Connect with us

Hi, what are you looking for?

သတင်း

MDY-PDF ရဲဘော်များ ပြည်သူ့ထောက်ပံ့မှုဖြင့် လစဉ်အိတ်ဆောင်ပိုက်ဆံ ရကြပြီ

MDY-PDF မှ ရဲဘော်များအတွက် ပြည်သူများမှ ပေးပို့လှူဒါန်းသော အလှူငွေများဖြင့် လစဉ်အိတ်ဆောင်ပိုက်ဆံများ ဝေငှပေးနိုင်ခဲ့သည်မှာ နှစ်လတိုင်တိုင်ရှိခဲ့ပါပြီဖြစ်ပြီး ရဲဘော်တစ်ဦးလျှင် တစ်သောင်းကျပ်နှုန်းဖြင့် ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

MDY-PDF ရဲဘော်များ ပြည်သူ့ထောက်ပံ့မှုဖြင့် လစဉ်အိတ်ဆောင်ပိုက်ဆံ ရကြပြီ
MDY-PDF ရဲဘော်များ ပြည်သူ့ထောက်ပံ့မှုဖြင့် လစဉ်အိတ်ဆောင်ပိုက်ဆံ ရကြပြီ

ပြည်သူလူထုထောက်ပံ့မှုမှတဆင့် တပ်ဖွဲ့ဝင်ရဲဘော်များထံ အိတ်ဆောင်ပိုက်ဆံ ထုတ်ပေးနိုင်ပြီဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေးတိုင်း (MDY-PDF)က ယနေ့(သြဂုတ် ၅)တွင် အသိပေးထုတ်ပြန်သည်။

MDY-PDF မှ ရဲဘော်များအတွက် ပြည်သူများမှ ပေးပို့လှူဒါန်းသော အလှူငွေများဖြင့် လစဉ်အိတ်ဆောင်ပိုက်ဆံများ ဝေငှပေးနိုင်ခဲ့သည်မှာ နှစ်လတိုင်တိုင်ရှိခဲ့ပါပြီဖြစ်ပြီး ရဲဘော်တစ်ဦးလျှင် တစ်သောင်းကျပ်နှုန်းဖြင့် ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

MDY-PDF ရဲဘော်များ ပြည်သူ့ထောက်ပံ့မှုဖြင့် လစဉ်အိတ်ဆောင်ပိုက်ဆံ ရကြပြီ
MDY-PDF ရဲဘော်များ ပြည်သူ့ထောက်ပံ့မှုဖြင့် လစဉ်အိတ်ဆောင်ပိုက်ဆံ ရကြပြီ

“ရဲဘော်များအားလုံးကို ဖြန့်ဝေပေးရခြင်းဖြစ်တဲ့အတွက် ငွေပမာဏ အရ နည်းပေမယ့် အဆိုပါ အိတ်ဆောင်ပိုက်ဆံများဟာ ပြည်သူလူထုကနေတဆင့် စီးဝင်လာတဲ့ငွေများဖြစ်တဲ့အတွက် ပြည်သူနှင့် PDF အကြား တော်လှန်ရေးဝတ်မှုံကူးခြင်းလည်း ဖြစ်ပါတယ်”ဟု MDY-PDF က ဖော်ပြသည်။

ပြည်သူများအနေဖြင့်လည်း မိမိတို့လှူဒါန်းလိုက်သော အလှူငွေများ PDF ရဲဘော်များထံ လက်ဝယ်လက် ရောက် ရောက်ရှိသွားသည်ကိုမြင်ရပြီး ပီတိဖြစ်နိုင်သလို PDF ရဲဘော်များအနေဖြင့်လည်း နောက်ကျောမှာ ပြည်သူလူထုတစ်ရပ်လုံးရှိသည်ဟု ခံစားရသည့်အတွက် အင်မတန်မှ စိတ်နွေးရသည်ဟုလည်းအသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

“ပြည်သူနှင့် PDF တော်လှန်ရေးဝတ်မှုံကူးလို့ အောင်ပွဲဆီသို့ ချီတက်ကြပါစို့ “ဟု MDY-PDF က တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။