ပြည်သူ့ကာကွယ်ရေးတပ်စခန်းများရှိရာနေရာများအား လမ်းပြလုပ်သူ စစ်တပ်ထွက်တစ်ဦးကို သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၂) Phoenix DF က ယနေ့(သြဂုတ် ၆)ထုတ်ပြန်သည်။
ယမန်နေ့(သြဂုတ် ၅)ည ၈ နာရီခန့်က နတ္တလင်းမြို့နယ်ပျဥ်းမခေါင်ကျေးရွာတွင်နေထိုင်သည့် စစ်ထွက် ကျော်ဝင်းဆိုသူကို သတိပေးချက်အားမလိုက်နာဘဲ စစ်ကောင် စီတပ်၏ လမ်းပြဆက်လုပ်နေသောကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
“သူက စစ်ထွက်ဆိုတော့ စကစ နဲ့တော့အရင်ကတည်းက အဆက်အသွယ်ရှိတယ်ခင်ဗျ။ အခုလည်းလမ်းပြတာတွေ သတင်းပေးတာတွေကို သူကိုယ်တိုင်လုပ်သလို သူ့ တပည့်တွေကို ခိုင်းတာမျိုးလည်းရှိတယ်”ဟု တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၂)မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ထွက်ကျော်ဝင်း၏ သတင်းပေးလမ်းပြလုပ်ဆောင်မှုကြောင့် PDF စခန်းအချို့၏ အထိုင်ချနေရာများကို စစ်ကောင်စီတပ်က သိရှိသွားပြီး စခန်းပြောင်းရွှေ့ရခြင်း၊ ရဲဘော်များ ရှောင်တိမ်းရခြင်းတို့ရှိခဲ့ပြီး ထိုသို့ စစ်တပ်အကျိုးပြုလုပ်ဆောင်နေခြင်းအား ရပ်တန်းကရပ်ရန် သတိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိခဲ့ဟု ၎င်းတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောသည်။

Public Service Announcement
ထို့အပြင် စစ်ကောင်စီတပ်၏ သတင်းပေးလမ်းပြလုပ်သူ ကျော်ဝင်းသည် စစ်ကောင်စီတပ်စစ်ကြောင်းအား ၎င်းနေထိုင်သည့်ကျေးရွာအနီး အထိုင်ချနေထိုင်စေပြီး သတင်းပေးခြင်းနှင့် လမ်းပြခြင်းတို့ကိုလုပ်ဆောင်ခဲ့သူဖြစ်ကြောင်းဖော်ပြသည်။
စစ်တပ်၏လမ်းပြလုပ်သူ ကျော်ဝင်း၏ တပည့်များအနေဖြင့်လည်း ယခုအချိန်မှစ၍ စစ်ကောင်စီတပ်အား လမ်း ပြလုပ်ခြင်း၊ သတင်းပေးခြင်းတို့ ဆက်လက်မပြုလုပ်ကြရန် ပြင်းပြင်းထန်ထန်သတိပေးလိုက်ကြောင်း ထုတ်ပြန်ထားသည်။
