Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်ခဲ့သည့် မပေါက်ကွဲသေးသော လက်နက်ကြီးကျည်များအား ချောင်းဦး PDF ဖောက်ခွဲရှင်းလင်း

ပြီးခဲ့သည့် ဇူလိုင် ၂၅ရက်နှင့် ၂၇ ရက်များက ချောင်းဦးမြို့နယ်ရှိကျေးရွာ​​တွင် မပေါက်ကွဲသေးဘဲ လယ်ယာမြေကွက်များ၌စိုက်ဝင်နေသော (၆၀)မမ ဗုံးသီးသုံးလုံးကို ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရသွားရောက် ဖောက်ခွဲရှင်းလင်းပေးခဲ့ကြောင်း CHUPDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(ဇွန်လ၂၃ ရက်က ချောင်းဦးမြို့ပေါ်ရပ်ကွက်တစ်ခုတွင် လက်နက်ကြီးကျ​ရောက်ပေါက်ကွဲပြီး ကျည်အပိုင်းအစများအား တွေ့ရစဥ်။ဓာတ်ပုံ - ချောင်းဦး မြို့နယ်ပြည်သူ့သတင်း)
(ဇွန်လ၂၃ ရက်က ချောင်းဦးမြို့ပေါ်ရပ်ကွက်တစ်ခုတွင် လက်နက်ကြီးကျ​ရောက်ပေါက်ကွဲပြီး ကျည်အပိုင်းအစများအား တွေ့ရစဥ်။ဓာတ်ပုံ - ချောင်းဦး မြို့နယ်ပြည်သူ့သတင်း)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ပစ်ခတ်ခဲ့ သည့် မပေါက်ကွဲ သေးသော (၆၀)မမ လက်နက်ကြီးကျည်များကို ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF) ဖောက်ခွဲရှင်းလင်း ပေးခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၅ရက်နှင့် ၂၇ ရက်များက ချောင်းဦးမြို့နယ်ရှိကျေးရွာ​​တွင် မပေါက်ကွဲသေးဘဲ လယ်ယာမြေကွက်များ၌စိုက်ဝင်နေသော (၆၀)မမ ဗုံးသီးသုံးလုံးကို ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရသွားရောက် ဖောက်ခွဲရှင်းလင်းပေးခဲ့ကြောင်း CHUPDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(ဇွန်လ၂၃ ရက်က ချောင်းဦးမြို့ပေါ်ရပ်ကွက်တစ်ခုတွင် လက်နက်ကြီးကျ​ရောက်ပေါက်ကွဲပြီး ကျည်အပိုင်းအစများအား တွေ့ရစဥ်။ဓာတ်ပုံ - ချောင်းဦး မြို့နယ်ပြည်သူ့သတင်း)
(ဇွန်လ၂၃ ရက်က ချောင်းဦးမြို့ပေါ်ရပ်ကွက်တစ်ခုတွင် လက်နက်ကြီးကျ​ရောက်ပေါက်ကွဲပြီး ကျည်အပိုင်းအစများအား တွေ့ရစဥ်။ဓာတ်ပုံ – ချောင်းဦး မြို့နယ်ပြည်သူ့သတင်း)

ပြည်သူများအနေဖြင့် မပေါက်ကွဲသေးသော ဗုံးသီးများ၊ ကျည်များနှင့် လက်ပစ်ဗုံးအစရှိသည့် စစ်လက်နက်ပစ္စည်းများတွေ့ရှိပါက ကိုင်တွယ်ကြည့်ရှုခြင်း၊ ထုရိုက်ခြင်း၊ ပြောင်းရွှေ့ သယ်ဆောင်ခြင်းလုံးဝ (လုံးဝ) မပြုလုပ်ကြဘဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ အကြောင်းကြား ပေးရန် ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။

ချောင်းဦးမြို့တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်များသည် ကျေးရွာများ ဘက်သို့ (၆၀)မမ လက်နက်ကြီးများဖြင့် မကြာခဏရမ်းသမ်းပစ်ခတ်လေ့ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

ဆောင်းပါး

သင်္ကြန်အတက်နေ့ ချင်းတွင်းမြစ်ကမ်းဘေးအပူက အလျံတငြီးငြီးနဲ့ တောက်လောင်နေတယ်။ သဲတွေဟာ မီးကြီးခဲတွေ နုတ်နုတ်စင်းထားသလိုမျိုး ထိလိုက်တာနဲ့ မခံမရပ်နိုင်အောင် ပူလောင်လွန်းလှတယ်။