Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကိုးတောင်ဘို့ရွာတွင်တပ်စွဲ​နေ​သောစစ်​တပ်နှင့်ပျူများကို PDF များတိုက်ခိုက်

ကန့်ဘလူ့အခြေစိုက် KB2တပ်ခွဲ-၁မှ တပ်စိပ် ၃ စိပ်ဖြင့်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်း ၂ အဖွဲ့ဝင်အချို့။ (ဓာတ်ပုံ -CJ)
ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်း ၂ အဖွဲ့ဝင်အချို့။ (ဓာတ်ပုံ -CJ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ရွာ၌ တပ်စွဲထားသောစစ်​ကောင်စီတပ်နှင့်ပျူ​စောထီးများကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Kotaungbo Revolution KTB-Rအဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (သြဂုတ်လ၁၆ရက်) ည၉ နာရီခွဲခန့်ကကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ရွာတွင် အထိုင်ချတပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်နှင့်ပျူများကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ကျဆုံးမှုမသိရသေးကြောင်း KTB-Rအဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

“ည၁၀နါရီအချိန်ခန့်တွင် ကိုးတောင်ဘို့ရွာတွင် အထိုင်ချထားသော​​ေ-ွးများအား ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။တိုက်ပွဲကြာချိန်မှာ ၄နာရီခန့်ကြာပြီး မနက် ၂: ၀၀ AM ခန့်တွင်​ေ -ွးများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ပါသည်။ ​ေ-ွးမည်မျှဂိန်သည်ကိုအတိအကျမသိရှိရသေးပါ” ကိုး​ထောင်ဘို့PDF (Eagle)ကလည်းထုတ်ပြန်သည်။

ကန့်ဘလူ့အခြေစိုက် KB2တပ်ခွဲ-၁မှ တပ်စိပ် ၃ စိပ်ဖြင့်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်းအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ဒေသသည် အကြမ်းဖက်စစ်တပ်အား ခုခံတိုက်ခိုက်မှုအားကောင်းသောဒေသတစ်ခုဖြစ်သည်။ အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်မှု၊ မီးရှို့ဖျက်ဆီးမှုများလည်း မကြာခဏ ခံခဲ့ရသောဒေသဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။