Connect with us

Hi, what are you looking for?

သတင်း

လူထုဆန့်ကျင်ရေးလုပ်ရပ်မှန်သမျှ ရှောင်ရှားရန် နှင့် ချမှတ်ပေးသည့် ဆုံးဖြတ်ချက်ကို စွမ်းစွမ်းတမံ လိုက်နာလုပ်ဆောင်ရန် KNLAက ကရင့်တော်လှန်ရေးခေါင်းဆောင်များ၊ ရဲဘော်များကို မှာကြား

အသက်ပေးလှူသွားကြသည့် ခေါင်းဆောင်များ၊ ရဲဘော်များ ၏ ကျေးဇူးတရားများကို သတိရ အောက်မေ့လျက် မပြီးဆုံးသေးသည့် တော်လှန်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ရဲရင့်ပြတ်သားစွာ ဆက်လက်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း သဝဏ်လွှာ၌ ပါရှိသည်။

(ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)မှ ရဲဘော်များအား တွေ့ရစဉ်)
(ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)မှ ရဲဘော်များအား တွေ့ရစဉ်)

▪️အသက်ပေးသွားသည့် ခေါင်းဆောင်၊ ရဲဘော်များ၏ ကျေဇူးကို သတိရလျက် တော်လှန်ရေးကို ရဲရင့် ပြတ်သားစွာ ဆက်လုပ်ရမည်ဟုဖော်ပြ

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံတပ်ဖွဲ့ဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က (၇၂)နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ရာ ကရင့်တော်လှန်ရေးခေါင်းဆောင်များ၊ ရဲဘော်များ အနေဖြင့် လူထုဆန့်ကျင်ရေး လုပ်ရပ်မှန်သမျှ ရှောင်ရှားကြရန် မှာကြားခဲ့သည်။

ကရင့်တော်လှန်ရေးသည် နှစ်ပေါင်း (၇၃)နှစ်တိုင်ရှိခဲ့ပြီး ကရင့်အာဇာနည်နေ့သည်လည်း နှစ်ပေါင်း ၇၂နှစ်တိုင် ရှိခဲ့ပြီဖြစ်သော်လည်း ကရင်တော် လှန်ရေးအပေါ် ပြည်သူလူထုမှ အားပေးထောက်ခံမှုများ ရှိနေဆဲဖြစ်ကြောင်း ဩဂုတ် ၁၂ရက် တွင် ကျရောက်သည့် ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

ထို့ကြောင့် ကရင့်တော်လှန်ရေးခေါင်းဆောင်များ ၊ ရဲဘော်များသည် လူထုဆန့်ကျင်ရေး လုပ်ရပ်မှန်သမျှကိုလည်း ရှောင်ရှားကြရမည်ဖြစ်ကြောင်း၊အာဇာနည်ခေါင်းဆောင်များ၏ ကျေးဇူးတရားများကို အောက်မေ့ သတိရလျက် မိမိတို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က ချမှတ်ပေးတဲ့ ဆုံးဖြတ်ချက် ၊ ပြဌာန်းချက်များနှင့် စည်းမျဉ်းစည်းကမ်းများကို စွမ်းစွမ်းတမံ လိုက်နာလုပ်ဆောင်သွားကြရန် ထပ်မံ အသိပေး မှာကြားလိုက်ကြော်း သဝဏ်လွှာ၌ ပါရှိသည်။

မိမိတို့ အသီးသီး ကိုယ်စီ ကိုယ်ငှ ထမ်းရွက်ရမည့် တာဝန်တွေရှိထားသည့် အလျောက် အထက်တာဝန်ရှိ ခေါင်းဆောင်များ၏ အစီအစဉ် ညွှန်ကြားချက်များကို စောင့်ကြည့်နားထောင်ပြီး ဥက္ကဋ္ဌ စောဘဦးကြီး နှင့်တကွ ခေါင်းဆောင် အဆက်ဆက် လက်ဆင့်ကမ်း ချပေးထားခဲ့သည့် မိမိတို့၏ လမ်းစဉ် လုပ်ငန်း စဉ်များအပေါ် မားမားမတ်မတ် ရပ်တည်ကြရန် ထပ်မံတိုက်တွန်းနှိုးဆော်ကြောင်း KNLAက ဆိုသည်။

Public Service Announcement

Public Service Announcement

အသက်ပေးလှူသွားကြသည့် ခေါင်းဆောင်များ၊ ရဲဘော်များ ၏ ကျေးဇူးတရားများကို သတိရ အောက်မေ့လျက် မပြီးဆုံးသေးသည့် တော်လှန်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ရဲရင့်ပြတ်သားစွာ ဆက်လက်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း သဝဏ်လွှာ၌ ပါရှိသည်။

ဥက္ကဋ္ဌ စောဘဦးကြီး ဖာပွန်ကွန်ဂရက်၌ နောက်ဆုံးမိန့်မှာခဲ့သည့် စကားများမှာ “ကရင့်တော်လှန်ရေးဟာ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ဖြစ်တယ်” ၊ “ကရင်တွေ ရန်ကုန်မှာသွားပြီး လည်စင်းမခံသရွေ့ကရင့်တော်လှန်ရေးဘယ်တော့မှ မရှုံးဘူး”၊ “လက်နက်ချ စကားအလျဉ်းမပြောရ”၊ “ကရင့်လက်နက် ကရင့်လက်ထဲရှိမည်”၊ “ကရင်ပြည်အသိအမှတ်ပြုမှု ပြီးပြည့်စုံရမည်” ၊ “ ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမည်” စသည်တို့ ဖြစ်ကြောင်းလည်း KNLAက ဖော်ပြသည်။

“ကျွန်တော်တို့ ခေါင်းဆောင် စောဘဦးကြီးနှင့်တကွ အာဇာနည်ပီပီ အသက်စွန့်ပေးလှူသွားကြတဲ့ ခေါင်းဆောင်များ၊ ရဲဘော်များ၊ ပြည်သူများရဲ့ ခရီးလမ်းဟာ မပြီးဆုံးသေးသလို ကျွန်တော်တို့ ပုခုံးပေါ်နှင့် လက်ထဲမှာ ကျရောက်လာသည့် တာဝန်တွေကို လက်ဆင့်ကမ်း သမိုင်းပေးတာဝန်အဖြစ် အနှစ် ၇၀ ကျော်တိုင် အနိုင်မခံ အရှုံးမပေးဘဲ ကျွန်ုပ်တို့ ဆက်လက်တိုက်ပွဲဝင်နေဆဲပဲ ဖြစ်ပါသည်” ဟု KNLA၏ သဝဏ်လွှာ၌ ပါရှိသည်။

အာဇာနည်အဖြစ် အသိအမှတ်ပြုခြင်းမခံခဲ့ရသော်လည်း မိမိတို့ ကရင့်တော်လှန်ရေး တွင် အသက်ပေး စွန့်လွှတ်ခဲ့ရသော ခေါင်းဆောင်များ ၊ရဲဘော်များနှင့် ပြည်သူလူထုများသည်လည်း ထောင်သောင်းမက ရှိခဲ့ပြီဖြစ်ပြီး ရှေ့ဆက်ပြီးလည်း မပြီးဆုံးသေးသည့် သမိုင်းပေးတာဝန်များကိုလည်း ဆက်လက် ထမ်း ရွက်ရန် အသိပေး တိုက်တွန်းလိုက်ကြောင်း KNLAက ကရင်အာဇာနည်နေ့ သို့ သဝဏ်လွှာပေးပို့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။