Connect with us

Hi, what are you looking for?

သတင်း

ရတနာပုံတံတားပစ်ခတ်မှုမှာ ခရီးသည် ၂ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

ဒီပစ်ခတ်မှုကို စစ်ကောင်စီဘက်က သတင်းထုတ်ရာမှာ PDF ၂ ဦးနဲ့ ခရီးသည် ၂ ဦးသေဆုံး ပြီး ခရီးသည် ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုထားပါတယ်။

ရတနာပုံတံတားပစ်ခတ်မှုမှာ ခရီးသည် ၂ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ
ရတနာပုံတံတားပစ်ခတ်မှုမှာ ခရီးသည် ၂ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

ဒီနေ့မနက်ပိုင်း က ရတနာပုံတံတားရဲ့စစ်ကိုင်းဘက်ခြမ်း လုံခြုံရေးဂိတ်အနီးပစ်ခတ်မှုမှာ စစ်တပ်က ကားကိုပစ်ခတ်တာ‌ကြောင့် ခရီးသည်တင်ကားပေါ်လိုက်ပါလာတဲ့ ခရီးသည် ၂ ဦး သေဆုံးခဲ့ရပါတယ်။

ခရီးသွားအမျိုးသား ၁ဦးနဲ့အမျိုးသမီး ၁ ဦးတို့ မှန်လုံယာဉ်ပေါ်မှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ရတာပါ။

ဒီနေ့မနက် ၈ နာရီခွဲခန့်က ရတနာပုံတံတား စစ်ကိုင်းဘက်ခြမ်းမှာ ရန်ကုန် − မုံရွာပြေးဆွဲနေတဲ့ မှန်လုံယာဉ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးခဲ့ပြီး ကားပေါ်မှာ ပါလာတဲ့ PDF အဖွဲ့ဝင်အချို့နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ကြပါတယ်။

ရတနာပုံတံတားပစ်ခတ်မှုမှာ ခရီးသည် ၂ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ
ရတနာပုံတံတားပစ်ခတ်မှုမှာ ခရီးသည် ၂ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

မှန်လုံယာဉ်ကို စစ်ကောင်စီတပ် အပြင်းအထန်ပစ်ခတ်ခဲ့တယ်လို့သိရပြီး ထွက်ပေါ်လာတဲ့ဓာတ်ပုံမှတ်တမ်းတွေအရ ယာဉ်ရဲ့ ဘေးဘက်ခြမ်း မှာ ကျည်ဆံရာတွေ ဒလပွဖြစ်နေတာကိုတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒီပစ်ခတ်မှုကို စစ်ကောင်စီဘက်က သတင်းထုတ်ရာမှာ PDF ၂ ဦးနဲ့ ခရီးသည် ၂ ဦးသေဆုံး ပြီး ခရီးသည် ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုထားပါတယ်။

Public Service Announcement
Public Service Announcement

PDF တပ်ဖွဲ့ဝင် ၁ ဦးကိုလည်းအရှင်မိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ထားပါတယ်။ ထိခိုက်ဒဏ်ရာရသူ ခရီးသွား ၅ ဦးထဲမှာ အသက် ၉ နှစ်အရွယ်ကလေးတစ်ဦးလည်းပါဝင်တယ်လို့သိရပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်အပြီး လက်နက်ခဲယမ်းတွေကိုမိတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ထားပါသေးတယ်။

အဲဒီပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က ၂ ဦးသေတယ်လို့သတင်းထွက်နေပေမယ့် စစ်အုပ်စုရဲ့ သတင်းထုတ်ပြန်ချက်မှာမတွေ့ရပါဘူး။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းက မူကြိုကျောင်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။