Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုကို အမြန်ဆုံးစုံစမ်းမေးမြန်းကာ ထိရောက်သောဖိအားပေးရန် နိုင်ငံတကာကို NUCC တိုက်တွန်း

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားများအပေါ် သေဒဏ်စီရင်ခြင်းကို ဆန့်ကျင်သည့် ထောင်တွင်းအစာငတ်ခံဆန္ဒပြခြင်းများနှင့်ပတ်သက်၍ NUCC က ထုတ်ပြန်တိုက်တွန်းခဲ့ခြင်းဖြစ် သည်။

အင်းစိန်​ထောင်ကို Google Map.တွင်​တွေ့ရစဥ်
အင်းစိန်​ထောင်ကို Google Map.တွင်​တွေ့ရစဥ်

ထောင်တွင်းအစာငတ်ခံဆန္ဒပြသူများကို တရားလက်လွတ်သတ်ဖြတ်နိုင်မှုများ မပြုလုပ်နိုင်ရေး နိုင်ငံတကာက စစ်အုပ်စုကို အမြန်ဆုံးစုံစမ်းမေးမြန်းကာ ထိရောက်သောဖိအားပေးရန် အမျိုးသားညီညွတ် ရေးအတိုင်ပင်ခံကောင်စီ(NUCC)က တိုက်တွန်းလိုက်သည်။

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားများအပေါ် သေဒဏ်စီရင်ခြင်းကို ဆန့်ကျင်သည့် ထောင်တွင်းအစာငတ်ခံဆန္ဒပြခြင်းများနှင့်ပတ်သက်၍ NUCC က ထုတ်ပြန်တိုက်တွန်းခဲ့ခြင်းဖြစ် သည်။

လက်ရှိတွင် အင်းစိန်ထောင်နှင့် အိုးဘိုထောင်အပါအဝင် ထောင်အများစု၌ နိုင်ငံရေးအကျဉ်းသားများအပေါ် သေဒဏ်စီရင်နေခြင်းကို ဆန့်ကျင်သည့် အစာငတ်ခံဆန္ဒပြခြင်းများရှိနေပြီး အကြမ်း ဖက်စစ်အုပ်စုက အစာငတ်ခံဆန္ဒပြသည့် နိုင်ငံရေးအကျဉ်းသားများကို အကြမ်းဖက်ရိုက်နှက်ခြင်း၊ တိုက်ပိတ်ခြင်းများဆောင်ရွက်နေသည့်အတွက် အစာငတ်ခံဆန္ဒပြသူများ၏ အသက်အန္တရာယ်မှာ စိုးရိမ်ဖွယ်ရာဖြစ်နေကြောင်း NUCC က ထုတ်ပြန်သည်။

ထို့အတွက် အကြမ်းမဖက်ဆန္ဒပြခြင်းဖြစ်သည့် ထောင်တွင်း အစာငတ်ခံဆန္ဒပြလှုပ်ရှားမှုများနှင့် အတူ ဖက်ဒရယ်ဒီမိုကရေစီအရေး ဆောင်ရွက်နေသူများအပေါ် တရားလက်လွတ်သတ်ဖြတ်မှုများ မပြုလုပ်နိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းက စစ်အုပ်စုကို အမြန်ဆုံးစုံစမ်းမေးမြန်း၍ ထိရောက်သောဖိအားပေးမှုများလုပ်ဆောင်ပေးရန် အလေးအနက်တိုက်တွန်း သည်။

Public Service Announcement

Public Service Announcement

NUCC သည် နိုင်ငံရေးအကျဉ်းသားများအပေါ် သေဒဏ်စီရင်နေခြင်းကို ဆန့်ကျင်သည့် ရန်သူ့လက်အတွင်း(ထောင်တွင်း) အစာငတ်ခံဆန္ဒပြနေသော နိုင်ငံရေးအကျဉ်းသားအား လုံး၏ တော်လှန်ရေးယုံကြည်ချက်နှင့် စိတ်ပိုင်းဖြတ်မှုကို လေးစားဦးညွတ်ဂုဏ်ပြုကြောင်းလည်း ဖော်ပြသည်။

အိုးဖို​ထောင်ကို Google Map တွင်​တွေ့ရစဥ်
အိုးဖို​ထောင်ကို Google Map တွင်​တွေ့ရစဥ်

ထို့အပြင် ထောင်တွင်းတိုက်ပွဲများကို နည်းလမ်းပေါင်းစုံဖြင့် အားပေးဝန်းရံသွားမည်ဖြစ်ပြီး တိုင်းရင်းသားပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ အမြန်ဆုံးလွတ်မြောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အားသွန်ခွန်စိုက်ဆထက်ထမ်းပိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUCC က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook