းမဟုတ်ဘူး။ တည်ဆောက်နေတုန်းပဲ ဖြစ်နေသေးတော့ ဒီအပေါ်မှာ အားလုံး CDF ပလက်၀ကို နည်းနည်း ဝိုင်းရံပေးကြပါအုံး။ ဝိုင်းရံပေးဖို့ဆိုတာ ငွေအားနဲ့ ဖြစ်ဖြစ် ဆုတောင်းခြင်းနဲ့ ဖြစ်ဖြစ် ဝိုင်းရံပေးကြပါအုံးလို့ ဒေသခံတစ်ဦးအနေနဲ့ ပြောလိုပါတယ်”ဟု ပလက်၀ ဒေသခံက ပြောသည်။

တိုက်ပွဲများဖြစ်ပွားလာနိုင်၍ ဒေသတွင်းရှိ ကျေးရွာများကိုလည်း အသိပေထား ကြောင်း ပလက်၀ CDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။