Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းက ဓာတ်ပုံဆရာ တစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်

ကိုအေးကျော်ဟာ ဓာတ်ပုံ ၊ဗီဒီယို ရိုက်ကူးရေးနဲ့အသက်မွေးသူဖြစ်ပြီး နွေဦးတော်လှန်ရေး လူထုဆန္ဒပြပွဲတွေကို မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့တယ်လို့သိရပါတယ်။

စစ်ကိုင်းက ဓာတ်ပုံဆရာ တစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်
စစ်ကိုင်းက ဓာတ်ပုံဆရာ တစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်

စစ်ကိုင်းက ဓာတ်ပုံဆရာ ကိုအေးကျော်( ဟေမာန်)ကို နေအိမ်မှာ စစ်အုပ်စု က မနေ့က မနက်ပိုင်း လာရောက်ဖမ်းဆီးပြီးနောက် သတ်ပစ်လိုက်တယ်လို့ မိသားစုဝင်တွေနဲ့နီးစပ်သူတွေထံကသိရပါတယ်။

စစ်ကိုင်းမြို့ ၊အောင်ချမ်းသာရပ်ကွက်မှာ နေထိုင်တဲ့ ကိုအေးကျော်ကို ဇူလိုင်လ ၃၀ ရက် မနက် ၂ နာရီမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလာရောက်ဖမ်းဆီးသွားတာပါ။

ဖမ်းဆီးသတ်ဖြတ်ပြီးနောက် အလောင်းကို လမ်းဘေးမှာစွန့်ပစ်ခဲ့ပါတယ်။ စွန့်ပစ်အလောင်းကိုတွေ့ရသူတွေက ဆေးရုံကိုပို့ဆောင်ပေးခဲ့ရပါတယ်။ အဲဒီနောက် အလောင်းကို နေအိမ် ဆီ လူမှုကူညီရေးအသင်းနဲ့ ပြန်ပို့လာတယ်လို့သိရပါတယ်။

“အလောင်းကိုသယ်ပေးဖို့ ရင်ခွဲရုံက အကြောင်းကြားလို့ လူမှုကူညီရေးအသင်းက သယ်ပေးသွားတာ” လို့လူမှုကူညီရေးအသင်းနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကိုအေးကျော်ကိုဖမ်းဆီးသတ်ဖြတ်တဲ့အကြောင်းရင်းကိုမသိရသေးပါဘူး။

ကိုအေးကျော်ဟာ ဓာတ်ပုံ ၊ဗီဒီယို ရိုက်ကူးရေးနဲ့အသက်မွေးသူဖြစ်ပြီး နွေဦးတော်လှန်ရေး လူထုဆန္ဒပြပွဲတွေကို မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။