Connect with us

Hi, what are you looking for?

သတင်း

ပျူစောထီးခေါင်းဆောင် တပ်ထွက်တစ်ဦးကို တောင်ငူခရိုင် PDF ပစ်ခတ်ရှင်းလင်း

“မျက်လုံးနှစ်လုံး၏စောင့်ကြည့်အားနှင့် မျက် လုံးလေးလုံး၏စောင့်ကြည့်နေမှု မတူညီသလိုပြည်သူ့ဘက်မရပ်တည်တဲ့မင်းတို့ကို ပြည်သူအားလုံးကစောင့်ကြည့်နေပြီဆိုတာ မမေ့နဲ့”ဟု တပ်ရင်းအမှတ် (၃၅၀၁)က ပြောသည်။

(ရှင်းလင်းခံရပြီးနောက် ပျူခေါင်းဆောင်​၏ အလောင်းအား တွေ့ရစဉ်)
(ရှင်းလင်းခံရပြီးနောက် ပျူခေါင်းဆောင်​၏ အလောင်းအား တွေ့ရစဉ်)

●နန်းထိုက်အောင်စစ်ဆင်ရေးအစိပ်အပိုင်းဖြစ်သလို သွေးကြွေးတောင်းခြင်းဟုအသိ​ပေး

“နန်းထိုက်အောင်”စစ်ဆင်ရေးဖြင့် တောင်ငူမြို့နယ် ပျူစောထီးခေါင်းဆောင် လင်းယုန်ကြီး (ခ) အောင်ဇော်ဦးအားရှင်းလင်းခဲ့ကြောင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း အမှတ်(၃၅၀၁)က ယနေ့(ဇူလိုင် ၂၆ )ထုတ်ပြန်သည်။

အဆိုပါ ပျူစောထီးခေါင်းဆောင်သည် မကြာသေးမီကာလက ဆိုင်ကယ်မှောက်၍ တောင်ငူ လေတပ်မှအငြိမ်းစားယူထားသူဆိုသူဖြစ်ကြောင်းလည်း ဖော်ပြသည်။

၎င်းကို ယနေ့ နေ့လည် ၁၂နာရီ မိနစ် ၄၀ခန့်က တောင်ငူမြို့၊ လဲဘူးကျေးရွာအနောက်ဘက်တွင် တောင်ငူမြို့အခြေစိုက် အထူးချေမှုန်းရေးမြေ အောက်လှုပ်ရှားမှုတပ်စိတ်မှ လိုက်လံပစ်ခတ် ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။

စစ်ကောင်စီစစ်ကြောင်းများအား သတင်းများပေးခြင်း၊ လမ်းပြလိုက်ခြင်း၊ နယ်မြေသတင်းများအား ၎င်းတို့ အမာခံနယ်မြေခံသတင်းပေးများမှ သတင်းများစုစည်း၍ စစ်ကောင်စီအား သတင်းပေးခြင်း၊ ခြိမ်းခြောက် ဆက်ကြေးတောင်းခြင်း၊ဆက်ကြေးများ စုဆောင်းပေးခြင်း၊ PDF များ၊ UG များဖမ်းဆီး ရာတွင် လင်းယုန်ကြီး (ခ) အောင်ဇော်ဦးမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်ခြင်းတို့လုပ် ဆောင်ခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

“မျက်လုံးနှစ်လုံး၏စောင့်ကြည့်အားနှင့် မျက် လုံးလေးလုံး၏စောင့်ကြည့်နေမှု မတူညီသလိုပြည်သူ့ဘက်မရပ်တည်တဲ့မင်းတို့ကို ပြည်သူအားလုံးကစောင့်ကြည့်နေပြီဆိုတာ မမေ့နဲ့”ဟု တပ်ရင်းအမှတ် (၃၅၀၁)က ပြောသည်။

ထို့ကြောင့် ယနေ့မှစ၍ တောင်ငူခရိုင်အတွင်း စစ်ကောင်စီနှင့် ပက်သက်နေသမျှ မည်သူတစ်ဦး တစ်ယောက်ကိုမှ ခွင့်လွှတ်နေမည်မဟုတ်တော့ကြောင်းလည်း တပ်ရင်းအမှတ် (၃၅၀၁)က သတိပေးသည်။

တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)သည် စစ်အာ ဏာရှင်နှင့် ၎င်း၏ထောက်တိုင်များအား တိုက်ခိုက်ချေမှုန်းလျှက်ရှိရာ ဇူလိုင် ၂၄ ရက်က တောင်ငူမြို့ အမြန်လမ်းအနောက်ဘက် မြပင်ကူးရွာနှင့် သရက်ပင်ကုန်းရွာကြားတွင် စစ်ကောင်စီတပ်စစ်ကြောင်းအားတိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်မှ ငါးဦးသေဆုံးကာ လေးဦးဒဏ်ရာရသွားသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့