Connect with us

Hi, what are you looking for?

သတင်း

မင်းရွာရဲစခန်းကို စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေ

အင်အားဖြည့်တင်းမှုကို ဂန့်ဂေါမြို့နယ်အခြေ စိုက် ခလရ (၅၀)တပ်မှ လာရောက်ခြင်းဖြစ်ပြီး သြဂုတ် ၁၉ရက်ညပိုင်းတွင် မင်းရွာရဲစခန်း၌ တပ်စွဲနေပြီဟု ဆိုသည်။

(ယခုလ ၁၇ ရက်က မင်းရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနီးကပ်တိုက်ခိုက်နေစဥ်)
(ယခုလ ၁၇ ရက်က မင်းရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနီးကပ်တိုက်ခိုက်နေစဥ်)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခံနေရသော ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားဖြည့်တင်းမှုပြုလုပ်နေကြောင်း ဒေသခံစစ်ရေးသတင်း ရင်းမြစ်များက ပြောသည်။

အင်အားဖြည့်တင်းမှုကို ဂန့်ဂေါမြို့နယ်အခြေ စိုက် ခလရ (၅၀)တပ်မှ လာရောက်ခြင်းဖြစ်ပြီး သြဂုတ် ၁၉ရက်ညပိုင်းတွင် မင်းရွာရဲစခန်း၌ တပ်စွဲနေပြီဟု ဆိုသည်။

“အတည်မပြုနိုင်သေးတဲ့သတင်းအရ မင်းရွာကိုစခန်းမှူးလာလဲတာလို့ သိရတယ်။ရဲတပ်သားအင်အားထပ်ဖြည့်တာလို့ဆိုပါတယ်။ အခုထိတော့မင်းရွာရဲစခန်းကနေ ဘယ်မှမထွက်ကြပါသေးဘူး”ဟု ယောဒေသခံ စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

မင်းရွာ
မင်းရွာ

ခလရ(၅၀) စစ်ကြောင်းသည် သြဂုတ် ၁၆ ရက်ကစ၍ ဂန့်ဂေါမြို့ပေါ်မှစတင်ထွက်ခွာလာခဲ့ပြီး အင်အား ၆၀ ခန့်ပါရှိကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ဂန့်ဂေါမြို့ပေါ် နှင့် ၁၅ မိုင်ခန့်ကွာဝေးသည့် မင်းရွာရှိ ရဲစခန်းကို လက်နက်ကြီး၊လက်နက်ငယ်များအပြင် ဒရုန်းများပါဝင်သော စစ်ဆင်ရေးတစ်ခုဆင်နွှဲခဲ့ကြောင်း People’s Defence Force – Htilin က သြဂုတ် ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။

မင်းရွာရဲစခန်းကို သြဂုတ် ၁၅ ရက်ကလည်း ယောဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံရဲတစ်ဦး သေဆုံးကြောင်း အတည်ပြုထားသည်။

လက်ရှိ ယောဒေသ(ဂန့်ဂေါ၊ထီးလင်း၊ဆော၊ကျောက်ထု၊ကျော၊လောင်းရှည်)မြို့နယ်တို့တွင် စစ်ရေးတင်းမာနေပြီး အထူးသဖြင့် ဂန့်ဂေါမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က စစ် ကြောင်း များဖြင့် ထိုးစစ်ဆင်နေသည်။

သြဂုတ် ၁၈ ရက်က ဂန့်ဂေါနယ် အိမ်သစ်ရွာအနီးတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားခြောက် ဦးသေဆုံးကာ လက်နက်ဖြင့်ထွက်ပြေးလာသော ရဲတစ်ဦးကို PDF တို့က ဖမ်းဆီးရမိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook