Connect with us

Hi, what are you looking for?

သတင်း

ရေဦး – ခင်ဦး လမ်းပိုင်းတွင် ယနေ့နံနက် စစ်ကောင်စီတပ် ပစ်ခတ်၍ ဒေသခံအမျိုးသမီးနှစ်ဦးကျည်ထိမှန်

ရေဦးမြို့တိုင်းရင်းဆေးရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တွင် ကားငါးစီးပါဝင်ပြီး ယနေ့နံနက် ၆ နာရီခွဲခန့်တွင် ခင်ဦးမြို့နယ်အတွင်း ဝင်ရောက်လာကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတိပေးထားသည်။

ရေဦး - ခင်ဦး လမ်းပိုင်းတွင် ယနေ့နံနက် စစ်ကောင်စီတပ် ပစ်ခတ်၍ ဒေသခံအမျိုးသမီးနှစ်ဦးကျည်ထိမှန်
ရေဦး - ခင်ဦး လမ်းပိုင်းတွင် ယနေ့နံနက် စစ်ကောင်စီတပ် ပစ်ခတ်၍ ဒေသခံအမျိုးသမီးနှစ်ဦးကျည်ထိမှန်

▪️ပြည်သူများ အသွားအလာဂရုစိုက်ကြရန် သတိပေး

ရေဦး – ခင်ဦး လမ်းပိုင်းတွင် ယနေ့ ခရီးသွားလာမှုများ ဂရုစိုက်ကြရန်နှင့် နံနက်အစောပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီတပ်က ပစ်ခတ်၍ ဒေသခံအမျိုးသမီးနှစ်ဦး သေနတ်ကျည်ထိမှန် ထားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

ရေဦးမြို့တိုင်းရင်းဆေးရုံတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့(သြဂုတ် ၁၃ရက်) နံနက် ၆နာရီဝန်းကျင်တွင် စစ်ကြောင်းစတင်ထိုးစဥ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရမ်းသမ်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

” မူးတိမ်ချောင်တံတားနားမှာ မိုင်းဆွဲခံရပြီး ရမ်းသမ်းပစ်တာ။ လယ်တောကို ဆင်းမယ့်အမျိုးသမီးနှစ်ယောက် သေနတ်ဒဏ်ရာရသွားတယ်။ အဲ့ဒီနှစ်ယောက်အခြေအနေကို ကျတော်တို့ မသိရသေးဘူးဖြစ်နေတယ်” ဟု ဒေသပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ရေဦးမြို့တိုင်းရင်းဆေးရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တွင် ကားငါးစီးပါဝင်ပြီး ယနေ့နံနက် ၆ နာရီခွဲခန့်တွင် ခင်ဦးမြို့နယ်အတွင်း ဝင်ရောက်လာကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ရေဦး-ခင်ဦးလမ်းတစ်လျှောက်တွင် ကင်းပုန်းချထား၍ ဒေသခံများ သတိပြုကြရန် သတိပေး ထားသည်။

ခင်ဦးမြို့နယ် မကျည်းအုပ်ကျေးရွာတွင် သြဂုတ် ၁၁ရက်ကလည်း စစ်ကောင်စီက ပစ်ခတ်၍ အမျိုးသမီးနှစ်ဦး သေနတ်ကျည်ထိမှန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှာ စစ်မှုထမ်းဖို့ အဓမ္မပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့လူငယ်တွေ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲကို စစ်တပ်က ဒီနေ့ညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ဒေသခံ၇ ဦးသေဆုံးခဲ့တယ်ပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။