Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းကွဲရွာ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့သည့်ဖြစ်စဥ်တွင် ဒေသခံအမျိုးသားနှစ်ဦး မီးရှို့အသတ်ခံရ

ဒီပဲယင်းကွဲကျေးရွာရှိ အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားသောနေအိမ်အချို့အား တွေ့ရစဉ်၊ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
ဒီပဲယင်းကွဲကျေးရွာရှိ အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားသောနေအိမ်အချို့အား တွေ့ရစဉ်၊ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် ဝင်ရောက် စီးနင်းခံခဲ့ရသည့်ဖြစ်စဥ်တွင် ဒေသခံအမျိုးသားနှစ်ဦး မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က ဇူလိုင်၂၂ ရက် နေ့လည် ၂နာရီမိနစ်၄၀ခန့်တွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ ထို့နောက် အသက် ၃၇ နှစ်ခန့်အရွယ် ကိုဇော်လင်းဆိုသူအား မီးရှို့သတ်ဖြတ်ခဲ့ပြီး နေအိမ် သုံးလုံးကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့အပြင် ရွာသားတစ်ဦးကိုလည်း ရိုက်နှက်ပြီး သေနတ်နှင့်ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

ဒီပဲယင်းကွဲကျေးရွာရှိ အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားသောနေအိမ်အချို့အား တွေ့ရစဉ်၊ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
ဒီပဲယင်းကွဲကျေးရွာရှိ အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားသောနေအိမ်အချို့အား တွေ့ရစဉ်၊ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

“သေဆုံးသူ နှစ်ယောက်ပါ။ ရွာသားနှစ်​ယောက်မှာ တစ်ဦးကို မီးရိူ့သတ်ပြီး နောက်တစ်ဦးကို ရိုက်နှက်ပြီး ခေါင်းကိုသေနတ်နဲ့ပစ်သွားတာ။ လက်တွေခြေထောက်တွေကျိုးကြေနေတာ။ တော်တော်နှိပ်စက်ခံထားရတယ်။ ရွာရဲ့အားအထားရဆုံးလူတွေပါ။”ဟု နယ်ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဒီပဲယင်းကျေးရွာသို့ အင်အား ၁၀၀ခန့်ဖြင့် ဝင်ရောက်အကြမ်းဖက်ခဲ့ကြခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ရန်ကြောင့် ရွာသူ၊ရွာသားများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

မီးရှို့ခံရသည့်နေအိမ်များတွင် NLDအစိုးရလက်ထက် အုပ်ချုပ်ရေးမှူးဟောင်းနေအိမ်လည်းပါဝင်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့သည် ညနေ ၅ နာရီခွဲခန့်တွင် ပြန်ထွက်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင် ၂၂ရက်နံနက်ပိုင်းက ဒီပဲယင်းကွဲကျေးရွာအနီး၊ ကြွယ်ပုံကျေးရွာရှိ အကြမ်းဖက်စစ်တပ်နှင့်ပျူစခန်းအား PDFနှစ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ဒီပဲယင်းကွဲရွာအား ဝင်ရောက်ဖျက်ဆီးခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook