Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်တွင် စစ်ကောင်စီတပ် ထပ်မံတိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်မှုများရှိ

ကာကွယ်ရေးတပ်များမှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး ညအချိန်ဖြစ်သည့်အတွက် စစ်ကောင်စီတပ်များ ထိခိုက်သေဆုံးမှုအရေအတွက် ကို အတိအကျ မသိရှိကြောင်း ဖော်ပြသည်။

(စစ်ဆင်ရေးထွက်ရန်ပြင်ဆင်နေကြသော ဗန်းမောက်မြို့နယ်ကာကွယ်ရေး တပ်ဖွဲ့ဝင်များအားတွေ့ရစဥ်၊ ဓာတ်ပုံ - Banmauk Revolution - BR)
(စစ်ဆင်ရေးထွက်ရန်ပြင်ဆင်နေကြသော ဗန်းမောက်မြို့နယ်ကာကွယ်ရေး တပ်ဖွဲ့ဝင်များအားတွေ့ရစဥ်၊ ဓာတ်ပုံ - Banmauk Revolution - BR)

စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ညက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များ နိုင်သည်ဟု Banmauk Revolutionက ဖော်ပြသည်။

ဩဂုတ် ၂ရက် ည ၁၀နာရီတွင် ဗန်းမောက်မြို့နယ် ကျွဲကောကြီးကျေးရွာနှင့် ဆင်ကန်ရွာကြား စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သားများအား ဗန်းမောက်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့များမှ ထိထိမိမိ မိုင်းဆွဲနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ အသေအပျောက်နှင့် ဒဏ်ရာရသူ အများအပြားရှိ ကြောင်းသိရသည်ဟု ဖော်ပြထားသည်။

ကာကွယ်ရေးတပ်များမှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး ညအချိန်ဖြစ်သည့်အတွက် စစ်ကောင်စီတပ်များ ထိခိုက်သေဆုံးမှုအရေအတွက် ကို အတိအကျ မသိရှိကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါဒေသတွင် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ ဇူလိုင်အတွင်းက ဗန်းမောက်တောင်ပိုင်း၌ တိုက်ပွဲများ မကြာခဏဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က အထိနာခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။