Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုတွင် စစ်ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်မှု စစ်ကောင်စီတပ် ၉ဦးသေ၊ စစ်ကား တစ်စီးပျက်စီးဟု KNUထုတ်ပြန်

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းများကို ပူးပေါင်းတပ်ဖွဲ့က မကြာခဏ တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီးပျက်စီးပြီး စစ်ကောင် စီတပ်ဖွဲ့ဝင် ၉ဦးသေဆုံးခဲ့ကြောင်း KNUက ယနေ့ သတင်းထုတ်ပြန်သည်။

ဩဂုတ် ၂ရက်နံနက်ပိုင်းက ဘီးလင်းမှကျိုက်ထိုမြို့နယ် အတွင်း ကျူးကျော်ဝင်ရောက်လာသည့် စစ်ကား ၆ စီးပါ ယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် ပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ထို့နောက် စစ်ကောင်စီ တပ်များနှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား ၁၅မိနစ်ခန့် ပစ်ခတ်မှုဖြစ် ပွားခဲ့ကြောင်း၊ စစ်ကောင်စီယာဉ်တန်းမှ လမ်းဘေး ဝဲယာရှိနေအိမ်များကို ရမ်းသမ်းပစ်ခတ်ခဲ့၍ ဒေသခံနေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ ပစ်ခတ်မှုအတွင်းKNLA ပူးပေါင်းတပ်ဖွဲ့မှ တစ်ဦးကျဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ကြောင်း KNUက ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းများကို ပူးပေါင်းတပ်ဖွဲ့က မကြာခဏ တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

Facebook