Connect with us

Hi, what are you looking for?

သတင်း

တီးတိန်နယ်မှာ စစ်ကောင်စီတပ်က ဆယ်ကျော်သက် မောင်နှစ်မနှစ်ဦးကို ဖမ်းဆီးပြီး သတ်ဖြတ်

မောင်နှစ်မ နှစ်ဦး၏ ရုပ်အလောင်းကို ဩဂုတ် ၁၆ရက် မနက်ပိုင်းတွင် ရွာသားများက ပြန်လည်တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

တီးတိန်နယ်မှာ စစ်ကောင်စီတပ်က ဆယ်ကျော်သက် မောင်နှစ်မနှစ်ဦးကို ဖမ်းဆီးပြီး သတ်ဖြတ်
တီးတိန်နယ်မှာ စစ်ကောင်စီတပ်က ဆယ်ကျော်သက် မောင်နှစ်မနှစ်ဦးကို ဖမ်းဆီးပြီး သတ်ဖြတ်

ချင်းပြည်နယ် တီးတိန်မြို့နယ် ဟိုင်မွာလ်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်းပြီး ဖမ်းဆီး သွားသည့် ဆယ်ကျော်သက် မောင်နှစ်မနှစ်ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့သည်ဟု The Chin Journal က ဖော်ပြသည်။

စစ်ကောင်စီတပ်က ဩဂုတ် ၁၄ရက်တွင် ဟိုင်မွာလ်ရွာကို ဝင်ရောက်စီးနင်းပြီး အသက် (၁၇) နှစ်အရွယ် နှင့် အသက် (၁၅)နှစ်အရွယ် မောင်နှစ်မဦးကို ဖမ်းဆီးသွားပြီး ဟိုင်မွာလ်နှင့် ရိခေါ်ဒါရ်အကြား တစ်နေရာ၌ သေနတ်နှင့် ပစ်ခတ်သွားသည်ဟု ဆိုသည်။

အဆိုပါ မောင်နှစ်မ နှစ်ဦး၏ ရုပ်အလောင်းကို ဩဂုတ် ၁၆ရက် မနက်ပိုင်းတွင် ရွာသားများက ပြန်လည်တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ရိဒ်ခေါ်ဒါရ်မြို့နှင့် ၅မိုင်ခန့်အကွာ မြန်မာ -အိန္ဒိယ နယ်စပ်ရှိ ဟိုင်မွာလ်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းစဉ် နေအိမ်များကို မီးရှို့ခဲ့ရာ နေအိမ် ၈လုံးမီးလောင် ပျက်စီးခဲ့သည်။ အဆိုပါ ကျေးရွာသည် ဩဂုတ် ၁၀ရက်က တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်စခန်းနှင့် မျက်နှာချင်းဆိုင် တောင်ကုန်းပေါ် ၌ တည်ရှိကြောင်း The Chin Journalက ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၁၀ရက် နံနက်ပိုင်းက ရိခေါ်ဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို ချင်းပူးပေါင်းတပ်က တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်က ဒုဗိုလ်မှူးကြီး ဝေမျိုးပိုင် အပါအဝင် ၈ဦးသေဆုံးခဲ့ကာ ဗိုလ်ကြီးတစ်ဦး အပါအဝင် ၄ဦးသည် တိုက်ပွဲဖြစ်ပွားစဉ် ထွက်ပြေးခဲ့သည်ဟု PDF-Zoland က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ် တိုက်ပွဲမှာ စစ်တပ်နဲ့ လက်အောက်ခံ ဇိုမီးတပ်ဖွဲ့ ZRA တပ်ဖွဲ့ဝင် ၆ဦးသေဆုံးခဲ့ကြောင်း PDF ဇိုလဲန်း က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။