Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖာပွန်ခရိုင်တွင် လဝက်အတွင်းတိုက်ပွဲများ၌ စစ်ကောင်စီတပ် ၄၀ကျော်သေဟု KNU တပ်မဟာ(၅) အသိပေး

ဩဂုတ် ၁ရက်မှ ၁၅ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် စစ်ကောင်စီ၊ BGF တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့မှုများကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

(၇၂)နှစ်မြောက်‌ ကရင့်အာဇာနည်နေ့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်မဟာ(၇)ဌာနချုပ်(ကလို့ယော်လေး)၌ ကျင်းပနေစဉ်၊ ဓာတ်ပုံ - KNU
(၇၂)နှစ်မြောက်‌ ကရင့်အာဇာနည်နေ့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်မဟာ(၇)ဌာနချုပ်(ကလို့ယော်လေး)၌ ကျင်းပနေစဉ်၊ ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်အတွင်း၌ ယခု ဩဂုတ်လ ဝက်အတွင်း တိုက်ပွဲ ၅၃ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင် ၄၃ ဦး သေဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့ သည်ဟု KNU တပ်မဟာ(၅)က ထုတ်ပြန်သည်။

ဩဂုတ် ၁ရက်မှ ၁၅ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် စစ်ကောင်စီ၊ BGF တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့မှုများကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲများအတွင်း KNLA တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရမှုမရှိဟု အသိပေးထားသည်။

တိုက်ပွဲများဖြစ်ပွားစဉ် နယ်မြေကျူးကျော်စစ်ရေးလှုပ်ရှားနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်၊ ၎င်းခါးပိုက်ဆောင်နယ်ခြားစောင့်တပ်(BGF) တို့က ကျေးရွာနှင့် လယ်ယာ၊ ဉယာဉ်ခြံမြေများအတွင်းသို့ ရည်ရွယ်ချက်ရှိစွာဖြင့် ပစ်ခတ်ခဲ့၍ အရပ်သား ပြည်သူနှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။