Connect with us

Hi, what are you looking for?

သတင်း

ကိုဂျင်မီ နဲ့ကိုဇေယျာသော်တို့ကွပ်မျက်ခံရတဲ့သတင်းကြားသိပြီး ဒေါ်အောင်ဆန်းစုကြည် စိတ်မကောင်းဖြစ်

စစ်ကောင်စီက ကွပ်မျက်လိုက်တဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဇေယျာသော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူတွေဖြစ်ပါတယ်။

ကိုဂျင်မီ နဲ့ကိုဇေယျာသော်တို့ကွပ်မျက်ခံရတဲ့သတင်းကြားသိပြီး ဒေါ်အောင်ဆန်းစုကြည် စိတ်မကောင်းဖြစ်
ကိုဂျင်မီ နဲ့ကိုဇေယျာသော်တို့ကွပ်မျက်ခံရတဲ့သတင်းကြားသိပြီး ဒေါ်အောင်ဆန်းစုကြည် စိတ်မကောင်းဖြစ်

ကိုဂျင်မီ နဲ့ကိုဇေယျာသော်တို့ကို အာဏာသိမ်းစစ်ကောင်စီက သေဒဏ်စီရင်လိုက်တဲ့သတင်းကို ဒီနေ့ ရုံးချိန်မှာ ကြားသိလိုက်ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်ထိခိုက်သွားတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကပြောပြပါတယ်။

ဒီနေ့ နေပြည်တော်ထောင်တွင်း တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် ကို အဂတိပုဒ်မနဲ့ စွဲဆိုတဲ့ အမှုအတွက် ရုံးထုတ်ခဲ့ပြီး ရုံးချိန်မစတင်မီ ရှေ့နေ့တွေနဲ့ တွေ့ဆုံချိန်မှာ သတင်းကို သိရှိသွားတာလို့ သိရပါတယ်။

ကိုဂျင်မီ နဲ့ကိုဇေယျာသော်တို့ကွပ်မျက်ခံရတဲ့သတင်းကြားသိပြီး ဒေါ်အောင်ဆန်းစုကြည် စိတ်မကောင်းဖြစ်
ကိုဂျင်မီ နဲ့ကိုဇေယျာသော်တို့ကွပ်မျက်ခံရတဲ့သတင်းကြားသိပြီး ဒေါ်အောင်ဆန်းစုကြည် စိတ်မကောင်းဖြစ်

ဒါပေမယ့်ဒေါ်အောင်ဆန်းစုကြည်ဟာ တစ်စုံတစ်ရာ ပြောမသွားခဲ့ဘူးလို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက ဆိုပါတယ်။

စစ်ကောင်စီက ကွပ်မျက်လိုက်တဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဇေယျာသော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူတွေဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

Facebook