Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ်အတွင်း သွားလာမည့်ကားများ စစ်ကားများနှင့် ကပ်မလိုက်ရန်အပါအဝင်လိုက်နာရန်အချက်များကို ရေးပြောက်ကျားတပ်ဖွဲ့ သတိပေး

​ရေးမြို့နယ်သည် မွန်ပြည်နယ်တွင် အာဏာသိမ်းစစ်​ကောင်စီတပ်ကို အပြင်းအထန်ခုခံ​​တော်လှန်​နေ​သော​​​ဒေသအချို့ထဲမှတစ်ခုဖြစ်သည်။

ရေးမြို့နယ်
ရေးမြို့နယ်

ရေးမြို့နယ်အတွင်း သွားလာမည့်ကားများအနေဖြင့် စစ်ကောင်စီကားများနှင့်ခပ်ဝေး‌ဝေးမောင်နှင်ရန်အပါအဝင် အချက် သုံးချက်ကို ရေးပြောက်ကျားတပ်ဖွဲ့က သြဂုတ် ၁၈ ရက်ကထုတ်ပြန်သတိ​ပေးသည်။

ကားမှန်များချမောင်းနှင်ရန်၊ စတေကာအမဲများကပ်ထားပါက ခွာထားကြရန်၊ ယာဉ်များတွင် အမိုးအကာများ ဖုံးကာထားခြင်းမပြုရန်နှင့် စစ်ကောင်စီတပ်ကားများ၊ စစ်ကောင်စီယာဉ်ဟု ထင်မြင်ရသည့် ယာဉ်များကို တွေ့ရှိပါက ကပ်မလိုက်ရန်နှင့်ယှဉ်တွဲသွားလာခြင်းမပြုရန်သတိ​ပေးထားခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

အဆိုပါထုတ်ပြန်ချက်များသည် အိမ်စီးကား၊ ခရီးတင်ကားနှင့်ကုန်တင်များအတွက်ဖြစ်ပြီး သတိပေးချက်ကို လိုက်နာကြရန်လည်း ရေးပြောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

အထက်ပါသတ်မှတ်ချက်များအတိုင်း ရေးမြို့နယ် သံဖြူဇရပ်မှ တနင်္သာရီတိုင်း မလွဲတောင်အထိမောင်းနှင်ရမည်ဟုလည်းအသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

​ရေးမြို့နယ်သည် မွန်ပြည်နယ်တွင် အာဏာသိမ်းစစ်​ကောင်စီတပ်ကို အပြင်းအထန်ခုခံ​​တော်လှန်​နေ​သော​​​ဒေသအချို့ထဲမှတစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမှတ်(၂) လမ်းပိုင်းမှာ စစ်ကား ၁စီး မိုင်းထိပြီး သေဆုံးသူများနိုင်တယ်လို့ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ(ပုဏ္ဏဝတီ ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်က အောင်သပြေရွာဟောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၆ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်တပ်ထောက်ပို့ယာဥ်က ဝင်တိုက်လို့ မူလတန်း ကျောင်းဆရာမ ၁ ဦးသေဆုံးပြီး ကျောင်းသူ ၁ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့ အခြေစိုက်(ခလရ-၃၁)ကာကင်းကို ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။