Connect with us

Hi, what are you looking for?

သတင်း

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် မြိတ်မြို့မှ စစ်ကောင်စီခန့်ရာအိမ်မှူးတစ်ဦးကို ရှင်းလင်း

“မြိတ် Sea View ကုန်တိုက်အနီး ၎င်းတို့ရောင်းနေသောဝက်သားတုတ်ထိုးဆိုင်၌ သွားရောက်ရှင်းလင်းသုတ်သင်လိုက်ပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်လိုက်သည်”ဟု မြိတ်(ပကဖ)က ဆိုသည်။

'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် မြိတ်မြို့မှ စစ်ကောင်စီခန့်ရာအိမ်မှူးတစ်ဦးကို ရှင်းလင်း
'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် မြိတ်မြို့မှ စစ်ကောင်စီခန့်ရာအိမ်မှူးတစ်ဦးကို ရှင်းလင်း

နန်းထိုက်အောင်စစ်ဆင်ရေး‘ အစိပ်အပိုင်းအဖြစ် မြိတ်မြို့မှ စစ်ကောင်စီခန့်ရာအိမ်မှူး အောင်သန်းဆိုသူကို ပစ်ခတ်သုတ်သင်ခဲ့ကြောင်း မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့(သြဂုတ် ၁၈)ထုတ်ပြန်သည်။

ယမန်နေ့ (သြဂုတ် ၁၇ ရက်) ညနေ ၅ နာရီခွဲခန့်တွင် မြိတ်မြို့၊ ရေပုန်းနယ်မြေ၊ အောင်ချမ်းသာရပ်ကွက်မှ စစ်ကောင်စီခန့်ရာအိမ်မှုနှင့် ပျူစောထီးအဖွဲ့ဝင် အောင်သန်းဆိုသူအား မြိတ်(ပကဖ)နှင့် မြိတ်ခရိုင် PDF တပ်ရင်း (၂)တို့ပူးပေါင်းပြီး ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“မြိတ် Sea View ကုန်တိုက်အနီး ၎င်းတို့ရောင်းနေသောဝက်သားတုတ်ထိုးဆိုင်၌ သွားရောက်ရှင်းလင်းသုတ်သင်လိုက်ပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်လိုက်သည်”ဟု မြိတ်(ပကဖ)က ဆိုသည်။

အထက်ပါ ရာအိမ်မှူးအောင်သန်းသည် စစ်ကောင်စီက သင်တန်းပေးထားသည့် ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၎င်း၏သတင်းပေးတိုင်ကြားမှုကြောင့် ဖမ်းဆီးခံရသူနှင့် ဘေးလွတ်ရာ ရှောင်တိမ်းနေရသူများရှိနေပြီး ထိုသို့သော လုပ်ရပ်များဖြင့် စစ်ကောင်စီထောက်တိုင်အဖြစ် ရပ်တည်နေခြင်းအပေါ် အရေးယူသုတ်သင်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်(ပကဖ)မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“သူက အုပ်ချုပ်ရေးမှူးရဲ့ တပည့်ပါ။ ရာအိမ်မှူးလည်းဖြစ်တယ်။ စကစမှ သင်တန်းပေးထားတဲ့ ပျူတစ်ကောင်လည်းဖြစ်တယ်။ သူ့ကြောင့်အပြစ်မရှိတဲ့ပြည်သူ ၊လူငယ်တွေလည်းစွပ်စွဲတိုင်ကြားချက်နဲ့ မတရားဖမ်းခံရတဲ့သူလည်းများပါတယ်”ဟု ၎င်းရဲဘော်က ဆက်ပြောသည်။

သြဂုတ် ၁၆ ရက်ကလည်း မြိတ်မြို့ပေါ် လက်နက်ကိုင်ပြီး ပတ်နေသော စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို မြိတ်လေယာဥ်ကွင်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။