Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ စက်သုံးဆီပြတ်လပ်နေပြီး လိုသလောက်ဝယ်မရဖြစ်နေ

ဆီဆိုင်ကြီးတွေမှာ အချိန်လုပြီး တန်းစီမဝယ်ယူနိုင်တဲ့ အောက်ခြေပြည်သူအချို့အနေနဲ့ လမ်းဘေးဆီဆိုင်တွေမှာ ဈေးကြီးပေးပြီး ဝယ်ရတာမျိုးတွေလည်းရှိနေပါတယ်။

မန္တလေးမှာ စက်သုံးဆီပြတ်လပ်နေပြီး လိုသလောက်ဝယ်မရဖြစ်နေ
မန္တလေးမှာ စက်သုံးဆီပြတ်လပ်နေပြီး လိုသလောက်ဝယ်မရဖြစ်နေ

သွားလာရေးအတွက် ဆိုင်ကယ်အသုံးများတဲ့မန္တလေးမှာ စက်သုံးဆီဆက်လက်ပြတ်လပ်နေတာကြောင့် ဒေသခံတွေ အခက်အခဲကြုံနေရပါတယ်။

ဆီဆိုင်ကြီးတွေမှာလည်း အကန့်အသတ်နဲ့သာ ရောင်းချပေးနေပြီး စက်သုံးဆီဈေးဟာမြင့်တက်နေဆဲပါ။

ဆီဆိုင်ကြီးတွေဖြစ်တဲ့ Denko၊ BOC၊MAX၊360°စတဲ့ဆိုင်တွေမှာ အချိန်တစ်ခုသတ်မှတ်ပြီးရောင်းချနေ တာကြောင့် ဆီဝယ်ယူနိုင်ဖို့အတွက် တန်းစီနေရပြီး အလှည့်မရောက်ခင် ဆီပြတ်သွားတာမျိုး ကြုံနေရတယ်လို့ဒေသခံအချို့ကပြောပါတယ်။

” တစ်နာရီကျော်လောက် တန်းစီပြီးစောင့်နေတာ ကိုယ့်အလှည့်ရောက်ခါနီးမှာ ဆီကုန်သွားပြီတဲ့ အဲဒါနဲ့နောက်တစ်ဆိုင်ထပ်တန်းစီးရတယ်” လို့ ဆီဆိုင်မှာ ဆီသွားဖြည့်ခဲ့တဲ့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးမှာ ဆီဆိုင်ကြီးတွေသာဖွင့်လှစ်ထားသာတွေ့ရပြီး ဆီဆိုင်အသေးစားတွေပိတ်ထားကြပါတယ်။

ဆီဆိုင်ကြီးတွေမှာ အချိန်လုပြီး တန်းစီမဝယ်ယူနိုင်တဲ့ အောက်ခြေပြည်သူအချို့အနေနဲ့ လမ်းဘေးဆီဆိုင်တွေမှာ ဈေးကြီးပေးပြီး ဝယ်ရတာမျိုးတွေလည်းရှိနေပါတယ်။

လမ်းဘေးဆီဆိုင်အချို့မှာ တစ်လီတာကို ကျပ်ငါးထောင်ထိပေါက်ဈေးရှိနေတယ်လို့သိရပါတယ်။

ဒီနေ့ မန္တလေးမြို့ရဲ့ စက်သုံးဆီပေါက်ဈေးဟာ ၉၂ တစ်လီတာကို ၂၃၆၅ကျပ်၊ ၉၅ တစ်လီတာကို ၂၄၃၅ကျပ် နဲ့ရောင်းချနေတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စက်သုံးဆီဈေး ၃ပတ်ဆက်တိုက်မြင့်တက်လာပြီး ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၅,၀၀၀ ကျော်လာပြီလို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။

သတင်း

စစ်တပ်က ဆီဆိုင်တွေကို ခွဲတမ်း​လျှော့

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အသုပ်စုံ ဆိုတာနဲ့ မိတ်ဆွေတို့က ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး၊အာလူး စတဲ့အရာတွေကို ရောထွေးပြီး သုပ်ထားတဲ့ စားစရာလို့ မြင်မိကြမှာပါ။