Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်လာတန်ဖိုးစံချိန်တင်တက်​နေသဖြင့်ရပ်နားရန်စီစဥ်​သောလုပ်ငန်းပိုများလား

“နိုင်ငံခြားက ဒေါ်လာနဲ့ သွင်းရတဲ့ ကွန်ပျူတာတို့ ၊လျှပ်စစ်ပစ္စည်းတွေကို ခဏအရောင်းရပ်ထားရတယ်၊ ဒေါ်လာဈေးမငြိမ်တော့ ဘာဆက်လုပ်ရမှန်းမသိဘူး”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

(​ကျပ်​ငွေတန်ဖိုး စံချိန်တင်ကျဆင်ူကာငွေတန်ဖိုးမငြိမ်သဖြင့် စီးပွား​ရေးလုပ်ငန်းများလည်ပတ်ရန် အခက်​တွေ့​နေကြသည်။ ဓါတ်ပုံ-GNLOM)
(​ကျပ်​ငွေတန်ဖိုး စံချိန်တင်ကျဆင်ူကာငွေတန်ဖိုးမငြိမ်သဖြင့် စီးပွား​ရေးလုပ်ငန်းများလည်ပတ်ရန် အခက်​တွေ့​နေကြသည်။ ဓါတ်ပုံ-GNLOM)

●ယ​နေ့ဒေါ်လာ​ဈေး ၂၉၃၀ကျပ်မှ ၃၁၀၀ ကျပ်အတွင်း​ပေါက်ပြီး ရွှေ​ဈေး ၂၈ သိန်းခွဲ​ကျော်

ဒေါ်လာတန်ဖိုးစံချိန်တင်တက်​နေပြီး ကျပ်​ငွေတန်ဖိုးစံချိန်တင်ကျဆင်း​ကာ ​ငွေ​တန်ဖိုးက​မောက်ကမဖြစ်​နေသဖြင့် ရပ်ဆိုင်းရန်စီစဥ်​နေ​သောသောလုပ်ငန်းများပိုများလာသည်ဟုစီးပွားရေးလုပ်ငန်းရှင်များက​ပြောသည်။

ပြည်တွင်း​ငွေ​ကြေးဈေးကွက်တွင် ယ​နေ့( သြဂုတ် ၁၃)ကတစ်ဒေါ်လာလျှင် ၂၉၃၀ ကျပ် မှ ကျပ် ၃၁၀၀ ကျပ်အထိစံချိန်ထပ်တင်လာသဖြင့် ​ဒေါ်လာဖြင့်ချိတ်ဆက်ရောင်းဝယ်ရသည့်လုပ်ငန်းများလည်း ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။ ယ​နေ့​ရွှေ​ဈေးမှာလည်း အခေါက်ရွှေတစ်ကျပ်သားလျှင် ပြင်ပဈေးကွက်၌ ကျပ်၂၈ သိန်းခွဲအထိဈေးတက်လာသည်။

“နိုင်ငံခြားက ဒေါ်လာနဲ့ သွင်းရတဲ့ ကွန်ပျူတာတို့ ၊လျှပ်စစ်ပစ္စည်းတွေကို ခဏအရောင်းရပ်ထားရတယ်၊ ဒေါ်လာဈေးမငြိမ်တော့ ဘာဆက်လုပ်ရမှန်းမသိဘူး”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

လက်ရှိ နိုင်ငံခြားမှ တင်သွင်းရသည့် စားအုန်းဆီအပါအဝင် လူသုံးကုန်ပစ္စည်းများကိုလည်း အကန့်အသတ်ဖြင့်ရောင်းချနိုင်​တော့သည်ဟု အခြားလုပ်ငန်းရှင်များကလည်း​ပြောသည်။

Public Service Announcement

Public Service Announcement

စစ်အုပ်စု အာဏာသိမ်းပြီး​နောက်ပိုင်း ပြည်ပရင်းနှီးမြှပ်နှံမှု ​လျော့ကျခြင်း၊ ​ဒေါ်လာတန်ဖိုးကိုစစ်တပ်ကထိန်းချုပ်ရန် ကြိုးစားရာမှအ​ခြေအ​နေပိုဆိုးကာ က​မောက်ကမဖြစ်ခြင်း၊မီးပျက်ပြီး စက်သုံးဆီ​ဈေးနှုန်းများကြီးမားခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊လာဘ်​ပေးလာတ်ယူပြသာနာကြီးမားလာခြင်း ၊စစ်​ကောင်စီ၏ တလွဲစီမံမှုများ​ကြောင့် နိုင်ငံစီးပွား​ရေးအလျင်အမြန် ယိုယွင်း​လာခြင်းစသည့်ပြသာနာတို့​ကြောင့် လုပ်ငန်းများမလည်ပါတ်နိုင်၍ စာရင်းရှင်းဖြတ်သိမ်းခြင်း ၊ ​ကုမ္ပဏီဖိက်သိမ်းခြင်း၊လူမွဲစာရင်းခံယူမှုယခုလပိုင်းအတွင်းပိုများလာ​သောအ​ခြေအ​နေတွင် ကျပ်​ငွေတန်ဖိုး စံချိန်တင်​ဖောင်းပွ​နေပြီး က​မောက်ကမဖြစ်လာ​သဖြင့် လုပ်ငန်းများရပ်ဆိုင်းရန် စီစဥ်​နေ​သော လုပ်ငန်းများပိုများလာခြင်းဖြစ်သည်။

“ဝယ်လိုအား၊ ရောင်းလိုအား၊ ကျပ်ငွေတန်ဖိုးနဲ့ နိုင်ငံရေးအခြေအနေကို မကြည့်ဘဲ ဒေါ်လာဈေးတက်အောင်လုပ်နေတယ်လို့ သူတို့(စစ်ကောင်စီ)ဘက်က ထင်နေတယ်။ အမှန်က သူတို့ ကျပ်ငွေတွေကို မတရားလှိမ့်ရိုက်ထုတ်နေလို့ အခုလိုဖြစ်နေတာ”ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

​​ဒေါ်လာတန်ဖိုးတက်ပြီး ကျပ်​ငွေစံချိန်တင်​ဖောင်းပွ​နေသဖြင့်ပြည်ပပို့ကုန် ပဲမျိုးစုံ​ဈေးများတက်​နေ​သော်လည်း ​ရောင်းပြီး ​ကျပ်ငွေကိုင်ထားလျှင် တန်ဖိုးဆက်ကျ​နေသဖြင့်အရှုံး​ပေါ်နိုင်သလို ၊ ​ရွှေ၊​ဒေါ်လာ၊​မြေ​ဈေးများမှာလည်းတက်​နေ၍ ဝယ်ယူရန် မရဲဘဲ ဘာလုပ်ရမည်မသိ​ကြောင်း ပဲအ​ရောင်းအဝယ်လုပ်​နေသူတစ်ဦးကလည်း​ပြောသည်။

“အခုကဘာလုပ်ရမှန်းကိုမသိ​တော့ဘူး။​ရှေ့ဘာဖြစ်မယ်မှန်းလည်း ဘယ်သူမှမသိ​တော့ဘူး” ဟု ပဲအ​ရောင်းအဝယ်လုပ်ကိုင်​နေသူတစ်ဦးကလည်း ငြီးညူသည်။

စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးကလည်း ဆီခွဲတမ်းမရ​တော့ဘဲ ဆီရှားပါး​နေချိန်တွင် စစ်​ကောင်စီက ​ဒေါ်လာကိုရသ​လောက်သိမ်းပြီး စက်သုံးဆီတင်သွင်းသူများကို​ရောင်းမ​ပေး​တော့သဖြင့် ​ဒေါ်လာကို ကိုယ့်အစီအစဥ်ဖြင့်ဝယ်ယူလျှင်လည်း ​မနက်နှင့် ည​ဈေးပါ ခန့်မှန်းမရ​အောင်တက်​နေသဖြင့်၊ စစ်​ကောင်စီက စက်သုံးဆီ​ရောင်း​ရ​ငွေကို လီတာအလိုက်အခွန်​​ကောက်ရန်ပြင်ဆင်​နေ​သော​ကြောင့် အရှုံးခံ၍ ဆီမ​ရောင်းနိုင်သဖြင့် ​ရောင်းချမှုကို ​ခေတ္တရပ်ထား​ကြောင်း ​​ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(ကိုဗစ်ချေးငွေ)ဟူသောအကြောင်းပြချက်ဖြင့် ကျပ်ငွေ ဘီလီယံ ၄၀၀ကို ထပ်မံရိုက်နှိပ်၍ စစ်​ကောင်စီဝန်ကြီးဌာနများနှင့် တိုင်း၊ပြည်နယ်များမှ စစ်​ကောင်စီဌာနများကို ​​​ပေးအပ်ပြီးဈေးကွက်အတွင်းဖြန့်ချီရန်ဆိုကာကျပ်ငွေဘီလီယံ ၃၃၀ကို သြဂုတ် ၁၂ ရက်တွင်လွှဲ​ပြောင်းပေးအပ်​ကြောင်း သတင်းထုတ်ပြန်သည်။ စံချိန်တင်ကျပ်​ငွေတန်ဖိုး​ဖောင်းပွ​နေချိန်တွင်စစ်​ကောင်စီကဘီလီယံရာနှင့်ချီ ထပ်မံရိုက်နှိပ်မှုအ​ပေါ် ပြည်သူများ အံအားသင့်ခဲ့ရပြီးထိုသတင်း​ကြောင့် ယ​​နေ့ကျပ်​ငွေတန်ဖိုးကျဆင်းမှု ပိုမြန်ခဲ့သည်။

ဒေါ်လာနှင့်ရွှေ​ဈေးမှာစံချိန်တင်တက်​နေ​သော်လည်းဝယ်လိုအားများ​နေ​ကြောင်းငွေလဲလုပ်ငန်းဆောင်ရွက်နေသူများနှင့် ရွှေလုပ်ငန်းရှင်များကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေရောင်းဝယ်မည့်သူများသည် စစ်ကောင်စီကထုတ်ပေးသည့် စမတ်ကတ်နှင့် ထောက်ခံစာတင်ပြရမည်ဟု စစ်ကောင်စီက ရွှေဆိုင်များကို ကန့်သတ်ထား​ကြောင်း ရွှေဆိုင်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

နိုင်ငံတကာ

အမေရိကန်ရဲ့ GPDက ဒေါ်လာ ၂၅.၅ ထရီလီယံ ဝန်းကျင်နဲ့ တရုတ်ကတော့ ၁၈ ထရီလီယံ ဝန်းကျင်လောက်စီ အသီးသီး ရှိကြမယ်လို့လည်း စျေးကွက် လေ့လာသူတွေက ခန့်မှန်းထားကြပါတယ်။

သတင်း

နိုင်ငံတဝှမ်းမှာရှိတဲ့ PDF တပ်ရင်း နဲ့ စစ်ကြောင်း ၃၀၀ ခန့်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ထောက်ပံ့မှုတွေပြုလုပ်ခဲ့တာလို့သိရပါတယ်။ ဒီ​ထောက်ပံ့မှုဟာ ရိက္ခာနဲ့ အ​ထွေ​ထွေ အသုံးစာရိတ်​တွေအတွက်သာဖြစ်တယ်လို့သိရပါတယ်။

သတင်း

နွေဦးဘဏ်ဖွင့်လှစ်ခြင်းသည် စစ်ကောင်စီထံစီးဝင်နေသည့် နိုင်ငံခြားငွေကြေးများကို ဟန့်တားနိုင်ရန်နှင့် တော်လှန်ရေးရန်ပုံငွေထောက်ပံ့ပေးနိုင်ရန်ဖြစ်ပြီး စစ်ကောင်စီကို ဘဏ္ဍာ​ရေးအရတိုက်စစ်ဖွင့်လှစ်ခြင်းဖြစ်သညဟု NUGကဆိုသည်။