Connect with us

Hi, what are you looking for?

သတင်း

ဆယ်ဇင်းတိုက်ပွဲတွင် စစ်​ကောင်စီတပ်ကသေဆုံး၊ ဒဏ်ရာရသူများကို​ရဟတ်ယာဥ်ဖြင့်သယ်ယူဟု KIA ထုတ်ပြန်

KIA တပ်မဟာ(၉) ၊ တပ်ရင်း(၂၆) နယ်မြေ ဆယ်ဇင်းအနီး၌ ဇူလိုင် ၁၆ရက်မှစ၍ နေ့စဉ် တိုက်ပွဲပြင်းထန်နေပြီး ဇူလိုင် ၁၇ရက်တိုက်ပွဲ၌ စစ်ကောင်စီတပ်ကသေဆုံးထိခိုက်များခဲ့သည်။

(ဖားကန့်မြို့နယ် ၊ဆယ်ဇင်းတိုက်ပွဲဖြစ်ပွားရာ​နေရာနှင့်စစ်​ကောင်စီတပ်က ​လေယာဥ်အသုံးပြုတိုက်ခိုက်​ကြောင်းသရုပ်​ဖော်​မြေပုံ။ ။ဓါတ်ပုံ-Kachin Net)
(ဖားကန့်မြို့နယ် ၊ဆယ်ဇင်းတိုက်ပွဲဖြစ်ပွားရာ​နေရာနှင့်စစ်​ကောင်စီတပ်က ​လေယာဥ်အသုံးပြုတိုက်ခိုက်​ကြောင်းသရုပ်​ဖော်​မြေပုံ။ ။ဓါတ်ပုံ-Kachin Net)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းတိုက်ပွဲမှာ ယနေ့ အထိ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ကတိုက်လေယာဉ်၊ရဟတ်ယာဉ်များအသုံးပြု တိုက်ခိုက်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းနှင့်ပြန်ကြားရေးဌာနက ဖော်ပြသည်။

KIA တပ်မဟာ(၉) ၊ တပ်ရင်း(၂၆) နယ်မြေ ဆယ်ဇင်းအနီး၌ ဇူလိုင် ၁၆ရက်မှစ၍ နေ့စဉ် တိုက်ပွဲပြင်းထန်နေပြီး ဇူလိုင် ၁၇ရက်တိုက်ပွဲ၌ စစ်ကောင်စီတပ်ကသေဆုံးထိခိုက်များခဲ့သည်။

ဇူလိုင် ၁၉ရက်တွင် စစ်ကောင်စီတပ်သည် တိုက်လေယာဉ်ဖြင့် မနက် ၅နာရီ အချိန်မှ ညနေ ၇နာရီခွဲအထိ ဆယ်ဇင်း ကုန်းဘက် ဗုံး ၁၃ကြိမ်တိုင်ကြဲချပစ်ခတ်ခဲ့ပြီးနောက် ရဟတ်ယာဉ်ဖြင့် လူအင်အား ဖြည့်တင်းကာ​သေဆုံးသူနှင့် ဒဏ်ရာရသူများကိုလည်းရဟတ်ယာဥ်ဖြင့်သယ်ယူသွားသည်ဟု KIA ၏ သတင်းနှင့် ပြန်ကြားရေးဌာနကယနေ့ထုတ်ပြန်သည်။

ဆယ်ဇင်းအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားမှုကြောင့် KIAနှင့် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေ့တိုင်း တိုက်ပွဲဖြစ်နေ၍ ဒေသခံများ စိုးရိမ်ကြောက်ရွံ့နေကြသည်ဟု ဖော်ပြထားသည်။ ထို​ကြောင့်​ဒေသခံအချို့မှာထွက်​ပြေးတိမ်း​ရှောင်​နေကြ​ကြောင်း​ဒေသခံများက​ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင် စစ်​ကောင်စီတပ်မှ သေဆုံးဒဏ်ရာရသူများ​သော်လည်းKIA က​ထုတ်ပြန်ခြင်းမရှိ​ပေ။ ​ဒေသခံများနှင့် PDFများနှင့်နီးစပ်သူများ၏ အ​ပြောအရ စစ်​ကောင်စီတပ်မှသေဆုံးသူ အနည်းဆုံး ၅၀ ​​ခန့်ရှိပြီးလက်နက်ခဲယမ်းများကိုလည်း KIAကသိမ်းဆည်းရမိ​ကြောင်း သိရသည်။

KIAနှင့် စစ်ကောင်စီတပ်တို့သည် ဝိုင်းမော်မြို့နယ်၊ တနိုင်းမြို့နယ်တို့တွင်လည်း ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Facebook