Connect with us

Hi, what are you looking for?

သတင်း

မဲဇလီတံတားတိုက်ပွဲ၌ ကျဆုံးရဲဘော်များအတွက် တစ်လပြည့် ကောင်းမှုကို မိသားစုနှင့်အတူ ပြုလုပ်ခဲ့ဟု သရက်-ကံမ PDF အသိပေး

ဇွန်လ ၂၂ရက်က သရက်-ကံမ PDF များ လက်နက်ခဲယမ်းများ သယ်ဆောင်လာစဉ် စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့၍ PDF ၁၂ဦး ကျဆုံးပြီး အချို့မှာ ဒဏ်ရာရကာ ဖမ်းဆီးခံခဲ့ရသည်။ ယင်းဖြစ်စဉ်၌ လက်နက် ၂၅လက်နှင့် ခဲယမ်းများဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

(သရက်၊ကံမ PDF တပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရပြီး​နောက်​တွေ့ရစဥ်)
(သရက်၊ကံမ PDF တပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရပြီး​နောက်​တွေ့ရစဥ်)

မကွေးတိုင်းပွင့်ဖြူမြို့နယ် မဲဇလီတံတား၌ ဇွန်လ ၂၂ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်များအတွက် တစ်လပြည့် ကောင်းမှုကုသိုလ်များကို ကျန်ရစ်သူမိသားစုများနှင့်အတူ သက်ဆိုင်ရာ ကိုးကွယ်မှု ဘာသာများအလိုက် ပြုလုပ်ခဲ့ကြောင်းသရက်-ကံမ PDFက ထုတ်ပြန်သည်။

အဆိုပါ ဖြစ်စဉ်အပေါ် ကူညီစောင့်ရှောက်ပေးခဲ့ကြသည့် ပြည်သူများနှင့် ဝိုင်းဝန်းကူညီ ထောက်ပံ့ စောင့်ရှောက်ပေးခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကာကွယ်ရေးဝန်ကြီးဌာန ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ တော်လှန်ရေး အဖွဲ့အစည်းအသီးသီးမှ ရဲဘော်ရဲဘက်များ အားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ဖောပြသည်။

ထို့ပြင် ဖြစ်စဉ်အတွက် လှူဒါန်းကူညီခဲ့သည့် အနယ်နယ်အရပ်ရပ်မှ မိဘပြည်သူများ၊ ရဲဘော်ရဲဘက်များဘေးကင်းလုံခြုံစွာ နေရပ်တပ်စခန်းအသီးသီးသို့ အမြန်ပြန်ရောက်နိုင်ရေး ကူညီစောင့်ရှောက်ပေးခဲ့ကြသည့်မကွေးတိုင်းအတွင်းမှ စလင်း၊ ပွင့်ဖြူ၊ စေတုတ္တရာ၊ ငဖဲ၊ မင်းဘူး နဲ့ မင်းလှတို့မှ PDF အဖွဲ့များ၊ တော်လှန်ရေး တပ်ဖွဲ့များအားလုံးတို့ကို လေးစားစွာ ကျေးဇူးတင် မှတ်တမ်း ပြုအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အထူးအားဖြင့် စေတုတ္တရာမှ မိဘပြည်သူများ၊ ပွင့်ဖြူမြို့နယ်မှ မိဘပြည်သူများ၊ ပကဖ နဲ့ PDF တပ်ဖွဲ့ဝင်များ အားလုံးကို အမှတ်တရ ကျေးဇူးတင် မှတ်တမ်းပြုအပ်သည်ဟု ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ဇွန်လ ၂၂ရက်က သရက်-ကံမ PDF များ လက်နက်ခဲယမ်းများ သယ်ဆောင်လာစဉ် စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့၍ PDF ၁၂ဦး ကျဆုံးပြီး အချို့မှာ ဒဏ်ရာရကာ ဖမ်းဆီးခံခဲ့ရသည်။ ယင်းဖြစ်စဉ်၌ လက်နက် ၂၅လက်နှင့် ခဲယမ်းများဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ