Connect with us

Hi, what are you looking for?

သတင်း

ရတနာပုံတံတားပစ်ခတ်မှုဖြစ်စဉ်မှာ PDF ၂ ဦးကျဆုံး

ပစ်ခတ်မှုဖြစ်စဉ်အပြီး ဖမ်းမိတဲ့လက်နက်ခဲယမ်းပုံတွေကိုလည်း စစ်ကောင်စီဘက်က သတင်းဖြန့်လာပါတယ်။

ရတနာပုံတံတားပစ်ခတ်မှုဖြစ်စဉ်မှာ PDF ၂ ဦးကျဆုံး
ရတနာပုံတံတားပစ်ခတ်မှုဖြစ်စဉ်မှာ PDF ၂ ဦးကျဆုံး

ဒီနေ့မနက်ပိုင်းက မန္တလေးနဲ့စစ်ကိုင်းကိုဆက်သွယ်ထားတဲ့ ရတနာပုံတံတားရဲ့စစ်ကိုင်းဘက်ခြမ်း ပစ်ခတ်မှုဖြစ်စဉ်မှာ PDF ရဲဘော် ၂ ဦးကျဆုံးသွား ပါတယ်။

မန္တလေး − မုံရွာ − ပုလဲ သွား ခရီးသည်တင်ကားကို စစ်ကောင်စီဂိတ်က တားဆီးစစ်ဆေးရာ ကားပေါ်မှာပါလာတဲ့ PDF တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး PDF တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးသလို ခရီးသည် ၂ ဦး လည်းစစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့်သေဆုံးသွားတယ်လို့ သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ရတနာပုံတံတားပစ်ခတ်မှုဖြစ်စဉ်မှာ PDF ၂ ဦးကျဆုံး
ရတနာပုံတံတားပစ်ခတ်မှုဖြစ်စဉ်မှာ PDF ၂ ဦးကျဆုံး

ခရီးသည်တွေထဲမှာထိခိုက်ဒဏ်ရာရသူအချို့လည်းရှိနေပြီး ဒဏ်ရာရသူအရေအတွက်ကို People’s Spring ကအတည်ပြုနေဆဲပါ။

ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်ကလည်း ၂ ဦးသေတယ်လို့သတင်းတွေထွက်နေပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုဖြစ်စဉ်အပြီး ဖမ်းမိတဲ့လက်နက်ခဲယမ်းပုံတွေကိုလည်း စစ်ကောင်စီဘက်က သတင်းဖြန့်လာပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။