Connect with us

Hi, what are you looking for?

သတင်း

အောင်ဆန်းကွင်းက ပစ္စည်းပို့ဆောင်ရေးဂိတ်တွေကို စစ်ကောင်စီ ပိတ်သိမ်း

စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေကို ရန်ကုန်ကနေ နယ်မြို့တွေဆီ သယ်ယူ ပို့ဆောင်တာတွေကို အောင်ဆန်းကွင်းက ဂိတ်တွေဟာ အများဆုံးဆောင်ရွက်ပေးကြတာဖြစ်ပါတယ်။

အောင်ဆန်းကွင်းက ပစ္စည်းပို့ဆောင်ရေးဂိတ်တွေကို စစ်ကောင်စီ ပိတ်သိမ်း
အောင်ဆန်းကွင်းက ပစ္စည်းပို့ဆောင်ရေးဂိတ်တွေကို စစ်ကောင်စီ ပိတ်သိမ်း

ရန်ကုန်မြို့၊ အောင်ဆန်းကွင်းပတ်လည်မှာရှိတဲ့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးဂိတ်တွေကို စစ်ကောင်စီက ဒီနေ့သြဂုတ်လ ၄ ရက်ကစတင်ပြီး အကန့်အသတ်မရှိပိတ်ခိုင်းလိုက်တယ်လို့ကုန်ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှုပေးနေသူတွေထံကသိရပါတယ်။

အောင်ဆန်းကွင်းက ပစ္စည်းပို့ဆောင်ရေးဂိတ်တွေကို စစ်ကောင်စီ ပိတ်သိမ်း
အောင်ဆန်းကွင်းက ပစ္စည်းပို့ဆောင်ရေးဂိတ်တွေကို စစ်ကောင်စီ ပိတ်သိမ်း

အောင်ဆန်းကွင်းဂိတ်တွေကို ပိတ်လိုက်ရတာကြောင့် ပစ္စည်းရောက်ရှိချိန် ရက်ကြာခဲ့ရင် နားလည်ပေးကြဖို့ ပစ္စည်းသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုပေးနေသူအချို့က ဖေ့ဘွတ်ခ်ကနေအသိပေးလာတာတွေရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း အောင်ဆန်းကွင်းက ဂိတ်တွေကို ၃ ရက်တာ စစ်ကောင်စီက ပိတ်ခိုင်းခဲ့ပါသေးတယ်။

ဒီတခေါက်မှာတော့ ဘယ်အချိန် ပြန်ဖွင့်ရမယ့်အချိန် မသိရှိရသေးကြောင်း ကုန်ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှု လုပ်နေသူအချို့ထံကသိရပါတယ်။

Public Service Announcement

Public Service Announcement

စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေကို ရန်ကုန်ကနေ နယ်မြို့တွေဆီ သယ်ယူ ပို့ဆောင်တာတွေကို အောင်ဆန်းကွင်းက ဂိတ်တွေဟာ အများဆုံးဆောင်ရွက်ပေးကြတာဖြစ်ပါတယ်။

အောင်ဆန်းကွင်းကို ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်း က စစ်ကောင်စီခေါင်းဆောင် လာရောက်ခဲ့ပြီး ကွင်းကိုအဆင့်မြှင့်တင်မှုတွေလုပ်မယ်လို့ ညွှန်ကြားခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook