Connect with us

Hi, what are you looking for?

သတင်း

ရုပ်အလောင်းကို ပြန်မပေးနိုင်ဟု အင်းစိန်ဒုထောင်ပိုင်က မိသားစုဝင် များကိုပြော

အထက်ပါသတ်ဖြတ်မှုနှင့်ပတ်သက်၍စစ်ကောင်စီ၏ပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းကလည်း နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြထားသည့်အတိုင်းဖြစ်သည်ဟုစစ်ကောင်စီအလိုကျရေးသားသည့် သတင်းဌာနအချို့ကို အတည်ပြုထားသည်။

ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်အပါအဝင် လေးဦးအပေါ် ချမှတ်ထားသည့်​သေဒဏ်ပြစ်ဒဏ်ကို စီရင်ပြီးဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီထုတ်ပြန်
ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်အပါအဝင် လေးဦးအပေါ် ချမှတ်ထားသည့်​သေဒဏ်ပြစ်ဒဏ်ကို စီရင်ပြီးဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီထုတ်ပြန်

●မိသားစုဝင်များကနာ​ရေးလုပ်မည်မဟုတ်ဟုနီးစပ်သူ​ပြော

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD အမတ်ဟောင်း ဦးဖြိုးဇေယျာသော်အပါအဝင် လူပုဂ္ဂိုလ်လေးဦးကို ကွပ်မျက်မှုကို အင်းစိန် ဒုတိယထောင်ပိုင်က အတည်ပြုပြီး ရုပ်အလောင်းကို မိသားစုဝင်များကို ပြန်ပေးမည်မဟုတ်ကြောင်း ဦးဂျင်မီ၏ မိသားစုဝင်များနှင့် နီးစပ် သူတစ်ဦးက ပြောသည်။

အထက်ပါသတ်ဖြတ်မှုနှင့်ပတ်သက်၍စစ်ကောင်စီ၏ပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းကလည်း နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြထားသည့်အတိုင်းဖြစ်သည်ဟုစစ်ကောင်စီအလိုကျရေးသားသည့် သတင်းဌာနအချို့ကို အတည်ပြုထားသည်။

မြန်မာ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများကိုကွပ်မျက်ခြင်းသည် ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေနှင့် ကိုက်ညီခြင်းမရှိဘဲ လူ့ကျင့်ဝတ်ကို ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်သည်ဟု ဥပဒေ ပညာရှင်များကပြောဆိုပြီး NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကလည်း ‘ထောင်တွင်းလူသတ်မှုပဲ’ ဟုရေးသားထားသည်။

သေဒဏ်ချမှတ်ခြင်းမတိုင်မီ မိသားစုဝင်များကို အသိပေးခြင်း၊ ကွပ်မျက်အပြီးတွင်လည်း မည်သည့်အချိန်၊ မည်သည့်နေရာ၌ လုပ်ဆောင်သည်ကို အသိပေးခြင်း စသည်တို့ လုပ်ဆောင်ခဲ့ခြင်း မရှိ ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“အင်းစိန် ဒုထောင်ပိုင်ကနေ ဘယ်နေ့လုပ်လိုက်တယ်ဆိုတာ ပြောလို့မရပါဘူး။ နောက် body သူတို့လက်ထဲမှာမရှိပါဘူး။ body ကိုပြန်ပေးဖို့ ဥပဒေမှာမရှိဘူး ဆိုပြီးပြောလာတယ်။ မိသားစုတွေအနေနဲ့ကတော့ ဒီဖြစ်ရပ်ကိုလက်မခံဘူး။ အဲ့အတွက် နာရေးလုပ်မှာမဟုတ်ပါဘူး” ဟု ဦးဂျင်မီ၏ မိသားစုဝင်များနှင့်နီးစပ်သူ ကိုဇေယျာလွင်က ပြောသည်။

ဆက်လက်ပြီး ကိုဇေယျာလွင်က “ကျွန်တော်တို့ လုပ်စရာရှိတာတွေ အားသွန်ခွန်စိုက် အလုပ်ထပ်လုပ်ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်အောင်ဆက်ကြိုးစားဖို့ပဲရှိတယ်” ဟုတိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ်က ကန်တော်ကြီးအတွင်းမှာ အမျိုးသား ၁ဦး ရုပ်အလောင်းတွေ့ရှိတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်လူမှုကူညီရေးအသင်းတာ၀န်ရှိသူတချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာဈေးဝယ်သွားရင်း ပျောက်ဆုံးခဲ့တဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ၁၀ရက်အကြာမှာ တွေ့ရှိခဲ့တာကြောင့် စစ်ဆေးမှုတွေပြုလုပ်ပြီး မီးသဂြိုလ်ခဲ့တယ်လို့ သမီးဖြစ်သူက အသိပေးထားပါတယ်။

ကဗျာ

သူ့အကြောင်း တွေးမိရင်ကို ပေါ်လာတဲ့ ဝိသေသတွေက ထင်းခနဲပဲ။သူက နိုင်ငံရေးမှာ ပါတီကို အာရုံမကျဘူး။မတရားမှုမှန်သမျှကို ခါးခါးသီးသီးမုန်းတယ်၊ တွန်းလှန်တယ်၊တရားတာကို မြတ်နိုးတယ်။တရားတဲ့သူသာ နိုင်ကြေးဟေ့ဆိုတာ သူ့အဘိဓမ္မာဘဲ။သူက ဘယ်တုန်းကမှ တစ်ကိုယ်ကောင်း မဆန်ခဲ့ဘူး။ရဲဘော်ရဲဘက်စိတ် အပြည့်နဲ့လူ။လိုအပ်နေတဲ့သူတွေကို ကူညီပေးရမယ်ဆိုတာ သူ့နိုင်ငံရေးပဲ။သူ နိုင်သလောက် ကူတယ်၊ကူနိုင်တဲ့သူတွေကိုလည်း ကူကြဖို့ တွန်းအားပေးတယ်။အဲ့ဒါ သူ့ဗီဇ။ကျွန်တော်အရမ်းကြိုက်ပြီး...

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook