Connect with us

Hi, what are you looking for?

သတင်း

မြောင်မြို့နယ်တွင် တလုပ်PDFစခန်းအား မီးရှို့ ဖျက်ဆီးခံရ

တလုပ်PDF အဖွဲ့သည် မြင်းခြံမြို့နယ်၊ တလုပ်မြို့မှပေါ်ထွက်လာခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်း အခြေစိုက်PDF အဖွဲ့များနှင့်ပါ ပူးပေါင်း၍ အကြမ်းဖက် စစ်ကောင်စီအား ခုခံတိုက်ခိုက်လျက်ရှိသည်။

(မီးရှို့ဖျက်ဆီးခံရသော တလုပ်PDF စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-PDF-Taloke)
(မီးရှို့ဖျက်ဆီးခံရသော တလုပ်PDF စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-PDF-Taloke)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က တလုပ်PDF စခန်းအား မီးရှို့ ဖျက်ဆီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(ဇူလိုင်လ ၁၉ရက်) တလုပ် PDFစခန်းအား စစ်ကောင်စီတပ်က ဝင်ရောက် ဖျက်ဆီး မီးရှို့ပြီး မြစ်ဆုံရွာ၏ အရှေ့ဘက် ညောင်ကားယား ကျေးရွာသို့ ဦးတည်ထွက်ခွာသွားကြောင်း တလုပ်PDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စခန်းမီးရှို့ခံလိုက်ရခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများရှိသဖြင့် ကူညီပံ့ပိုးပေးကြရန် တလုပ်PDFက မေတ္တာရပ်ခံသည်။

(မီးရှို့ဖျက်ဆီးခံရသော တလုပ်PDF စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-PDF-Taloke)
(မီးရှို့ဖျက်ဆီးခံရသော တလုပ်PDF စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-PDF-Taloke)

ပြီးခဲ့သည့် မေလ၇ ရက်ကလည်း စစ်ကောင်စီတပ်နှင့် မြောင်နယ်ဒေသတွင်း PDFအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တလုပ်PDF စခန်း စီးနင်းမီးရှို့ ခံခဲ့ရကြောင်း ယင်းအဖွဲ့တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ယခုဖြစ်စဥ်နှင့်ပတ်သက်၍ တလုပ်PDF တာဝန်ရှိသူက “ဒုတိယအကြိမ် ထပ်မံမီးရှို့ ခံရခြင်းဖြစ်ပါတယ်။ လက်နက်တွေဘာတွေတော့ ပါမသွားဘူးဗျ။ ၂ကြိမ်လုံးမှာ စခန်းအဆောက်ဦး၊ ရိက္ခာ၊ စစ်သုံးပစ္စည်းများနဲ့ အဝတ်ထည်များပါ ဆုံးရှုံးခဲ့ပါတယ်။”ဟု ပြောကြားသည်။

ဇူလိုင် ၁၇ရက် နံနက်ပိုင်းကလည်း ကျောက်ရစ်ကျေးရွာမှ ထွက်ခွာလာသော အင်အား ၈၀ခန့်ပါ အကြမ်းဖက်စစ်ကောင်စီတပ်သည် မြစ်ဆုံကျေးရွာသို့ ဦးတည်ထွက်ခွာလာရာ လက်နက်ကြီး များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် ဆည်ရွာကျေးရွာရှိ အသက် ၂၀ခန့် အမျိုးသမီးငယ်တစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တလုပ်PDFက အသိပေးသည်။

(မီးရှို့ဖျက်ဆီးခံရသော တလုပ်PDF စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-PDF-Taloke)
(မီးရှို့ဖျက်ဆီးခံရသော တလုပ်PDF စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-PDF-Taloke)

ထို့နောက် မြစ်ဆုံကျေးရွာသို့ ရောက်ရှိလာပြီး နှစ်ရက်ကြာ ညအိပ်တပ်စွဲစဥ် ရေကြောင်းမှ စစ်သ​င်္ဘောများ ဆန်တက်လာခြင်း၊ လေကြောင်းမှ စစ်ရဟတ်ယာဥ်များ ပျံဝဲခြင်းတို့ကြောင့် တိုက်ပွဲဖော်ဆောင်ရန် အခွင့်မသာ ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

တလုပ်PDF အဖွဲ့သည် မြင်းခြံမြို့နယ်၊ တလုပ်မြို့မှပေါ်ထွက်လာခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်း အခြေစိုက်PDF အဖွဲ့များနှင့်ပါ ပူးပေါင်း၍ အကြမ်းဖက် စစ်ကောင်စီအား ခုခံတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ