Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက တိုက်ပွဲရှုံးနိမ့်တိုင်း ပြည်သူကိုအငြိုးထား၍ သေရေးရှင်ရေး များမှလွဲ၍ ခရီးသွားလာခြင်းမပြုရန် AA အသိပေး

အကယ်၍ မတက်သာ၍ ခရီးသွားလာရမည်ဆိုပါက ကွန်ပျူတာ၊ ဖုန်း၊ Tablet စသည့် ဆက်သွယ်ရေး ကိရိယာများကို စနစ်တကျရှင်းလင်းပြီးမှ သွားလာ ကြရန် နှင့် ညဉ့်အချိန်များ၌ လုံခြုံရေးသတိဖြင့် အိပ်စက်ကြရန် အသိပေး ထားသည်။

မလွှဲသာ၍ ခရီးသွားရပါက ဆက်သွယ်ရေးကိရိယာများကို စနစ်တကျ ရှင်းလင်းထားရန် ဖော်ပြ

စစ်ကောင်စီတပ်သည် တိုက်ပွဲများ၌ ၎င်းတို့ရှုံးနိမ့်ပါက ပြည်သူလူထုကို အငြိုးအတေးကြီးမားစွာ ရက်စက်သောလုပ်ရပ်များ လုပ်လေ့လုပ်ထရှိ၍ ပြည်သူများ အနေဖြင့် နာရေး ၊ ကျန်းမာရေး သေရေးရှင်ရေးမှ လွဲ၍ မလွှဲမရှောင် သာသည့် အခြေအနေများတွင်သာ ခရီးသွားလာကြရန် ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်သည်။

စစ်ကောင်စီက တိုက်ပွဲရှုံးနိမ့်တိုင်း ပြည်သူကိုအငြိုးထား၍ သေရေးရှင်ရေး များမှလွဲ၍ ခရီးသွားလာခြင်းမပြုရန် AA အသိပေး
စစ်ကောင်စီက တိုက်ပွဲရှုံးနိမ့်တိုင်း ပြည်သူကိုအငြိုးထား၍ သေရေးရှင်ရေး များမှလွဲ၍ ခရီးသွားလာခြင်းမပြုရန် AA အသိပေး

ပြီးခဲ့သည့် ရက်ပိုင်းက မောင်တောမြို့နယ် တိုက်ပွဲ၌ AA ၏တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၂၀ခန့်သေဆုံးပြီး ရဲမှူးအပါအဝင် ၁၄ဦး အရှင်ဖမ်းဆီး ခံခဲ့ရသည့် ဖြစ်စဥ် ဖြစ်ပွားခဲ့ရာ AAက ယနေ့တွင် ပြည်သူသို့ အသိပေး ထုတ်ပြန်ကြေညာချက်အား ရခိုင်ဘာသာဖြင့် ထုတ်ပြန်ခဲ့သည်။

Public Service Announcement
Public Service Announcement

အကယ်၍ မတက်သာ၍ ခရီးသွားလာရမည်ဆိုပါက ကွန်ပျူတာ၊ ဖုန်း၊ Tablet စသည့် ဆက်သွယ်ရေး ကိရိယာများကို စနစ်တကျရှင်းလင်းပြီးမှ သွားလာ ကြရန် နှင့် ညဉ့်အချိန်များ၌ လုံခြုံရေးသတိဖြင့် အိပ်စက်ကြရန် အသိပေး ထားသည်။

စစ်ကောင်စီမှ ဖမ်းဆီးတရားစွဲတင်နိုင်လောက်သည့်အထောက်အထားများ ဖြစ်စေမည့် အမှတ် အသား သင်္ကေတများထားရှိမှုကို အထူးသတိပြုကြရန် AAက အလေးအနက် တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။