Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရုပ်အလောင်းကို ပြန်မပေးနိုင်ဟု အင်းစိန်ဒုထောင်ပိုင်က မိသားစုဝင် များကိုပြော

အထက်ပါသတ်ဖြတ်မှုနှင့်ပတ်သက်၍စစ်ကောင်စီ၏ပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းကလည်း နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြထားသည့်အတိုင်းဖြစ်သည်ဟုစစ်ကောင်စီအလိုကျရေးသားသည့် သတင်းဌာနအချို့ကို အတည်ပြုထားသည်။

ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်အပါအဝင် လေးဦးအပေါ် ချမှတ်ထားသည့်​သေဒဏ်ပြစ်ဒဏ်ကို စီရင်ပြီးဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီထုတ်ပြန်
ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်အပါအဝင် လေးဦးအပေါ် ချမှတ်ထားသည့်​သေဒဏ်ပြစ်ဒဏ်ကို စီရင်ပြီးဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီထုတ်ပြန်

●မိသားစုဝင်များကနာ​ရေးလုပ်မည်မဟုတ်ဟုနီးစပ်သူ​ပြော

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD အမတ်ဟောင်း ဦးဖြိုးဇေယျာသော်အပါအဝင် လူပုဂ္ဂိုလ်လေးဦးကို ကွပ်မျက်မှုကို အင်းစိန် ဒုတိယထောင်ပိုင်က အတည်ပြုပြီး ရုပ်အလောင်းကို မိသားစုဝင်များကို ပြန်ပေးမည်မဟုတ်ကြောင်း ဦးဂျင်မီ၏ မိသားစုဝင်များနှင့် နီးစပ် သူတစ်ဦးက ပြောသည်။

အထက်ပါသတ်ဖြတ်မှုနှင့်ပတ်သက်၍စစ်ကောင်စီ၏ပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းကလည်း နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြထားသည့်အတိုင်းဖြစ်သည်ဟုစစ်ကောင်စီအလိုကျရေးသားသည့် သတင်းဌာနအချို့ကို အတည်ပြုထားသည်။

မြန်မာ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများကိုကွပ်မျက်ခြင်းသည် ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေနှင့် ကိုက်ညီခြင်းမရှိဘဲ လူ့ကျင့်ဝတ်ကို ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်သည်ဟု ဥပဒေ ပညာရှင်များကပြောဆိုပြီး NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကလည်း ‘ထောင်တွင်းလူသတ်မှုပဲ’ ဟုရေးသားထားသည်။

သေဒဏ်ချမှတ်ခြင်းမတိုင်မီ မိသားစုဝင်များကို အသိပေးခြင်း၊ ကွပ်မျက်အပြီးတွင်လည်း မည်သည့်အချိန်၊ မည်သည့်နေရာ၌ လုပ်ဆောင်သည်ကို အသိပေးခြင်း စသည်တို့ လုပ်ဆောင်ခဲ့ခြင်း မရှိ ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“အင်းစိန် ဒုထောင်ပိုင်ကနေ ဘယ်နေ့လုပ်လိုက်တယ်ဆိုတာ ပြောလို့မရပါဘူး။ နောက် body သူတို့လက်ထဲမှာမရှိပါဘူး။ body ကိုပြန်ပေးဖို့ ဥပဒေမှာမရှိဘူး ဆိုပြီးပြောလာတယ်။ မိသားစုတွေအနေနဲ့ကတော့ ဒီဖြစ်ရပ်ကိုလက်မခံဘူး။ အဲ့အတွက် နာရေးလုပ်မှာမဟုတ်ပါဘူး” ဟု ဦးဂျင်မီ၏ မိသားစုဝင်များနှင့်နီးစပ်သူ ကိုဇေယျာလွင်က ပြောသည်။

ဆက်လက်ပြီး ကိုဇေယျာလွင်က “ကျွန်တော်တို့ လုပ်စရာရှိတာတွေ အားသွန်ခွန်စိုက် အလုပ်ထပ်လုပ်ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်အောင်ဆက်ကြိုးစားဖို့ပဲရှိတယ်” ဟုတိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္လာနေ့ ညနေပိုင်းက ကျောက်မဲမြို့ တိုးဂိတ်အနီးမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်(TNLA) တို့ကြား တိုက်ပွဲဖြစ်ပြီးနောက် လေကြောင်းတိုက်ခိုက်ခံရတာပါ။

သတင်း

ဒီနေ့တစ်နေ့လုံးရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာ ညနေ ၅ နာရီဝန်းကျင်ထိ အမျိုးသား ရုပ်အလောင်း ၂၅ လောင်းတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ သြဂုတ်လ ၁၃ ရက် ညနေပိုင်း ၃ နာရီခွဲဝန်းကျင်က မနရွာ မှာ မြေစာပုံပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူတွေပါသွားတာပါ။

သတင်း

ဖားကန့်တွင် ပြီးခဲ့သည့် ဩဂုတ် ၅ရက်ကလည်း မြေစာပုံတစ်ခုပြိုကျခဲ့‌သေးပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသား ငါးဦးထက်မနည်း ဒဏ်ရာရခဲ့သည်။