Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ ချမ်းမြသာစည်မှ စစ်ကောင်စီခန့်အုပ်ကြီးတစ်ဦးနေအိမ်ကို ဖောက်ခွဲတိုက်ခိုက်

ယခုတိုက်ခိုက်မှုမှာ ပထမဆုံးအကြိမ်အဖြစ် သတိပေးဖောက်ခွဲတိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး နောက်တစ်ကြိမ်ဆိုလျှင် ၎င်း၏အသက်အန္တရာယ်အား တာဝန်ယူတော့မည်မဟုတ်ကြောင်း K.C.G.F ၊ MRRF ၊ MSMS စသည့် MDY-UG တပ်ပေါင်းစုက သတိပေးထားသည်။

(တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် လက်လုပ်မိုင်းတစ်မျိုးအား တွေ့ရစဥ်)
(တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် လက်လုပ်မိုင်းတစ်မျိုးအား တွေ့ရစဥ်)

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ စစ်ကောင်စီခန့်အုပ် ချုပ်ရေးမှူးတစ်ဦး၏ နေအိမ်ကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့(KCGF)က ယနေ့(ဇူလိုင် ၁၉)ထုတ်ပြန်သည်။

ချမ်းမြသာစည်မြို့နယ် (၆၂)လမ်း၊ (၁၀၇)လမ်းနေ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ကြီးလည်း ဖြစ်သူ ပျုစောထီးအဖွဲ့ဝင် ဦးထွန်းထွန်း၏ နေအိမ်ကို ယမန်နေ့ (ဇူလိုင် ၁၈ ရက်) ည ၈နာရီခွဲတွင် လက်လုပ်မိုင်းတစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း ဖော်ပြသည်။

“နောက်ဆက်တွဲ အထိအခိုက်မသိရဘူးခင်ဗျ။ ပြည်သူကိုဖိနှိပ်နေလို့ တိုက်ခိုက်ခဲ့တာပါ။ အဲဒီအုပ်ကြီးဟာ လာဘ်စားတဲ့နေရာမှာလည်း စံပဲခင်မျ”ဟု KCGF တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မြွေပွေးက ပြောသည်။

စစ်ကောင်စီခန့်အုပ်ကြီး ဦးထွန်းထွန်းသည် အကြမ်းဖက်စစ်ကောင်စီ သြဇာခံလျက် စစ်ကောင်စီ၏ လုပ်ငန်းရပ်အများကိုအားတက်သရောပါဝင် ကူညီနေပြီး အထူးသဖြင့် ဒေသခံများ၏ နေအိမ်များကို တပည့်တပမ်းများဖြင့် ဖျက်သိမ်းရာတွင် နာမည်ကြီးသူတစ်ဦးဖြစ်ကြောင်းလည်း ထောက်ပြသည်။

Public Service Announcement

Public Service Announcement

“ပြည်သူက သတင်းပေးတာ မနေ့က နေ့လည် ၂ နာရီလောက်ပေါ့။ သတင်းရပြီး နာရီပိုင်းအတွင်း ဆင်း၍ လုပ်ဆောင်ခဲ့တာပါ”ဟု ဗိုလ်မြွေပွေးက အသိပေးသည်။

ယခုတိုက်ခိုက်မှုမှာ ပထမဆုံးအကြိမ်အဖြစ် သတိပေးဖောက်ခွဲတိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး နောက်တစ်ကြိမ်ဆိုလျှင် ၎င်း၏အသက်အန္တရာယ်အား တာဝန်ယူတော့မည်မဟုတ်ကြောင်း K.C.G.F ၊ MRRF ၊ MSMS စသည့် MDY-UG တပ်ပေါင်းစုက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook