Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမြို့ ချမ်းမြသာစည်မှ စစ်ကောင်စီခန့်အုပ်ကြီးတစ်ဦးနေအိမ်ကို ဖောက်ခွဲတိုက်ခိုက်

ယခုတိုက်ခိုက်မှုမှာ ပထမဆုံးအကြိမ်အဖြစ် သတိပေးဖောက်ခွဲတိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး နောက်တစ်ကြိမ်ဆိုလျှင် ၎င်း၏အသက်အန္တရာယ်အား တာဝန်ယူတော့မည်မဟုတ်ကြောင်း K.C.G.F ၊ MRRF ၊ MSMS စသည့် MDY-UG တပ်ပေါင်းစုက သတိပေးထားသည်။

(တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် လက်လုပ်မိုင်းတစ်မျိုးအား တွေ့ရစဥ်)
(တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် လက်လုပ်မိုင်းတစ်မျိုးအား တွေ့ရစဥ်)

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ စစ်ကောင်စီခန့်အုပ် ချုပ်ရေးမှူးတစ်ဦး၏ နေအိမ်ကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့(KCGF)က ယနေ့(ဇူလိုင် ၁၉)ထုတ်ပြန်သည်။

ချမ်းမြသာစည်မြို့နယ် (၆၂)လမ်း၊ (၁၀၇)လမ်းနေ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ကြီးလည်း ဖြစ်သူ ပျုစောထီးအဖွဲ့ဝင် ဦးထွန်းထွန်း၏ နေအိမ်ကို ယမန်နေ့ (ဇူလိုင် ၁၈ ရက်) ည ၈နာရီခွဲတွင် လက်လုပ်မိုင်းတစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း ဖော်ပြသည်။

“နောက်ဆက်တွဲ အထိအခိုက်မသိရဘူးခင်ဗျ။ ပြည်သူကိုဖိနှိပ်နေလို့ တိုက်ခိုက်ခဲ့တာပါ။ အဲဒီအုပ်ကြီးဟာ လာဘ်စားတဲ့နေရာမှာလည်း စံပဲခင်မျ”ဟု KCGF တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မြွေပွေးက ပြောသည်။

စစ်ကောင်စီခန့်အုပ်ကြီး ဦးထွန်းထွန်းသည် အကြမ်းဖက်စစ်ကောင်စီ သြဇာခံလျက် စစ်ကောင်စီ၏ လုပ်ငန်းရပ်အများကိုအားတက်သရောပါဝင် ကူညီနေပြီး အထူးသဖြင့် ဒေသခံများ၏ နေအိမ်များကို တပည့်တပမ်းများဖြင့် ဖျက်သိမ်းရာတွင် နာမည်ကြီးသူတစ်ဦးဖြစ်ကြောင်းလည်း ထောက်ပြသည်။

Public Service Announcement

Public Service Announcement

“ပြည်သူက သတင်းပေးတာ မနေ့က နေ့လည် ၂ နာရီလောက်ပေါ့။ သတင်းရပြီး နာရီပိုင်းအတွင်း ဆင်း၍ လုပ်ဆောင်ခဲ့တာပါ”ဟု ဗိုလ်မြွေပွေးက အသိပေးသည်။

ယခုတိုက်ခိုက်မှုမှာ ပထမဆုံးအကြိမ်အဖြစ် သတိပေးဖောက်ခွဲတိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး နောက်တစ်ကြိမ်ဆိုလျှင် ၎င်း၏အသက်အန္တရာယ်အား တာဝန်ယူတော့မည်မဟုတ်ကြောင်း K.C.G.F ၊ MRRF ၊ MSMS စသည့် MDY-UG တပ်ပေါင်းစုက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။