Connect with us

Hi, what are you looking for?

သတင်း

ကိုးတောင်ဘို့ရွာတွင်တပ်စွဲ​နေ​သောစစ်​တပ်နှင့်ပျူများကို PDF များတိုက်ခိုက်

ကန့်ဘလူ့အခြေစိုက် KB2တပ်ခွဲ-၁မှ တပ်စိပ် ၃ စိပ်ဖြင့်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်း ၂ အဖွဲ့ဝင်အချို့။ (ဓာတ်ပုံ -CJ)
ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်း ၂ အဖွဲ့ဝင်အချို့။ (ဓာတ်ပုံ -CJ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ရွာ၌ တပ်စွဲထားသောစစ်​ကောင်စီတပ်နှင့်ပျူ​စောထီးများကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Kotaungbo Revolution KTB-Rအဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (သြဂုတ်လ၁၆ရက်) ည၉ နာရီခွဲခန့်ကကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ရွာတွင် အထိုင်ချတပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်နှင့်ပျူများကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ကျဆုံးမှုမသိရသေးကြောင်း KTB-Rအဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

“ည၁၀နါရီအချိန်ခန့်တွင် ကိုးတောင်ဘို့ရွာတွင် အထိုင်ချထားသော​​ေ-ွးများအား ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။တိုက်ပွဲကြာချိန်မှာ ၄နာရီခန့်ကြာပြီး မနက် ၂: ၀၀ AM ခန့်တွင်​ေ -ွးများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ပါသည်။ ​ေ-ွးမည်မျှဂိန်သည်ကိုအတိအကျမသိရှိရသေးပါ” ကိုး​ထောင်ဘို့PDF (Eagle)ကလည်းထုတ်ပြန်သည်။

ကန့်ဘလူ့အခြေစိုက် KB2တပ်ခွဲ-၁မှ တပ်စိပ် ၃ စိပ်ဖြင့်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်းအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ဒေသသည် အကြမ်းဖက်စစ်တပ်အား ခုခံတိုက်ခိုက်မှုအားကောင်းသောဒေသတစ်ခုဖြစ်သည်။ အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်မှု၊ မီးရှို့ဖျက်ဆီးမှုများလည်း မကြာခဏ ခံခဲ့ရသောဒေသဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။