Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီက တိုက်ပွဲရှုံးနိမ့်တိုင်း ပြည်သူကိုအငြိုးထား၍ သေရေးရှင်ရေး များမှလွဲ၍ ခရီးသွားလာခြင်းမပြုရန် AA အသိပေး

အကယ်၍ မတက်သာ၍ ခရီးသွားလာရမည်ဆိုပါက ကွန်ပျူတာ၊ ဖုန်း၊ Tablet စသည့် ဆက်သွယ်ရေး ကိရိယာများကို စနစ်တကျရှင်းလင်းပြီးမှ သွားလာ ကြရန် နှင့် ညဉ့်အချိန်များ၌ လုံခြုံရေးသတိဖြင့် အိပ်စက်ကြရန် အသိပေး ထားသည်။

မလွှဲသာ၍ ခရီးသွားရပါက ဆက်သွယ်ရေးကိရိယာများကို စနစ်တကျ ရှင်းလင်းထားရန် ဖော်ပြ

စစ်ကောင်စီတပ်သည် တိုက်ပွဲများ၌ ၎င်းတို့ရှုံးနိမ့်ပါက ပြည်သူလူထုကို အငြိုးအတေးကြီးမားစွာ ရက်စက်သောလုပ်ရပ်များ လုပ်လေ့လုပ်ထရှိ၍ ပြည်သူများ အနေဖြင့် နာရေး ၊ ကျန်းမာရေး သေရေးရှင်ရေးမှ လွဲ၍ မလွှဲမရှောင် သာသည့် အခြေအနေများတွင်သာ ခရီးသွားလာကြရန် ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်သည်။

စစ်ကောင်စီက တိုက်ပွဲရှုံးနိမ့်တိုင်း ပြည်သူကိုအငြိုးထား၍ သေရေးရှင်ရေး များမှလွဲ၍ ခရီးသွားလာခြင်းမပြုရန် AA အသိပေး
စစ်ကောင်စီက တိုက်ပွဲရှုံးနိမ့်တိုင်း ပြည်သူကိုအငြိုးထား၍ သေရေးရှင်ရေး များမှလွဲ၍ ခရီးသွားလာခြင်းမပြုရန် AA အသိပေး

ပြီးခဲ့သည့် ရက်ပိုင်းက မောင်တောမြို့နယ် တိုက်ပွဲ၌ AA ၏တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၂၀ခန့်သေဆုံးပြီး ရဲမှူးအပါအဝင် ၁၄ဦး အရှင်ဖမ်းဆီး ခံခဲ့ရသည့် ဖြစ်စဥ် ဖြစ်ပွားခဲ့ရာ AAက ယနေ့တွင် ပြည်သူသို့ အသိပေး ထုတ်ပြန်ကြေညာချက်အား ရခိုင်ဘာသာဖြင့် ထုတ်ပြန်ခဲ့သည်။

Public Service Announcement
Public Service Announcement

အကယ်၍ မတက်သာ၍ ခရီးသွားလာရမည်ဆိုပါက ကွန်ပျူတာ၊ ဖုန်း၊ Tablet စသည့် ဆက်သွယ်ရေး ကိရိယာများကို စနစ်တကျရှင်းလင်းပြီးမှ သွားလာ ကြရန် နှင့် ညဉ့်အချိန်များ၌ လုံခြုံရေးသတိဖြင့် အိပ်စက်ကြရန် အသိပေး ထားသည်။

စစ်ကောင်စီမှ ဖမ်းဆီးတရားစွဲတင်နိုင်လောက်သည့်အထောက်အထားများ ဖြစ်စေမည့် အမှတ် အသား သင်္ကေတများထားရှိမှုကို အထူးသတိပြုကြရန် AAက အလေးအနက် တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။