Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် မိုးဗြဲမြို့ပေါ် သို့ရောက်ရှိလာ၍ ဒေသခံပြည်သူများ ဘေးကင်းလုံခြုံရေးကိုသာ ဦးစားပေးကြရန် PDF သတိပေး

မိုးဗြဲ PDF ရဲဘော်များအား တွေ့ရစဉ်
မိုးဗြဲ PDF ရဲဘော်များအား တွေ့ရစဉ်

အကြမ်းဖက်စစ်ကောင်စီတပ်က မိုးဗြဲမြို့ပေါ် သို့ရောက်ရှိလာ၍ ဒေသခံပြည်သူများအနေဖြင့်
ဘေးကင်းလုံခြုံရေးကိုသာ အဓိက ဦးစားပေးကြရန် မိုးဗြဲ PDFက သတိပေးထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင် ၂၂ ရက်) ည ၁၀ နာရီခန့်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က မိုးဗြဲမြို့ပေါ် နေရာအချို့တွင် တပ်စွဲလိုက်ခြင်းဟု ဆိုသည်။

“စောင့်ကြည့်နေရတဲ့အခြေအနေပေါ့ ။လောလောဆယ်တော့ အခြေအနေ ငြိမ်နေသေးတယ် “ဟု Mobye Resue Team အဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

(စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်၍ မီးလောင်ပျက်စီးနေသည့် မိုးဗြဲမြို့ ပေါ်မှ နေအိမ်အချို့ကို ဇူလိုင်၁၈ရက်က တွေ့ရစဉ် ၊ဓာတ်ပုံ - KNDF)
(စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်၍ မီးလောင်ပျက်စီးနေသည့် မိုးဗြဲမြို့ ပေါ်မှ နေအိမ်အချို့ကို ဇူလိုင်၁၈ရက်က တွေ့ရစဉ် ၊ဓာတ်ပုံ – KNDF)

မိုးဗြဲမြို့ပေါ်တွင် စနစ်တကျ အထိုင်ချနိုင်ရန် စစ်ကောင်စီက ယခုလတတိယပတ်ကစ၍ ကြိုးပမ်းနေသည် ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က အသိပေးသည်။

Public Service Announcement

Public Service Announcement

ဝါရီဆူးပလိုင်၊နန်းမယ်ခုံ၊ ကျွန်းတော၊ဒေါကမီး၊ ပူဖားနှင့် ဒေါငံခါး တကြောလုံးကို စစ်ရေးအရထောက်ပို့ နိုင်ရန် မိုးဗြဲမြို့ကို စစ်ကောင်စီက ရယူလိုခြင်းဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်များက သုံးသပ်သည်။

ထို့ကြောင့် ဇူလိုင် ၁၈ ရက်ကစ၍ မိုးဗြဲမြို့ပေါ်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ် မဟာ မိတ်တပ်ပေါင်းစုများ ပူးပေါင်း၍ ခုခံခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်က ဇူလိုင် ၂၀ ရက်တွင် မိုးဗြဲအခြေစိုက် ခမရ(၄၂၂) တပ်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီးနောက် ယခုအခြေအနေမှာ ဒုတိယအကြိမ် မြို့ပေါ်သို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ