Connect with us

Hi, what are you looking for?

သတင်း

ရှားတောမြို့နယ်တွင် သုံးရက်အတွင်း တိုက်ပွဲလေးကြိမ်ဖြစ်

အဆိုပါ ထိတွေ့တိုက်ခိုက်မှုများ၌ ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာရသူမရှိ ကြောင်း ဖော်ပြထားသည်။

(KNDF တပ်ရင်း-၁၇ မှရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF B-17)
(KNDF တပ်ရင်း-၁၇ မှရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF B-17)

စစ်ကောင်စီတပ် ခုနစ်ဦးထက်မနည်းသေဟု KNDF တပ်ရင်း-၁၇ အသိပေး

ကရင်နီ(ကယား)ပြည်နယ် ရှားတောမြို့နယ်တွင် ဩဂုတ် ၇ရက်မှ ၉ရက်အတွင်း တိုက်ပွဲ လေး ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ခုနစ်ဦးထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်( KNDF)က သတင်းထုတ်ပြန်သည်။

ရှားတောဒေသ တငူးဆို တပ်စခန်းမှ တပ်စွန့်ခွာလာသော စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA)၊ KNDF တပ်ရင်း(၁၇)၊ တပ်ရင်း(၁၂)၊ တပ်ရင်း(၁၄) ပူးပေါင်း အဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် ဟု ဆိုသည်။ ထိုနေ့တွင် ထိတွေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ နှစ်ဦး နှင့်အထက် သေဆုံးကာ အများအပြားဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

ဩဂုတ် ၉ရက်တွင်လည်း တိုက်ပွဲတစ်ကြိမ် ထပ်မံ ဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

အဆိုပါ ထိတွေ့တိုက်ခိုက်မှုများ၌ ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာရသူမရှိ ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။