Connect with us

Hi, what are you looking for?

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်ခဲ့သည့် မပေါက်ကွဲသေးသော လက်နက်ကြီးကျည်များအား ချောင်းဦး PDF ဖောက်ခွဲရှင်းလင်း

ပြီးခဲ့သည့် ဇူလိုင် ၂၅ရက်နှင့် ၂၇ ရက်များက ချောင်းဦးမြို့နယ်ရှိကျေးရွာ​​တွင် မပေါက်ကွဲသေးဘဲ လယ်ယာမြေကွက်များ၌စိုက်ဝင်နေသော (၆၀)မမ ဗုံးသီးသုံးလုံးကို ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရသွားရောက် ဖောက်ခွဲရှင်းလင်းပေးခဲ့ကြောင်း CHUPDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(ဇွန်လ၂၃ ရက်က ချောင်းဦးမြို့ပေါ်ရပ်ကွက်တစ်ခုတွင် လက်နက်ကြီးကျ​ရောက်ပေါက်ကွဲပြီး ကျည်အပိုင်းအစများအား တွေ့ရစဥ်။ဓာတ်ပုံ - ချောင်းဦး မြို့နယ်ပြည်သူ့သတင်း)
(ဇွန်လ၂၃ ရက်က ချောင်းဦးမြို့ပေါ်ရပ်ကွက်တစ်ခုတွင် လက်နက်ကြီးကျ​ရောက်ပေါက်ကွဲပြီး ကျည်အပိုင်းအစများအား တွေ့ရစဥ်။ဓာတ်ပုံ - ချောင်းဦး မြို့နယ်ပြည်သူ့သတင်း)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ပစ်ခတ်ခဲ့ သည့် မပေါက်ကွဲ သေးသော (၆၀)မမ လက်နက်ကြီးကျည်များကို ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF) ဖောက်ခွဲရှင်းလင်း ပေးခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၅ရက်နှင့် ၂၇ ရက်များက ချောင်းဦးမြို့နယ်ရှိကျေးရွာ​​တွင် မပေါက်ကွဲသေးဘဲ လယ်ယာမြေကွက်များ၌စိုက်ဝင်နေသော (၆၀)မမ ဗုံးသီးသုံးလုံးကို ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရသွားရောက် ဖောက်ခွဲရှင်းလင်းပေးခဲ့ကြောင်း CHUPDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(ဇွန်လ၂၃ ရက်က ချောင်းဦးမြို့ပေါ်ရပ်ကွက်တစ်ခုတွင် လက်နက်ကြီးကျ​ရောက်ပေါက်ကွဲပြီး ကျည်အပိုင်းအစများအား တွေ့ရစဥ်။ဓာတ်ပုံ - ချောင်းဦး မြို့နယ်ပြည်သူ့သတင်း)
(ဇွန်လ၂၃ ရက်က ချောင်းဦးမြို့ပေါ်ရပ်ကွက်တစ်ခုတွင် လက်နက်ကြီးကျ​ရောက်ပေါက်ကွဲပြီး ကျည်အပိုင်းအစများအား တွေ့ရစဥ်။ဓာတ်ပုံ – ချောင်းဦး မြို့နယ်ပြည်သူ့သတင်း)

ပြည်သူများအနေဖြင့် မပေါက်ကွဲသေးသော ဗုံးသီးများ၊ ကျည်များနှင့် လက်ပစ်ဗုံးအစရှိသည့် စစ်လက်နက်ပစ္စည်းများတွေ့ရှိပါက ကိုင်တွယ်ကြည့်ရှုခြင်း၊ ထုရိုက်ခြင်း၊ ပြောင်းရွှေ့ သယ်ဆောင်ခြင်းလုံးဝ (လုံးဝ) မပြုလုပ်ကြဘဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ အကြောင်းကြား ပေးရန် ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။

ချောင်းဦးမြို့တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်များသည် ကျေးရွာများ ဘက်သို့ (၆၀)မမ လက်နက်ကြီးများဖြင့် မကြာခဏရမ်းသမ်းပစ်ခတ်လေ့ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

Facebook