Connect with us

Hi, what are you looking for?

သတင်း

မြိတ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်း

“ပစ်တာက ၄ ချက်ပါ။ တစ်ချက်က ပစ်တဲ့အချိန်မှာ‌ ထွက်ပြေးတော့ နဘေးမှာရပ်ထားတဲ့ ကားမှာထိတယ်လို့သိရတယ်။ နှစ်ချက်ကကိုယ်မှာပေါ့။ ကျန်တစ်ချက်ကခါးမှာထိတာပါ”ဟု မြိတ်(ပကဖ)မှ ရဲဘော်တစ်ဦးက ပြောသည်။

People's Spring
People's Spring

​တနင်္သာရီတိုင်း မြိတ်မြို့ ကန်ကြီးရပ်ကွက်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးကျော်ဆက်ဆိုသူကို မြိတ်(ပကဖ)နှင့် မြိတ်ပြည်သူ့လွတ်မြောက်ရေး အဖွဲ့(MPFF)ပူး ပေါင်းအဖွဲ့မှ သွားရောက်ပစ်ခတ် ခဲ့ခြင်းကြောင်း ယနေ့ (ဇူလိုင် ၂၈)ထုတ်ပြန်သည်။

ယနေ့နံနက် ၅နာရီခန့်က မြိတ်မြို့၊ တပ်ပြင်စျေးအနီး၌ စစ်ခေါင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်ဆက် ဆိုသူကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် လေးချက်ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု မြိတ်(ပကဖ)က ပြောသည်။

အဆိုပါပစ်ခတ်မှုတွင် ဦးကျော်ဆက်မှာ ထွက်ပြေးခြင်းကြောင့် ပထမတစ်ချက်လွဲချော်ခဲ့ပြီး နှစ်ချက်မှာ ကိုယ်လုံးအားထိမှန်၍ ကျန်တစ်ချက်မှာ ခါးအောက်ဘက် ခါးဆက်ရိုးနား ထိမှန်ခဲ့ ကြောင်း မြိတ်(ပကဖ)က ရှင်းပြသည်။

“ပစ်တာက ၄ ချက်ပါ။ တစ်ချက်က ပစ်တဲ့အချိန်မှာ‌ ထွက်ပြေးတော့ နဘေးမှာရပ်ထားတဲ့ ကားမှာထိတယ်လို့သိရတယ်။ နှစ်ချက်ကကိုယ်မှာပေါ့။ ကျန်တစ်ချက်ကခါးမှာထိတာပါ”ဟု မြိတ်(ပကဖ)မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အုပ်ချုပ်ရေးမှူး ဦးကျော်ဆက်ဆိုသူသည် ကျည်ကာအင်္ကျီအမြဲဝတ်ထားပြီး ယခုပစ်ခတ်မှုတွင်လည်း ခါးဆက်ရိုးနားထိမှန်သည့် ပစ်ချက်တစ်ခုသာ ဒဏ်ရာရသွားပြီး လက်ရှိတွင် ဆေးရုံ၌ ကုသမှုခံယူနေကြောင်း အထက်ပါ ရဲဘော်က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။