ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ မြို့လှနယ်မြေအတွင်း၌ ရွှေမှော်များပါမကျန် မူးယစ်ဆေးဝါးပစ္စည်း များနှင့် သုံးစွဲသူများကို ဖမ်းဆီးခဲ့ကြောင်း MYOHLA K-PDF က ယနေ့(ဇူလိုင် ၃၀ ရက်)တွင် ထုတ် ပြန်သည်။
MYOHLA K-PDF ၏ တပ်ရင်းနယ်အတွင်းရှိ ဟင်းအွန်၊ မြို့ကုန်း၊ နောင်ပင်၊ ခိုလိပ် ၊ လိပ်ဆင်း၊ မိုးစစ်၊ ရေလဲ၊ စီသော်နှင့် စီငန်း ရွှေမှော်များပါမကျန် မှုးယစ်ဆေးဝါးများကို ရှာဖွေခဲ့သည်ဟု ဆိုသည်။




ဖမ်းဆီးမှုတွင် မူးယစ်ဆေးဝါးဝယ်ရောင်းလုပ်သူများနှင့် စုံးစမ်းနေဆဲ မှုးယစ်ဆေးဝါးသား ကောင် များအား အပြင်းအထန် သတိပေးခဲ့ပြီး ရပ်မိ၊ရပ်ဖများရှေ့တွင် ဝန်ခံကတိများ ပြုလုပ်ခိုင်းကာ ပထမ ဆုံးအကြိမ်အဖြစ် ပြန်လွတ်ပေးခဲ့ကြောင်း အသိပေးသည်။
နောက်နောင်တွင် လူညွှန့်တုန်းစေမည့် မှုးယစ်ဆေးဝါးများ ရောင်းဝယ် ဖောက်ကားခြင်း၊ သုံးစွဲခြင်းများအား အလျှင်းသင့်သလို ဆက်လက် စုံစမ်းဖော်ထုတ်နှိမ်နှင်းသွားမည်ဟု MYOHLA K-PDF က ပြောသည်။

Public Service Announcement
