Connect with us

Hi, what are you looking for?

သတင်း

မင်းရွာရဲစခန်းကို စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေ

အင်အားဖြည့်တင်းမှုကို ဂန့်ဂေါမြို့နယ်အခြေ စိုက် ခလရ (၅၀)တပ်မှ လာရောက်ခြင်းဖြစ်ပြီး သြဂုတ် ၁၉ရက်ညပိုင်းတွင် မင်းရွာရဲစခန်း၌ တပ်စွဲနေပြီဟု ဆိုသည်။

(ယခုလ ၁၇ ရက်က မင်းရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနီးကပ်တိုက်ခိုက်နေစဥ်)
(ယခုလ ၁၇ ရက်က မင်းရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနီးကပ်တိုက်ခိုက်နေစဥ်)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခံနေရသော ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားဖြည့်တင်းမှုပြုလုပ်နေကြောင်း ဒေသခံစစ်ရေးသတင်း ရင်းမြစ်များက ပြောသည်။

အင်အားဖြည့်တင်းမှုကို ဂန့်ဂေါမြို့နယ်အခြေ စိုက် ခလရ (၅၀)တပ်မှ လာရောက်ခြင်းဖြစ်ပြီး သြဂုတ် ၁၉ရက်ညပိုင်းတွင် မင်းရွာရဲစခန်း၌ တပ်စွဲနေပြီဟု ဆိုသည်။

“အတည်မပြုနိုင်သေးတဲ့သတင်းအရ မင်းရွာကိုစခန်းမှူးလာလဲတာလို့ သိရတယ်။ရဲတပ်သားအင်အားထပ်ဖြည့်တာလို့ဆိုပါတယ်။ အခုထိတော့မင်းရွာရဲစခန်းကနေ ဘယ်မှမထွက်ကြပါသေးဘူး”ဟု ယောဒေသခံ စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

မင်းရွာ
မင်းရွာ

ခလရ(၅၀) စစ်ကြောင်းသည် သြဂုတ် ၁၆ ရက်ကစ၍ ဂန့်ဂေါမြို့ပေါ်မှစတင်ထွက်ခွာလာခဲ့ပြီး အင်အား ၆၀ ခန့်ပါရှိကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ဂန့်ဂေါမြို့ပေါ် နှင့် ၁၅ မိုင်ခန့်ကွာဝေးသည့် မင်းရွာရှိ ရဲစခန်းကို လက်နက်ကြီး၊လက်နက်ငယ်များအပြင် ဒရုန်းများပါဝင်သော စစ်ဆင်ရေးတစ်ခုဆင်နွှဲခဲ့ကြောင်း People’s Defence Force – Htilin က သြဂုတ် ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။

မင်းရွာရဲစခန်းကို သြဂုတ် ၁၅ ရက်ကလည်း ယောဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံရဲတစ်ဦး သေဆုံးကြောင်း အတည်ပြုထားသည်။

လက်ရှိ ယောဒေသ(ဂန့်ဂေါ၊ထီးလင်း၊ဆော၊ကျောက်ထု၊ကျော၊လောင်းရှည်)မြို့နယ်တို့တွင် စစ်ရေးတင်းမာနေပြီး အထူးသဖြင့် ဂန့်ဂေါမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က စစ် ကြောင်း များဖြင့် ထိုးစစ်ဆင်နေသည်။

သြဂုတ် ၁၈ ရက်က ဂန့်ဂေါနယ် အိမ်သစ်ရွာအနီးတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားခြောက် ဦးသေဆုံးကာ လက်နက်ဖြင့်ထွက်ပြေးလာသော ရဲတစ်ဦးကို PDF တို့က ဖမ်းဆီးရမိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကိုအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်း ပြည်သူ၁၃ ဦးသေဆုံးခဲ့ပြီး ၂၆ဦးဒဏ်ရာရရှိခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

သတင်း

၃ ရက်အတွင်းစစ်​ရှောင်ပြည်သူ ၉ ဦး​သေဆုံး

သတင်း

ညနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်ခဲ့

သတင်း

စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် ထိုးစစ် ဆင်နေသော မိုးဗြဲ မြို့ကို တော်လှန်ရေးပူးပေါင်းတပ် များ ထိန်းချုပ်ထားနိုင်ဆဲဖြစ်​ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ယနေ့ ထုတ်ပြန်သည်။