Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဝိုင်းမော်တွင် တိုက်ပွဲများဆက်တိုက်ဖြစ်ခဲ့ပြီး စစ်ရေးတင်းမာနေဆဲဟု ဒေသခံပြော

စစ်ကောင်စီတပ်နှင့် ဦးရွှေမင်း ဦးဆောင်သည့် ဒူးလေးပါတီ(လီဆူ) ပြည်သူ့စစ် ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၀ရက်ကစပြီး KIA တပ်မဟာ(၅)၊ တပ်ရင်း(၃)နယ်မြေ ဝိုင်းမော်မြို့နယ် အတွင်း ရှိ ဒေသများသို့ ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

( KIA တပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-Sebastian Strangio)
( KIA တပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-Sebastian Strangio)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ အကြားတိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးလက်ရှိတွင်လည်းစစ်ရေးတင်းမာနေဆဲဖြစ်သည်ဟု ဒေသခံအချို့ကပြောသည်။

ယမန်နေ့ ဩဂုတ် ၄ရက် ညပိုင်းက ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရွာ အခြေစိုက်စစ်ကောင်စီတပ်ရင်း ခလရ(၃၂၁) တပ်ကို KIAနှင့် PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်က ပြည်သူ့စစ်များကို သင်တန်းပေးရန်စီစဉ်နေသည့်အပေါ် တိုက်ခိုက်ခြင်းဖြစ်ကြောင်းဒေသတွင်း သတင်းဌာန Kachinwaves က ဖော်ပြသည်။

ကချင်ဒေသခံတစ်ဦးကလည်းခလရ(၃၂၁)တပ်ရင်း၌ပစ်ခတ်သည့် သတင်းကို မကြားရသေးသော်လည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တပ်များ ပူးပေါင်းစစ်ရေးလှုပ်ရှားနေ၍ ဝိုင်းမော်၌ တိုက်ပွဲ ဆက်တိုက်ဖြစ်နေသည်ဟုပြောသည်။

Public Service Announcement
Public Service Announcement

“အခုက အဲဒီ ပတ်ဝန်းကျင်က တောက်လျှောက်ဖြစ်နေတာပေါ့။ ဦးရွှေမင်းရဲ့ဒူးလေးပြည်သူ့စစ်တွေနဲ့တပ်နဲ့ ပေါင်းပြီး လှုပ်ရှားတာပေါ့” ဟု ကချင်ဒေသခံကပြောသည်။

Public Service Announcement

Public Service Announcement

ဝိုင်းမော်မြို့နယ်ဒေသခံတစ်ဦးကလည်း “လွန်ခဲ့တဲ့ နှစ်ရက်သုံးရက်လောက်တော့ ဆဒုံးလမ်းတကြော ဘက်မှာတော့ ဖြစ်ခဲ့တာရှိတယ်။ အဲဒီဘက်မှာ လီဆူပြည်သူ့စစ်တွေရှိတယ်။ အဲဒီ ဆဒုံးလမ်းမှာရှိတဲ့ လီဆူပြည်သူ့စစ်ရဲ့ စခန်းတွေကို ဟိုဘက်က KIAတွေက လာတိုက်တာပေါ့။ လာတိုက်ပြီးတော့ အဲဒီ ရေတံခွန်ကနေ အောက်ဘက် ဝိုင်းမော် စုပေါင်းဂိတ် မရောက်ခင်အထိတော့ KIA တွေ တလျှောက်လုံးလောက် နေရာယူထားတယ်လို့ ပြောကြတယ်” ဟု ပြောကြားသည်။

စစ်ကောင်စီတပ်နှင့် ဦးရွှေမင်း ဦးဆောင်သည့် ဒူးလေးပါတီ(လီဆူ) ပြည်သူ့စစ် ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၀ရက်ကစပြီး KIA တပ်မဟာ(၅)၊ တပ်ရင်း(၃)နယ်မြေ ဝိုင်းမော်မြို့နယ် အတွင်း ရှိ ဒေသများသို့ ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။