Connect with us

Hi, what are you looking for?

သတင်း

ဟားခါးမှ ထန်တလန်သို့ စစ်ကောင်စီတပ်များ ဆက်လက်စစ်ကြောင်းထိုးနေ၊ တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်သေဆုံးထိခိုက်ရှိဟု CNF ပြော

စစ်ကောင်စီတပ်သည် ပလက်၀မြို့နယ် ရှင်းလက်၀နှင့် ဆင်အိုး၀ကြား၌ စစ်ကောင်စီတပ်က တပ်စခန်းချရန် ပြင်ဆင်နေကြောင်း သတင်းရသည် ဟုလည်း ဆလိုင်းထက်နီက ပြောကြားသည်။

ချင်းပြည်နယ် ဟားခါးမှ ထန်တလန်မြို့နယ်ဘက်သို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာ၍ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံး ထိခိုက်ရှိခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး/ ချင်းအမျိုး သားတပ်မတော် (CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ယနေ့ ပြောကြားသည်။

စစ်ကောင်စီတပ်သည် ဇူလိုင် ၂၉ရက်မှစ၍ ထန်တလန်မြို့နယ်ဘက်သို့ စစ်ကြောင်းထိုး စစ်ရေး လှုပ်ရှားလာခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဇူလိုင် ၂၉ကနေ ဟားခါးကနေ ထန်တလန်ဘက်ကို စကစတွေအထွက် ဇူလိုင် ၃၀ ကနေ နှစ်ဖက် တိုက်ပွဲတွေဖြစ်တယ်။ အခုတော့ စစ်ကြောင်း အနည်းဆုံး သုံးကြောင်းခွဲပြီး ထွက်လာနေတယ်။တိုက်ပွဲတော့ ဆက်ဖြစ်နေတာပေါ့။ အခုထိတော့ စကစဘက်က ၁၀ ကျ ၁၄ ထိခိုက်ဒဏ်ရာရတယ်” ဟု ဆလိုင်းထက်နီက ပြောကြားသည်။

ဟားခါး – ထန်တလန်မြို့အကြား သီမစ်ချောင်းသို့သွားရာ ထင်းရှူးတောထဲတွင် ဇူလိုင် ၃၀ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်များ အထိနာပြီး ပြန်ဆုတ်သွားကြောင်း၊ ချင်းတပ်ဖွဲ့များ ထောင်ထားသည့် မိုင်းများ ထိခိုက်၍ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ချင်းဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ပလက်၀မြို့နယ် ရှင်းလက်၀နှင့် ဆင်အိုး၀ကြား၌ စစ်ကောင်စီတပ်က တပ်စခန်းချရန် ပြင်ဆင်နေကြောင်း သတင်းရသည် ဟုလည်း ဆလိုင်းထက်နီက ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ချင်းဒေသကာကွယ်ရေးတပ်(CDF)၊ ချင်းအမျိုးသားတပ်မတော် (CNA) တို့ ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ချင်းပြည်နယ် တောင်ပိုင်း မတူပီ မြို့နယ်နှင့် ချင်းမြောက်ပိုင်း ဖလမ်း၊ ဟားခါးမြို့နယ်တို့၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။