Connect with us

Hi, what are you looking for?

သတင်း

ဒေါ်လာတန်ဖိုးစံချိန်တင်တက်​နေသဖြင့်ရပ်နားရန်စီစဥ်​သောလုပ်ငန်းပိုများလား

လက်ရှိ နိုင်ငံခြားမှ တင်သွင်းရသည့် စားအုန်းဆီအပါအဝင် လူသုံးကုန်ပစ္စည်းများကိုလည်း အကန့်အသတ်ဖြင့်ရောင်းခနိုင်​တော့သည်ဟု အခြားလုပ်ငန်းရှင်များကလည်း​ပြောသည်။

(​ကျပ်​ငွေတန်ဖိုး စံချိန်တင်ကျဆင်ူကာငွေတန်ဖိုးမငြိမ်သဖြင့် စီးပွား​ရေးလုပ်ငန်းများလည်ပတ်ရန် အခက်​တွေ့​နေကြသည်။ ။ဓါတ်ပုံ-GNLOM)
(​ကျပ်​ငွေတန်ဖိုး စံချိန်တင်ကျဆင်ူကာငွေတန်ဖိုးမငြိမ်သဖြင့် စီးပွား​ရေးလုပ်ငန်းများလည်ပတ်ရန် အခက်​တွေ့​နေကြသည်။ ။ဓါတ်ပုံ-GNLOM)

ဒေါ်လာတန်ဖိုးစံချိန်တင်တက်​နေပြီး ကျပ်​ငွေတန်ဖိုးစံချိန်တင်ကျဆင်း​ကာ ​ငွေ​တန်ဖိုးက​မောက်ကမဖြစ်​နေသဖြင့် ရပ်ဆိုင်းရန်စီစဥ်​နေ​သောသောလုပ်ငန်းများပိုများလာသည်ဟုစီးပွားရေးလုပ်ငန်းရှင်များက​ပြောသည်။

ပြည်တွင်း​ငွေ​ကြေးဈေးကွက်တွင် သြဂုတ် ၁၃ရက်​နေ့ ကတစ်ဒေါ်လာလျှင် ၂၉၃၀ ကျပ် မှ ကျပ် ၃၁၀၀ ကျပ်အထိစံချိန်ထပ်တင်လာသဖြင့် ​ဒေါ်လာဖြင့်ချိတ်ဆက်ရောင်းဝယ်ရသည့်စီးပွား​ရေးလုပ်ငန်းများလည်း ရပ်ဆိုင်းသွားခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်များက​ပြောသည်။သြဂုတ်၁၃ ရက်

က ရွှေ​ဈေးမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ပြင်ပဈေးကွက်၌ ကျပ် ၂၈ သိန်းခွဲအထိဈေးတက်လာသည်။

“နိုင်ငံခြားက ဒေါ်လာနဲ့ သွင်းရတဲ့ ကွန်ပျူတာတို့ ၊လျှပ်စစ်ပစ္စည်းတွေကို ခဏအရောင်းရပ်ထားရတယ်၊ ဒေါ်လာဈေးမငြိမ်တော့ ဘာဆက်လုပ်ရမှန်းမသိဘူး”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိ နိုင်ငံခြားမှ တင်သွင်းရသည့် စားအုန်းဆီအပါအဝင် လူသုံးကုန်ပစ္စည်းများကိုလည်း အကန့်အသတ်ဖြင့်ရောင်းခနိုင်​တော့သည်ဟု အခြားလုပ်ငန်းရှင်များကလည်း​ပြောသည်။

စစ်အုပ်စု အာဏာသိမ်းပြီး​နောက်ပိုင်း ပြည်ပရင်းနှီးမြှပ်နှံမှု ​လျော့ကျခြင်း၊ ​ဒေါ်လာတန်ဖိုးကိုစစ်တပ်ကထိန်းချုပ်ရန် ကြိုးစားရာမှအ​ခြေအ​နေပိုဆိုးကာ က​မောက်ကမဖြစ်​နေခြင်း၊မီးပျက်ပြီး စက်သုံးဆီ​ဈေးနှုန်းများကြီးမားခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊လာဘ်​ပေးလာတ်ယူပြသာနာကြီးမားလာခြင်း ၊စစ်​ကောင်စီ၏ တလွဲစီမံမှုများ​ကြောင့် နိုင်ငံစီးပွား​ရေးအလျင်အမြန် ယိုယွင်း​လာခြင်းစသည့်ပြသာနာများကြောင့် လုပ်ငန်းများမလည်ပါတ်နိုင်၍ စာရင်းရှင်းဖြတ်သိမ်းခြင်း ၊ ​ကုမ္ပဏီဖျက်သိမ်းခြင်း၊လူမွဲစာရင်းခံယူမှုယခုလပိုင်းအတွင်းပိုများလာ​သောအ​ခြေအ​နေတွင် ကျပ်​ငွေတန်ဖိုး စံချိန်တင်​ဖောင်းပွ​နေလာ​သဖြင့် လုပ်ငန်းများရပ်ဆိုင်းရန် စီစဥ်​နေ​သော လုပ်ငန်းများပိုများလာခြင်းဖြစ်သည်။

“ဝယ်လိုအား၊ ရောင်းလိုအား၊ ကျပ်ငွေတန်ဖိုးနဲ့ နိုင်ငံရေးအခြေအနေကို မကြည့်ဘဲ ဒေါ်လာဈေးတက်အောင်လုပ်နေတယ်လို့ သူတို့(စစ်ကောင်စီ)ဘက်က ထင်နေတယ်။ အမှန်က သူတို့ ကျပ်ငွေတွေကို မတရားလှိမ့်ရိုက်ထုတ်နေလို့ အခုလိုဖြစ်နေတာ”ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

​​ဒေါ်လာတန်ဖိုးတက်ပြီး ကျပ်​ငွေစံချိန်တင်​ဖောင်းပွ​နေသဖြင့်ပြည်ပပို့ကုန် ပဲမျိုးစုံ​ဈေးများတက်​နေ​သော်လည်း ​ရောင်းပြီး ​ကျပ်ငွေကိုင်ထားလျှင် တန်ဖိုးဆက်ကျ​နေသဖြင့်အရှုံး​ပေါ်နိုင်သလို ၊ ​ရွှေ၊​ဒေါ်လာ၊​မြေ​ဈေးများမှာလည်းတက်​နေ၍ဝယ်ယူရန်မရဲဘဲဘာလုပ်ရမည်မသိ​ကြောင်းပဲအရောင်းအဝယ်လုပ်​နေသူတစ်ဦးကလည်း​ပြောသည်။

“အခုကဘာလုပ်ရမှန်းကိုမသိ​တော့ဘူး။​ရှေ့ဘာဖြစ်မယ်မှန်းလည်း ဘယ်သူမှမသိ​တော့ဘူး” ဟု ပဲကုန်သည်တစ်ဦးကလည်း ငြီးညူသည်။

စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးကလည်း ဆီခွဲတမ်းမရ​တော့ဘဲ ဆီရှားပါး​နေချိန်တွင် စစ်​ကောင်စီက ​ဒေါ်လာကိုရသ​လောက်သိမ်းပြီး စက်သုံးဆီတင်သွင်းသူများကို​ရောင်းမ​ပေး​တော့သဖြင့် ​ဒေါ်လာကို ကိုယ့်အစီအစဥ်ဖြင့်ဝယ်ယူလျှင်လည်း ​မနက်နှင့် ည​ဈေးပါ ခန့်မှန်းမရ​အောင်တက်​နေသဖြင့်၊ စစ်​ကောင်စီက စက်သုံးဆီ​ရောင်း​ရ​ငွေကို လီတာအလိုက်အခွန်​​ကောက်ရန်ပြင်ဆင်​နေ​သော​ကြောင့် အရှုံးခံ၍ ဆီမ​ရောင်းနိုင်သဖြင့် ​ရောင်းချမှုကို ​ခေတ္တရပ်ထား​ကြောင်း ​​ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(ကိုဗစ်ချေးငွေ)ဟူသောအကြောင်းပြချက်ဖြင့် ကျပ်ငွေ ဘီလီယံ ၄၀၀ကို ထပ်မံရိုက်နှိပ်၍ စစ်​ကောင်စီဝန်ကြီးဌာနများနှင့် တိုင်း၊ပြည်နယ်ရှိစစ်​ကောင်စီဝန်ကြီးဌာနများကို ​​​ပေးအပ်ပြီးဈေးကွက်အတွင်းဖြန့်ချီရန်ဆိုကာကျပ်ငွေဘီလီယံ ၃၃၀ကို သြဂုတ် ၁၂ ရက်တွင်လွှဲ​ပြောင်းပေးအပ်​ကြောင်း သတင်းထုတ်ပြန်သည်။ စံချိန်တင်ကျပ်​ငွေတန်ဖိုး​ဖောင်းပွ​နေချိန်တွင်စစ်​ကောင်စီကဘီလီယံရာနှင့်ချီ ထပ်မံရိုက်နှိပ်မှုအ​ပေါ် ပြည်သူများ အံအားသင့်ခဲ့ရပြီးထိုသတင်း​ကြောင့် သြဂုတ် ၁၃ ရက်တွင်ကျပ်​ငွေတန်ဖိုးကျဆင်းမှုပိုမြန်ခဲ့သည်။

ဒေါ်လာနှင့်ရွှေ​ဈေးမှာစံချိန်တင်တက်​နေ​သော်လည်းဝယ်လိုအားများ​နေ​ကြောင်းငွေလဲလုပ်ငန်းဆောင်ရွက်နေသူများနှင့် ရွှေလုပ်ငန်းရှင်များကပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။

သတင်း

ပြည်တွင်း စက်သုံးဆီတစ်လီတာကျပ်၁၀၀ကျော်စျေးခုန်တက်ပြီးရွှေစျေးလည်းတစ်ကျပ်သား သိန်း ၈၀ ကျော်နေဆဲဖြစ်သည်။

သတင်း

ပြည်တွင်း ရွှေ နှင့် ဒေါ်လာ စျေးဆက်တက်နေပြီး စက်သုံးဆီစျေးပါ လိုက်ပါမြင့်တက်လာကြောင်း သတင်းရရှိသည်။