Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတွင် မြို့ပြပြောက်ကျား UG ရဲဘော်အချို့ ဖမ်းဆီးခံရ

မန္တလေးမြို့အခြေစိုက် အခြား UG အဖွဲ့တစ်ခုမှ ဗိုလ်မြွေပွေး၏ ပြောဆိုမှုအရ အဖမ်းခံရသည့် ရဲဘော်များမှ ပြောက်ကျားအဖွဲ့တစ်ဖွဲ့မှ ရဲဘော်များ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ပြောသည်။

(၂၀၂၁ မတ်လက မန္တလေးမြို့တွင် တွေ့ရသည့် စစ်ကောင်စီတပ်သားများ ၊ဓာတ်ပုံ − EPA)
(၂၀၂၁ မတ်လက မန္တလေးမြို့တွင် တွေ့ရသည့် စစ်ကောင်စီတပ်သားများ ၊ဓာတ်ပုံ − EPA)

မန္တလေးမြို့တွင် ယနေ့နံနက်ပိုင်းက မြို့ပြပြောက်ကျားတော်လှန်ရေး ရဲဘော်အချို့ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရကြောင်း မန်းအခြေစိုက် UG တပ်ဖွဲ့များထံမှ သတင်းရရှိသည်။

ယနေ့ (သြဂုတ် ၁ ရက်)နံနက်ပိုင်းက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် (၆၈)လမ်း ဝန်းကျင်ရှိ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်က ဝင်ရောက်စီနင်းပြီး လူငယ် ၁၀ဦးခန့်ကို ဖမ်းဆီးသွား ကြောင်း ဒေသအခြေစိုက် UG အဖွဲ့အစည်းများထံမှ သိရသည်။ သို့သော် အရေအတွက်အတိအကျ ကိုမူ လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“ငှားထားတဲ့အိမ် ဝင်စီးခံရတာဗျ။ သူတို့လည်း စုစည်းနေတဲ့အချိန် ပတ်ဝန်းကျင်က ဒလန် တစ်ယောက်ယောက်က ယောကျာ်းလေးတွေကို သတိထားမိပြီး စီးခံရတာဖြစ်မယ်”ဟု မန္တလေး UG အဖွဲ့အစည်းတစ်ခုမှ ဗိုလ်ဖီးနစ်က ပြောသည်။

မန္တလေးမြို့အခြေစိုက် အခြား UG အဖွဲ့တစ်ခုမှ ဗိုလ်မြွေပွေး၏ ပြောဆိုမှုအရ အဖမ်းခံရသည့် ရဲဘော်များမှ ပြောက်ကျားအဖွဲ့တစ်ဖွဲ့မှ ရဲဘော်များ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ပြောသည်။

Public Service Announcement

Public Service Announcement

“(ဖမ်းဆီးခံရတဲ့အခြေအနေ) မသိရဘူး။ မလုံခြုံသေးလို့ကျန်တဲ့သူတွေ”ဟု ဗိုလ်မြွေပွေးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းကလည်း မန္တလေးမြို့အခြေစိုက် DRM Rangers Mandalay – PDF မှ ရဲဘော်အချို့ ဖမ်းဆီးခံရသည့်အပြင် ခိုလှုံအိမ်ပါ ဝင်စီးခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေတင်လာတဲ့​လှေ တစ်စီးဟာရမ်းဗြဲမြို့နယ်၊မင်းကြောင်းချောင်းရွာအနီး ပင်လယ်ပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ​လှေပေါ် ပါလာသူ ခုနစ်ဦးပါ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။