Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင်တွင် လဝက်အတွင်းတိုက်ပွဲများ၌ စစ်ကောင်စီတပ် ၄၀ကျော်သေဟု KNU တပ်မဟာ(၅) အသိပေး

ဩဂုတ် ၁ရက်မှ ၁၅ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် စစ်ကောင်စီ၊ BGF တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့မှုများကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

(၇၂)နှစ်မြောက်‌ ကရင့်အာဇာနည်နေ့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်မဟာ(၇)ဌာနချုပ်(ကလို့ယော်လေး)၌ ကျင်းပနေစဉ်၊ ဓာတ်ပုံ - KNU
(၇၂)နှစ်မြောက်‌ ကရင့်အာဇာနည်နေ့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်မဟာ(၇)ဌာနချုပ်(ကလို့ယော်လေး)၌ ကျင်းပနေစဉ်၊ ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်အတွင်း၌ ယခု ဩဂုတ်လ ဝက်အတွင်း တိုက်ပွဲ ၅၃ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင် ၄၃ ဦး သေဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့ သည်ဟု KNU တပ်မဟာ(၅)က ထုတ်ပြန်သည်။

ဩဂုတ် ၁ရက်မှ ၁၅ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် စစ်ကောင်စီ၊ BGF တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့မှုများကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲများအတွင်း KNLA တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရမှုမရှိဟု အသိပေးထားသည်။

တိုက်ပွဲများဖြစ်ပွားစဉ် နယ်မြေကျူးကျော်စစ်ရေးလှုပ်ရှားနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်၊ ၎င်းခါးပိုက်ဆောင်နယ်ခြားစောင့်တပ်(BGF) တို့က ကျေးရွာနှင့် လယ်ယာ၊ ဉယာဉ်ခြံမြေများအတွင်းသို့ ရည်ရွယ်ချက်ရှိစွာဖြင့် ပစ်ခတ်ခဲ့၍ အရပ်သား ပြည်သူနှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။