Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းကွဲရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး နေအိမ်ငါးလုံး မီးရှို့ဖျက်ဆီး၊ ဒေသခံတစ်ဦးကိုလည်း သတ်ဖြတ်သွား

မီးရှို့ခံရသည့်နေအိမ်များတွင် NLDအစိုးရလက်ထက် အုပ်ချုပ်ရေးမှူးဟောင်းနေအိမ်လည်းပါဝင်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့သည် ညနေ ၅ နာရီခွဲခန့်တွင် ပြန်ထွက်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒီပဲယင်းကွဲရွာ
ဒီပဲယင်းကွဲရွာ

စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ယမန်နေ့တွင် ဝင်ရောက်စီးနင်းပြီး နေအိမ်ငါးလုံးအား မီးရှို့ဖျက်ဆီးကာ ဒေသခံပြည်သူတစ်ဦးကိုလည်း သတ်ဖြတ်မီးရှို့သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (ဇူလိုင်၂၂ ရက်)မွန်းလွဲ ၁နာရီမိနစ်၂၀ခန့်က ဒီပဲယင်းကျေးရွာသို့ အစစ်ကောင်စီတပ်က အင်အား ၁၀၀ ခန့်ဖြင့် ဝင်ရောက်လာခဲ့သည်။

ထို့နောက် ရွာသား အချို့ဖမ်းဆီးခဲ့ကာ လူနေအိမ် ၅ လုံးကို မီးရှို့ခဲ့ကြောင်း၊ အပြစ်မဲ့ ရွာသားတစ်ဦးဖြစ်သူ အသက် ‌၃၇ နှစ်ခန့်အရွယ် ကိုဇော်လင်းဆိုသူကိုလည်း စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်မီးရှို့သွားကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်ရန်ကြောင့် ရွာသူ၊ရွာသားများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

မီးရှို့ခံရသည့်နေအိမ်များတွင် NLDအစိုးရလက်ထက် အုပ်ချုပ်ရေးမှူးဟောင်းနေအိမ်လည်းပါဝင်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့သည် ညနေ ၅ နာရီခွဲခန့်တွင် ပြန်ထွက်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(ဇူလိုင် ၂၂ရက်)နံနက်ပိုင်းက ဒီပဲယင်းကွဲကျေးရွာအနီး၊ ကြွယ်ပုံကျေးရွာရှိ အကြမ်းဖက်စစ်တပ်နှင့်ပျူစခန်းအား PDFနှစ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ဒီပဲယင်းကွဲရွာအား ဝင်ရောက်ဖျက်ဆီးခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။