Connect with us

Hi, what are you looking for?

သတင်း

ဂေါဝန်ဆိပ်ကမ်းမှ ထွက်ခွာလာသည့် စစ်အုပ်စုသင်္ဘောများ ထီးချိုင့်မြို့နယ်အတွင်း စတင်ဝင်ရောက်

အထက်ပါ စစ်ကောင်စီသင်္ဘောများတွင်စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်သို့ ပို့မည့်လက်နက်၊ခဲယမ်းနှင့် ရိက္ခာများတင်ဆောင်ထားသောကြောင့် မြစ်ကြောင်းတစ်လျှောက် ပြည်သူ များက သတင်းပေးပို့ရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များက တောင်းဆိုထားသည်။

(ဂေါဝန်ဆိပ်ကမ်းမှထွက်လာသည့် စစ်အုပ်စု​၏ ရေယာဉ်တစ်စင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - Tigyaing Revolution-IR)
(ဂေါဝန်ဆိပ်ကမ်းမှထွက်လာသည့် စစ်အုပ်စု​၏ ရေယာဉ်တစ်စင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - Tigyaing Revolution-IR)

မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ ထွက်ခွာလာသည့် အကြမ်းဖက်စစ်ကောင်စီ သင်္ဘော(၆)စီးသည် သပိတ်ကျင်းမြို့နယ်ကို ယမန်နေ့က ဖြတ်ပြီးနောက် ထီးချိုင့်မြို့နယ်အတွင်း ရောက်ရှိလာပြီဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြောသည်။

“ထီးချိုင့်နယ်ထဲကို စဖြတ်လာပြီ။ ပြည်သူတွေနဲ့ညကင်းထောက်တွေ လှမ်းသတင်းပေးတယ်။ဒီ သင်္ဘောတွေက ဗန်းမော်အထိ ဆန်မယ်လို့ သတင်းရထားတယ်” ဟု ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်နက်၊ခဲယမ်းနှင့် ရိက္ခာများတင်ဆောင်ထားပြီး ပစ်ခတ်ရန် လက်နက်များအသင့်ပြင်ထားသည့် စစ်ကောင်စီ သင်္ဘော (၆)စီးသည် မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ သြဂုတ် ၈ရက်တွင် စတင်ထွက်ခွာလာ​ခြင်း ဖြစ်သည်။ယင်း သင်္ဘော ၆ စီးမှာ သံခွန်သင်္ဘောအသေးတစ်စီးနှင့်အတူ ပင်လုံ၊ပြည်သူ၊ပြဒါးရှင်၊ပတိုင်း၊ပုံညာဟု အမည်ပေး ထားသည်ဟု Tigyaing Revolution -TRက အသိပေးထားသည်။

သြဂုတ် ၉ ရက်တွင် သပိတ်ကျင်းနယ်ကို ဖြတ်ပြီးနောက် ယနေ့(သြဂုတ် ၁၀ရက်) တွင် ထီးချိုင့်မြို့နယ်ကို စတင်ဝင်ရောက်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

သင်္ဘောများ၏ အမိုးပေါ်တွင် စက်လက်များ၊အမြောက်များ ၊စနိုက်ပါများ တပ်ဆင်ထားကြောင်းနှင့် မြစ်ကမ်းဘေးပြည်သူများ ဂရုပြုနေထိုင်ကြရန် Tigyaing Revolution -TRက သတိပေးသည်။

အထက်ပါ စစ်ကောင်စီသင်္ဘောများတွင်စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်သို့ ပို့မည့်လက်နက်၊ခဲယမ်းနှင့် ရိက္ခာများတင်ဆောင်ထားသောကြောင့် မြစ်ကြောင်းတစ်လျှောက် ပြည်သူ များက သတင်းပေးပို့ရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များက တောင်းဆိုထားသည်။

ထီးချိုင့်မြို့နယ်ကို ယနေ့ဖြတ်ပြီးနောက် ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ်သို့ ဆက်လက်ဆန်တက်နိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယူဆထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်ပြီဆိုတဲ့ သတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူအချို့၊ မိတ်ဆွေအချို့ကပြောပါတယ်။