Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုနယ် ငတရော်ရွာကို စစ်ကောင်စီတပ် နှစ်ရက်ဆက်မီးရှို့၍ တစ်ရွာလုံး နီးပါးမီးလောင်

စစ်ကောင်စီတပ်သည် ကျေးရွာအတွင်း ရှိနေဆဲဖြစ်၍ ဝင်ရောက်မီးငြှိမ်း သတ်နိုင်ခြင်းမရှိဘဲ ရွာသူရွာသားများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

ငတရော်ကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ-Cj
ငတရော်ကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ-Cj

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ငတရော်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ တပ်က နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေပြီး ရွာလုံးကျွတ်နီးပါး မီးလောင် ကျွမ်းပျက်စီးနိုင်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့(သြဂုတ် ၁၇ရက်) နံနက်၁၀ နာရီခန့်မှစတင်ကာ အိမ်ခြေ ၆၀၀ ခန့်ရှိသော ငတရော်ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည်။

ယမန်နေ့က တစ်နေကုန်မီးလောင်ကျွမ်းခဲ့ပြီး ညပိုင်းအထိ ဆက်လက်လောင်ကျွမ်းကာ နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း၊ ထို့အပြင် ယနေ့(သြဂုတ်၁၈ရက်)နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က ကျန်နေသေးသည့်အိမ်များအား မီးရှို့ဖျက်ဆီးနေကြောင်း ​ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ကျေးရွာအတွင်း ရှိနေဆဲဖြစ်၍ ဝင်ရောက်မီးငြှိမ်း သတ်နိုင်ခြင်းမရှိဘဲ ရွာသူရွာသားများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

Public Service Announcement

Public Service Announcement

ငတရော်ကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ-Cj
ငတရော်ကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ-Cj

ယမန်နေ့(ဩဂုတ် ၁၇ ရက်)နံနက် ၉နာရီဝန်းကျင်က ရေယှားကျေးရွာမှ ငတရော်ကျေးရွာသို့ စစ်ကြောင်းနှစ်ကြောင်းခွဲတက်လာသော အင်အား (၆၀)ကျော်ပါ စစ်အုပ်စုအား ဒေသတွင်း ပူးပေါင်းမဟာမိတ်အဖွဲ့များမှ ငတရော်ရွာခြေအရောက်တွင် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စစ်အုပ်စုဘက်က ရှစ်ဦးခန့်သေဆုံးနိုင်ပြီး ရဲဘော်တစ်ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြို PDF အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။