Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းမိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ရွာတစ်ရွာကို မီးရှို့ဖျက်ဆီးသွား

ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း- ၁(Royal Eagle) တပ်ခွဲ၊ ပုံတောင် Tiger တပ်ခွဲနှင့် တောင်ပေါ်ပုဏ္ဍက တပ်ခွဲတို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပုလဲမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းမိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ရွာတစ်ရွာကို မီးရှို့ဖျက်ဆီးသွား
ပုလဲမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းမိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ရွာတစ်ရွာကို မီးရှို့ဖျက်ဆီးသွား

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ရာ ခုနစ်ဦးသေဆုံးပြီးနောက် ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး သွားခဲ့သည်။

ယမန်နေ့(သြဂုတ် ၄ရက်)နံနက်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများနှင့် ပျူစောထီးများပါဝင်သည့် စစ်ကြောင်းကို ပုလဲမြို့နယ် သာယာကုန်းနှင့် သပြေကုန်းရွာကြား၊နန်းစင်ကုန်းအနီးတွင် ပြည်သူ့ကာကွယ်ရေးမဟာ မိတ်တပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မိုင်းခြောက်လုံးခွဲတာ။စစ်ခွေးစစ်ကြောင်းမှာ ၇၀လောက်ပါပြီး ခုနစ်ယောက် သေတယ်။ သူတို့ပြန်ဆုတ်သွားတဲ့အပြန်လမ်းက သာယာကုန်းရွာကို မီးဝင်ရှို့သွားတယ်”ဟု ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သာယာကုန်းကျေးရွာမှ နေအိမ် ၃၀ကျော်မီးလောင်ပျက်စီးသွားပြီး နွားတစ်ကောင်သေဆုံးခဲ့ သည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း- ၁(Royal Eagle) တပ်ခွဲ၊ ပုံတောင် Tiger တပ်ခွဲနှင့် တောင်ပေါ်ပုဏ္ဍက တပ်ခွဲတို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အထိနာသွားသည့် စစ်ကောင်စီစစ်ကြောင်းသည် မူလတပ်စွဲထားသည့် အင်မထီးကျေးရွာသို့ ပြန်ဆုတ်ခွာသွားခဲ့သည်။ အင်းမထီးရွာသည် ပျူစောထီးရွာဟု နာမည်ကြီးသည်။ ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူများကို အင်းမထီးရွာတွင် စစ်ကောင်စီက သဂြိုလ်လိုက် သည်။

“အမိန့်ပြန်တမ်းပြန်တဲ့အသံတွေ၊ သေနတ်ပစ်ဖောက်သံတွေကြားတယ်။ ဒဏ်ရာရတဲ့သူလည်းများ တယ်လို့သိရတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော် တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook