စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အကြမ်းဖက်စစ်တပ်အား အချိန်နေရာမရွေး စစ်ဆင်ရေးပြုလုပ် တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများ စစ်ကောင်စီတပ်နှင့်ဝေးရာတွင် နေရန် Monywa The Boys အထူကွန်မန်ဒိုတပ်ဖွဲ့ကသတိပေးကြေညာသည်။
မုံရွာမြို့တွင် မုံရွာအခြေစိုက် အဖွဲ့ပေါင်းစုံက နေရာမရွေး၊ အချိန်မရွေး စစ်ဆင်ရေးဆောင်ရွက်နိုင်၍ ဆက်လက်ပြုလုပ်သွားမည့်စစ်ဆင်ရေးများအတွက် အနှောင့်အယှက်မဖြစ်စေရန် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်နှင့် ဝေးရာတွင် နေထိုင်ပေးကြရန် အဆိုပါအဖွဲ့များက ယနေ့သြဂုတ်လ၁၉ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ရင်း ၃ တပ်ရင်း ၄ ၏ အထူးကွန်မန်ဒိုအဖွဲ့(Monywa The Boys) ခေါင်းဆောင် ကိုဒေါနမောင်မောင်က “ဒီနေ့ စပါတယ်။ အဓိကတော်လှန်
ရေး ပြီးတဲ့အထိ စကစနဲ့ ဝေးအောင်နေနိုင်တာ အကောင်းဆုံးပဲ။”ဟု သတိပေးပြောကြားသည်။

Public Service Announcement
“စကစနှင့်အနီးကပ်နေလို့ တစ်စုံတစ်ခု ထိခိုက်ဒဏ်ရာ အပျက်အစီးဖြစ်ပါက ကျွန်တော်တို့ ဝမ်းနည်းရုံမှတပါး တာဝန်မယူပါ။”ဟု Monywa The Boysအဖွဲ့ကအသိပေးသည်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ ရှိနေသည့်ကြားမှပင် စစ်ကောင်စီတပ်အား ပြောက်ကျားစနစ်ဖြင့် ခုခံတော်လှန်တိုက်ခိုက်မှုများ အားကောင်းနေဆဲဖြစ်သည်။


















































