Connect with us

Hi, what are you looking for?

သတင်း

မြို့လှနယ်မြေအတွင်း မူးယစ်ဆေးဝါးပစ္စည်းများနှင့် သုံးစွဲသူများကို ဖမ်းဆီး သတိပေးခဲ့ကြောင်း PDF ထုတ်ပြန်

ဖမ်းဆီးမှုတွင် မူးယစ်ဆေးဝါးဝယ်ရောင်းလုပ်သူများနှင့် စုံးစမ်းနေဆဲ မှုးယစ်ဆေးဝါးသား ကောင် များအား အပြင်းအထန် သတိပေးခဲ့ပြီး ရပ်မိ၊ရပ်ဖများရှေ့တွင် ဝန်ခံကတိများ ပြုလုပ်ခိုင်းကာ ပထမ ဆုံးအကြိမ်အဖြစ် ပြန်လွတ်ပေးခဲ့ကြောင်း အသိပေးသည်။

ဓာတ်ပုံ - Myo Hla PDF
ဓာတ်ပုံ - Myo Hla PDF

ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ မြို့လှနယ်မြေအတွင်း၌ ရွှေမှော်များပါမကျန် မူးယစ်ဆေးဝါးပစ္စည်း များနှင့် သုံးစွဲသူများကို ဖမ်းဆီးခဲ့ကြောင်း MYOHLA K-PDF က ယနေ့(ဇူလိုင် ၃၀ ရက်)တွင် ထုတ် ပြန်သည်။

MYOHLA K-PDF ၏ တပ်ရင်းနယ်အတွင်းရှိ ဟင်းအွန်၊ မြို့ကုန်း၊ နောင်ပင်၊ ခိုလိပ် ၊ လိပ်ဆင်း၊ မိုးစစ်၊ ရေလဲ၊ စီသော်နှင့် စီငန်း ရွှေမှော်များပါမကျန် မှုးယစ်ဆေးဝါးများကို ရှာဖွေခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးမှုတွင် မူးယစ်ဆေးဝါးဝယ်ရောင်းလုပ်သူများနှင့် စုံးစမ်းနေဆဲ မှုးယစ်ဆေးဝါးသား ကောင် များအား အပြင်းအထန် သတိပေးခဲ့ပြီး ရပ်မိ၊ရပ်ဖများရှေ့တွင် ဝန်ခံကတိများ ပြုလုပ်ခိုင်းကာ ပထမ ဆုံးအကြိမ်အဖြစ် ပြန်လွတ်ပေးခဲ့ကြောင်း အသိပေးသည်။

နောက်နောင်တွင် လူညွှန့်တုန်းစေမည့် မှုးယစ်ဆေးဝါးများ ရောင်းဝယ် ဖောက်ကားခြင်း၊ သုံးစွဲခြင်းများအား အလျှင်းသင့်သလို ဆက်လက် စုံစမ်းဖော်ထုတ်နှိမ်နှင်းသွားမည်ဟု MYOHLA K-PDF က ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။