Connect with us

Hi, what are you looking for?

သတင်း

ရေစကြို ငတရော်ရွာအား စစ်ကောင်စီတပ် နှစ်ရက် ဆက်မီးရှို့မှုကြောင့် နေအိမ် ၅၀၀ခန့် မီးလောင် ပျက်စီး

စစ်အုပ်စု​၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံပြည်သူများထိခိုက်မှုရှိ၊မရှိ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

ရွာလုံးကျွတ်နီးပါးမီးရှို့ခံရသည့် တရော် (ငတမျှော်) ကျေးရွာအတွင်းအား တွေ့ရစဥ်။ ဓာတ်ပုံ-Yaylalkyunnews
ရွာလုံးကျွတ်နီးပါးမီးရှို့ခံရသည့် တရော် (ငတမျှော်) ကျေးရွာအတွင်းအား တွေ့ရစဥ်။ ဓာတ်ပုံ-Yaylalkyunnews

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ငတရော်(ငတမျှော်) ကျေးရွာအား အကြမ်းဖက်စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် အိမ်ခြေ ၅၀၀ခန့် မီးလောင်ကာ ရွာလုံးကျွတ်နီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် သြဂုတ် ၁၇ရက် နံနက် ၁၀ နာရီခန့်မှစတင်ကာ အိမ်ခြေ ၆၀၀ ခန့်ရှိသော ငတရော်ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည်။

သြဂုတ် ၁၈ ရက်တွင်လည်း စစ်ကောင်စီတပ်က ငတရော်ရွာကို ထပ်မံဝင်ရောက်ကာမီးရှို့သွားခဲ့ခြင်းဖြစ်သည်။

စစ်အုပ်စု​၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံပြည်သူများထိခိုက်မှုရှိ၊မရှိ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“အိမ်သာနဲ့ ရေအိုးစင်ပဲကျန်တယ်။ ဒီအိမ်လေးဆောက်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားထားရတာပါ။ ရှစ်လပဲ နေခွင့်ရလိုက်တယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရေစကြိုမြို့နယ်၊ လှေခုတ်ကျေးရွာနှင့် ငတ မျှော်ကျေးရွာတို့မှာ စစ်အုပ်စု​၏ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး မီးဘေးသင့်ပြည်သူထောင်နှင့်ချီ၍ရှိပြီဖြစ်ကာ အကူအညီများစွာ လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

သြဂုတ် ၁၇ ရက် နံနက် ၉နာရီဝန်းကျင်က ရေယှားကျေးရွာမှ ငတရော်ကျေးရွာသို့ စစ်ကြောင်းနှစ်ကြောင်းခွဲတက်လာသော အင်အား ၆၀ ကျော်ပါ အကြမ်းဖက်စစ်အုပ်စုအား ဒေသတွင်း ပူးပေါင်းမဟာမိတ်အဖွဲ့များမှ ငတရော်ရွာခြေအရောက်တွင် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စစ်အုပ်စုဘက်က ရှစ်ဦးခန့်သေဆုံးနိုင်ပြီး ရဲဘော်တစ်ဦးလည်း မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း ရေစကြို PDF အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။