Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းမော်တွင် တိုက်ပွဲများဆက်တိုက်ဖြစ်ခဲ့ပြီး စစ်ရေးတင်းမာနေဆဲဟု ဒေသခံပြော

စစ်ကောင်စီတပ်နှင့် ဦးရွှေမင်း ဦးဆောင်သည့် ဒူးလေးပါတီ(လီဆူ) ပြည်သူ့စစ် ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၀ရက်ကစပြီး KIA တပ်မဟာ(၅)၊ တပ်ရင်း(၃)နယ်မြေ ဝိုင်းမော်မြို့နယ် အတွင်း ရှိ ဒေသများသို့ ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

( KIA တပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-Sebastian Strangio)
( KIA တပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-Sebastian Strangio)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ အကြားတိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးလက်ရှိတွင်လည်းစစ်ရေးတင်းမာနေဆဲဖြစ်သည်ဟု ဒေသခံအချို့ကပြောသည်။

ယမန်နေ့ ဩဂုတ် ၄ရက် ညပိုင်းက ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရွာ အခြေစိုက်စစ်ကောင်စီတပ်ရင်း ခလရ(၃၂၁) တပ်ကို KIAနှင့် PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်က ပြည်သူ့စစ်များကို သင်တန်းပေးရန်စီစဉ်နေသည့်အပေါ် တိုက်ခိုက်ခြင်းဖြစ်ကြောင်းဒေသတွင်း သတင်းဌာန Kachinwaves က ဖော်ပြသည်။

ကချင်ဒေသခံတစ်ဦးကလည်းခလရ(၃၂၁)တပ်ရင်း၌ပစ်ခတ်သည့် သတင်းကို မကြားရသေးသော်လည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တပ်များ ပူးပေါင်းစစ်ရေးလှုပ်ရှားနေ၍ ဝိုင်းမော်၌ တိုက်ပွဲ ဆက်တိုက်ဖြစ်နေသည်ဟုပြောသည်။

Public Service Announcement
Public Service Announcement

“အခုက အဲဒီ ပတ်ဝန်းကျင်က တောက်လျှောက်ဖြစ်နေတာပေါ့။ ဦးရွှေမင်းရဲ့ဒူးလေးပြည်သူ့စစ်တွေနဲ့တပ်နဲ့ ပေါင်းပြီး လှုပ်ရှားတာပေါ့” ဟု ကချင်ဒေသခံကပြောသည်။

Public Service Announcement

Public Service Announcement

ဝိုင်းမော်မြို့နယ်ဒေသခံတစ်ဦးကလည်း “လွန်ခဲ့တဲ့ နှစ်ရက်သုံးရက်လောက်တော့ ဆဒုံးလမ်းတကြော ဘက်မှာတော့ ဖြစ်ခဲ့တာရှိတယ်။ အဲဒီဘက်မှာ လီဆူပြည်သူ့စစ်တွေရှိတယ်။ အဲဒီ ဆဒုံးလမ်းမှာရှိတဲ့ လီဆူပြည်သူ့စစ်ရဲ့ စခန်းတွေကို ဟိုဘက်က KIAတွေက လာတိုက်တာပေါ့။ လာတိုက်ပြီးတော့ အဲဒီ ရေတံခွန်ကနေ အောက်ဘက် ဝိုင်းမော် စုပေါင်းဂိတ် မရောက်ခင်အထိတော့ KIA တွေ တလျှောက်လုံးလောက် နေရာယူထားတယ်လို့ ပြောကြတယ်” ဟု ပြောကြားသည်။

စစ်ကောင်စီတပ်နှင့် ဦးရွှေမင်း ဦးဆောင်သည့် ဒူးလေးပါတီ(လီဆူ) ပြည်သူ့စစ် ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၀ရက်ကစပြီး KIA တပ်မဟာ(၅)၊ တပ်ရင်း(၃)နယ်မြေ ဝိုင်းမော်မြို့နယ် အတွင်း ရှိ ဒေသများသို့ ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။