Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်လာတန်ဖိုးစံချိန်တင်တက်​နေသဖြင့်ရပ်နားရန်စီစဥ်​သောလုပ်ငန်းပိုများလား

လက်ရှိ နိုင်ငံခြားမှ တင်သွင်းရသည့် စားအုန်းဆီအပါအဝင် လူသုံးကုန်ပစ္စည်းများကိုလည်း အကန့်အသတ်ဖြင့်ရောင်းခနိုင်​တော့သည်ဟု အခြားလုပ်ငန်းရှင်များကလည်း​ပြောသည်။

(​ကျပ်​ငွေတန်ဖိုး စံချိန်တင်ကျဆင်ူကာငွေတန်ဖိုးမငြိမ်သဖြင့် စီးပွား​ရေးလုပ်ငန်းများလည်ပတ်ရန် အခက်​တွေ့​နေကြသည်။ ။ဓါတ်ပုံ-GNLOM)
(​ကျပ်​ငွေတန်ဖိုး စံချိန်တင်ကျဆင်ူကာငွေတန်ဖိုးမငြိမ်သဖြင့် စီးပွား​ရေးလုပ်ငန်းများလည်ပတ်ရန် အခက်​တွေ့​နေကြသည်။ ။ဓါတ်ပုံ-GNLOM)

ဒေါ်လာတန်ဖိုးစံချိန်တင်တက်​နေပြီး ကျပ်​ငွေတန်ဖိုးစံချိန်တင်ကျဆင်း​ကာ ​ငွေ​တန်ဖိုးက​မောက်ကမဖြစ်​နေသဖြင့် ရပ်ဆိုင်းရန်စီစဥ်​နေ​သောသောလုပ်ငန်းများပိုများလာသည်ဟုစီးပွားရေးလုပ်ငန်းရှင်များက​ပြောသည်။

ပြည်တွင်း​ငွေ​ကြေးဈေးကွက်တွင် သြဂုတ် ၁၃ရက်​နေ့ ကတစ်ဒေါ်လာလျှင် ၂၉၃၀ ကျပ် မှ ကျပ် ၃၁၀၀ ကျပ်အထိစံချိန်ထပ်တင်လာသဖြင့် ​ဒေါ်လာဖြင့်ချိတ်ဆက်ရောင်းဝယ်ရသည့်စီးပွား​ရေးလုပ်ငန်းများလည်း ရပ်ဆိုင်းသွားခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်များက​ပြောသည်။သြဂုတ်၁၃ ရက်

က ရွှေ​ဈေးမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ပြင်ပဈေးကွက်၌ ကျပ် ၂၈ သိန်းခွဲအထိဈေးတက်လာသည်။

“နိုင်ငံခြားက ဒေါ်လာနဲ့ သွင်းရတဲ့ ကွန်ပျူတာတို့ ၊လျှပ်စစ်ပစ္စည်းတွေကို ခဏအရောင်းရပ်ထားရတယ်၊ ဒေါ်လာဈေးမငြိမ်တော့ ဘာဆက်လုပ်ရမှန်းမသိဘူး”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိ နိုင်ငံခြားမှ တင်သွင်းရသည့် စားအုန်းဆီအပါအဝင် လူသုံးကုန်ပစ္စည်းများကိုလည်း အကန့်အသတ်ဖြင့်ရောင်းခနိုင်​တော့သည်ဟု အခြားလုပ်ငန်းရှင်များကလည်း​ပြောသည်။

စစ်အုပ်စု အာဏာသိမ်းပြီး​နောက်ပိုင်း ပြည်ပရင်းနှီးမြှပ်နှံမှု ​လျော့ကျခြင်း၊ ​ဒေါ်လာတန်ဖိုးကိုစစ်တပ်ကထိန်းချုပ်ရန် ကြိုးစားရာမှအ​ခြေအ​နေပိုဆိုးကာ က​မောက်ကမဖြစ်​နေခြင်း၊မီးပျက်ပြီး စက်သုံးဆီ​ဈေးနှုန်းများကြီးမားခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊လာဘ်​ပေးလာတ်ယူပြသာနာကြီးမားလာခြင်း ၊စစ်​ကောင်စီ၏ တလွဲစီမံမှုများ​ကြောင့် နိုင်ငံစီးပွား​ရေးအလျင်အမြန် ယိုယွင်း​လာခြင်းစသည့်ပြသာနာများကြောင့် လုပ်ငန်းများမလည်ပါတ်နိုင်၍ စာရင်းရှင်းဖြတ်သိမ်းခြင်း ၊ ​ကုမ္ပဏီဖျက်သိမ်းခြင်း၊လူမွဲစာရင်းခံယူမှုယခုလပိုင်းအတွင်းပိုများလာ​သောအ​ခြေအ​နေတွင် ကျပ်​ငွေတန်ဖိုး စံချိန်တင်​ဖောင်းပွ​နေလာ​သဖြင့် လုပ်ငန်းများရပ်ဆိုင်းရန် စီစဥ်​နေ​သော လုပ်ငန်းများပိုများလာခြင်းဖြစ်သည်။

“ဝယ်လိုအား၊ ရောင်းလိုအား၊ ကျပ်ငွေတန်ဖိုးနဲ့ နိုင်ငံရေးအခြေအနေကို မကြည့်ဘဲ ဒေါ်လာဈေးတက်အောင်လုပ်နေတယ်လို့ သူတို့(စစ်ကောင်စီ)ဘက်က ထင်နေတယ်။ အမှန်က သူတို့ ကျပ်ငွေတွေကို မတရားလှိမ့်ရိုက်ထုတ်နေလို့ အခုလိုဖြစ်နေတာ”ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

​​ဒေါ်လာတန်ဖိုးတက်ပြီး ကျပ်​ငွေစံချိန်တင်​ဖောင်းပွ​နေသဖြင့်ပြည်ပပို့ကုန် ပဲမျိုးစုံ​ဈေးများတက်​နေ​သော်လည်း ​ရောင်းပြီး ​ကျပ်ငွေကိုင်ထားလျှင် တန်ဖိုးဆက်ကျ​နေသဖြင့်အရှုံး​ပေါ်နိုင်သလို ၊ ​ရွှေ၊​ဒေါ်လာ၊​မြေ​ဈေးများမှာလည်းတက်​နေ၍ဝယ်ယူရန်မရဲဘဲဘာလုပ်ရမည်မသိ​ကြောင်းပဲအရောင်းအဝယ်လုပ်​နေသူတစ်ဦးကလည်း​ပြောသည်။

“အခုကဘာလုပ်ရမှန်းကိုမသိ​တော့ဘူး။​ရှေ့ဘာဖြစ်မယ်မှန်းလည်း ဘယ်သူမှမသိ​တော့ဘူး” ဟု ပဲကုန်သည်တစ်ဦးကလည်း ငြီးညူသည်။

စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးကလည်း ဆီခွဲတမ်းမရ​တော့ဘဲ ဆီရှားပါး​နေချိန်တွင် စစ်​ကောင်စီက ​ဒေါ်လာကိုရသ​လောက်သိမ်းပြီး စက်သုံးဆီတင်သွင်းသူများကို​ရောင်းမ​ပေး​တော့သဖြင့် ​ဒေါ်လာကို ကိုယ့်အစီအစဥ်ဖြင့်ဝယ်ယူလျှင်လည်း ​မနက်နှင့် ည​ဈေးပါ ခန့်မှန်းမရ​အောင်တက်​နေသဖြင့်၊ စစ်​ကောင်စီက စက်သုံးဆီ​ရောင်း​ရ​ငွေကို လီတာအလိုက်အခွန်​​ကောက်ရန်ပြင်ဆင်​နေ​သော​ကြောင့် အရှုံးခံ၍ ဆီမ​ရောင်းနိုင်သဖြင့် ​ရောင်းချမှုကို ​ခေတ္တရပ်ထား​ကြောင်း ​​ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(ကိုဗစ်ချေးငွေ)ဟူသောအကြောင်းပြချက်ဖြင့် ကျပ်ငွေ ဘီလီယံ ၄၀၀ကို ထပ်မံရိုက်နှိပ်၍ စစ်​ကောင်စီဝန်ကြီးဌာနများနှင့် တိုင်း၊ပြည်နယ်ရှိစစ်​ကောင်စီဝန်ကြီးဌာနများကို ​​​ပေးအပ်ပြီးဈေးကွက်အတွင်းဖြန့်ချီရန်ဆိုကာကျပ်ငွေဘီလီယံ ၃၃၀ကို သြဂုတ် ၁၂ ရက်တွင်လွှဲ​ပြောင်းပေးအပ်​ကြောင်း သတင်းထုတ်ပြန်သည်။ စံချိန်တင်ကျပ်​ငွေတန်ဖိုး​ဖောင်းပွ​နေချိန်တွင်စစ်​ကောင်စီကဘီလီယံရာနှင့်ချီ ထပ်မံရိုက်နှိပ်မှုအ​ပေါ် ပြည်သူများ အံအားသင့်ခဲ့ရပြီးထိုသတင်း​ကြောင့် သြဂုတ် ၁၃ ရက်တွင်ကျပ်​ငွေတန်ဖိုးကျဆင်းမှုပိုမြန်ခဲ့သည်။

ဒေါ်လာနှင့်ရွှေ​ဈေးမှာစံချိန်တင်တက်​နေ​သော်လည်းဝယ်လိုအားများ​နေ​ကြောင်းငွေလဲလုပ်ငန်းဆောင်ရွက်နေသူများနှင့် ရွှေလုပ်ငန်းရှင်များကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတဝှမ်းမှာရှိတဲ့ PDF တပ်ရင်း နဲ့ စစ်ကြောင်း ၃၀၀ ခန့်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ထောက်ပံ့မှုတွေပြုလုပ်ခဲ့တာလို့သိရပါတယ်။ ဒီ​ထောက်ပံ့မှုဟာ ရိက္ခာနဲ့ အ​ထွေ​ထွေ အသုံးစာရိတ်​တွေအတွက်သာဖြစ်တယ်လို့သိရပါတယ်။

သတင်း

နွေဦးဘဏ်ဖွင့်လှစ်ခြင်းသည် စစ်ကောင်စီထံစီးဝင်နေသည့် နိုင်ငံခြားငွေကြေးများကို ဟန့်တားနိုင်ရန်နှင့် တော်လှန်ရေးရန်ပုံငွေထောက်ပံ့ပေးနိုင်ရန်ဖြစ်ပြီး စစ်ကောင်စီကို ဘဏ္ဍာ​ရေးအရတိုက်စစ်ဖွင့်လှစ်ခြင်းဖြစ်သညဟု NUGကဆိုသည်။

သတင်း

ခွင့်ပြုချက်/လိုင်စင်မရှိဘဲ နိုင်ငံခြားငွေကိုင်ဆောင်ထားပါက နိုင်ငံခြားသုံငွေစီမံခန့်ခွဲဥပဒေအရ ထောင်ဒဏ် ၃နှစ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးကိုဖြစ်​​စေ ချမှတ်မည်ဟု စစ်ကောင်စီဗဟိုဘဏ်က ခြိမ်းခြောက်ထားခြင်းသည်။

သတင်း

ညွှန်ကြားချက်ကိုမလိုက်နာလို့ နိုင်ငံခြားငွေ လက်ထဲတွေ့ရင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနဲ့အရေးယူမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပါတယ်။