Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဗန်းမောက်တွင် စစ်ကောင်စီတပ် ထပ်မံတိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်မှုများရှိ

ကာကွယ်ရေးတပ်များမှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး ညအချိန်ဖြစ်သည့်အတွက် စစ်ကောင်စီတပ်များ ထိခိုက်သေဆုံးမှုအရေအတွက် ကို အတိအကျ မသိရှိကြောင်း ဖော်ပြသည်။

(စစ်ဆင်ရေးထွက်ရန်ပြင်ဆင်နေကြသော ဗန်းမောက်မြို့နယ်ကာကွယ်ရေး တပ်ဖွဲ့ဝင်များအားတွေ့ရစဥ်၊ ဓာတ်ပုံ - Banmauk Revolution - BR)
(စစ်ဆင်ရေးထွက်ရန်ပြင်ဆင်နေကြသော ဗန်းမောက်မြို့နယ်ကာကွယ်ရေး တပ်ဖွဲ့ဝင်များအားတွေ့ရစဥ်၊ ဓာတ်ပုံ - Banmauk Revolution - BR)

စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ညက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များ နိုင်သည်ဟု Banmauk Revolutionက ဖော်ပြသည်။

ဩဂုတ် ၂ရက် ည ၁၀နာရီတွင် ဗန်းမောက်မြို့နယ် ကျွဲကောကြီးကျေးရွာနှင့် ဆင်ကန်ရွာကြား စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သားများအား ဗန်းမောက်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့များမှ ထိထိမိမိ မိုင်းဆွဲနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ အသေအပျောက်နှင့် ဒဏ်ရာရသူ အများအပြားရှိ ကြောင်းသိရသည်ဟု ဖော်ပြထားသည်။

ကာကွယ်ရေးတပ်များမှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး ညအချိန်ဖြစ်သည့်အတွက် စစ်ကောင်စီတပ်များ ထိခိုက်သေဆုံးမှုအရေအတွက် ကို အတိအကျ မသိရှိကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါဒေသတွင် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ ဇူလိုင်အတွင်းက ဗန်းမောက်တောင်ပိုင်း၌ တိုက်ပွဲများ မကြာခဏဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က အထိနာခဲ့သည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။