Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်တွင် စစ်ကောင်စီတပ်နှင့်ပျူများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးမှု များဟုဆို

အဆိုပါ တိုက်ခိုက်မှုအား နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နတ်တောင်နဂါး တပ်ခွဲ(၂)ဇာမဏီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မဟူရာမြင်းရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။

စစ်အုပ်စုက သေဆုံးစစ်ကောင်စီတပ်သား အလောင်းများအားသယ်ဆောင်ပြီး သေဆုံးပျူများအား စွန့်ပစ်ထားခဲ့သည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ-နတ်တောင်နဂါး
စစ်အုပ်စုက သေဆုံးစစ်ကောင်စီတပ်သား အလောင်းများအားသယ်ဆောင်ပြီး သေဆုံးပျူများအား စွန့်ပစ်ထားခဲ့သည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ-နတ်တောင်နဂါး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်များ ရှေ့ထွက်မိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး အများအပြားသေဆုံးကြောင်း နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

သြဂုတ် ၅ ရက်က ရွှေဘိုမြို့နယ်၊ ပလိုင်းရွာမှ အကြမ်းဖက်စစ်ကောင်စီ တပ်သည် ဝက်လက်မြို့နယ်၊ မြင်းသည် ကျေးရွာဘက်သို့ ကားကြီး (၂)စီး၊ ကားအသေး(၁)စီး၊ဆိုင်ကယ် (၂)စီးတို့ဖြင့် စစ်ကြောင်း ထိုးလာခဲ့သည်။

၎င်းတို့အား တပ်ဖွဲ့က ကြိုတင်ပြင်ဆင်ထားသော ရှေထွက်မိုင်း(၁၈)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ စစ်ကောင်စီတပ်သား ၂၅ ဦးထက်မနည်း သေဆုံးကြောင်း နတ်တောင်နဂါး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း နီးစပ်သူများထံမှ သတင်းပေးပို့မှု ဖြင့်အတည်ပြုနိုင်ခဲ့သည်ဟု နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိ​ပေးသည်။

Public Service Announcement

Public Service Announcement

“​သေတာ ၂၅ကျော်ဆိုတာကတော့ သူတို့နဲ့နီးစပ်သူတွေကနေသတင်းပြန်ပို့လို့အတည်ပြုရတာပါ။ ပျူကတော့ ကျွန်​တော်တို့ကိုယ်တိုင် ပုံရိုက်ခဲ့တာပါ” ဟု နတ်​တောင်နဂါးမှ တာဝန်ရှိသူတစ်ဦးက​ပြောသည်၊

ထိုဖြစ်စဥ်တွင် အကြမ်းဖက်စစ်ကောင်စီနောက်လိုက်၊ တက်တူရွာသား ပျူစောထီး ခေါင်းဆောင်နှင့် ၎င်း၏သား၊ စောင်းတန်း ကျေးရွာနေ ပျူစောထီး၏ သားအပါအဝင် သုံးဦးတို့သည် နေရာ၌ပင် သေဆုံး၍ ပျူတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း နတ်တောင်နဂါးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ တိုက်ခိုက်မှုအား နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နတ်တောင်နဂါး တပ်ခွဲ(၂)ဇာမဏီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မဟူရာမြင်းရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များထိခိုက်မှုမရှိ​ကြောင်း အထက်ပါတာဝန်ရှိသူက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

Facebook