Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းကွဲရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး နေအိမ်ငါးလုံး မီးရှို့ဖျက်ဆီး၊ ဒေသခံတစ်ဦးကိုလည်း သတ်ဖြတ်သွား

မီးရှို့ခံရသည့်နေအိမ်များတွင် NLDအစိုးရလက်ထက် အုပ်ချုပ်ရေးမှူးဟောင်းနေအိမ်လည်းပါဝင်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့သည် ညနေ ၅ နာရီခွဲခန့်တွင် ပြန်ထွက်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒီပဲယင်းကွဲရွာ
ဒီပဲယင်းကွဲရွာ

စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ယမန်နေ့တွင် ဝင်ရောက်စီးနင်းပြီး နေအိမ်ငါးလုံးအား မီးရှို့ဖျက်ဆီးကာ ဒေသခံပြည်သူတစ်ဦးကိုလည်း သတ်ဖြတ်မီးရှို့သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (ဇူလိုင်၂၂ ရက်)မွန်းလွဲ ၁နာရီမိနစ်၂၀ခန့်က ဒီပဲယင်းကျေးရွာသို့ အစစ်ကောင်စီတပ်က အင်အား ၁၀၀ ခန့်ဖြင့် ဝင်ရောက်လာခဲ့သည်။

ထို့နောက် ရွာသား အချို့ဖမ်းဆီးခဲ့ကာ လူနေအိမ် ၅ လုံးကို မီးရှို့ခဲ့ကြောင်း၊ အပြစ်မဲ့ ရွာသားတစ်ဦးဖြစ်သူ အသက် ‌၃၇ နှစ်ခန့်အရွယ် ကိုဇော်လင်းဆိုသူကိုလည်း စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်မီးရှို့သွားကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်ရန်ကြောင့် ရွာသူ၊ရွာသားများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

မီးရှို့ခံရသည့်နေအိမ်များတွင် NLDအစိုးရလက်ထက် အုပ်ချုပ်ရေးမှူးဟောင်းနေအိမ်လည်းပါဝင်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့သည် ညနေ ၅ နာရီခွဲခန့်တွင် ပြန်ထွက်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(ဇူလိုင် ၂၂ရက်)နံနက်ပိုင်းက ဒီပဲယင်းကွဲကျေးရွာအနီး၊ ကြွယ်ပုံကျေးရွာရှိ အကြမ်းဖက်စစ်တပ်နှင့်ပျူစခန်းအား PDFနှစ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ဒီပဲယင်းကွဲရွာအား ဝင်ရောက်ဖျက်ဆီးခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုကို ဒီက​နေ့ (ဇွန် ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။