Connect with us

Hi, what are you looking for?

သတင်း

ကျားသစ်နက်စစ်ကြောင်းမှ ရဲဘော်နေကြီး တိုက်ပွဲအတွင်းကျဆုံး

ကိုနေထက်အောင် ကျဆုံးခဲ့ရခြင်းအတွက် စစ်ကောင်စီအား သေချာပေါက်လက်တုန့်ပြန်မည်ဟု Thongwa Youth Force(T.Y.F)က ထုတ်ပြန်ထားသည်။

ကျားသစ်နက်စစ်ကြောင်းမှ ရဲဘော်နေကြီး တိုက်ပွဲအတွင်းကျဆုံး
ကျားသစ်နက်စစ်ကြောင်းမှ ရဲဘော်နေကြီး တိုက်ပွဲအတွင်းကျဆုံး

ရန်ကုန်တိုင်း သုံးခွမြို့သား ရဲဘော်နေကြီးသည် စစ်အာဏာရှင်တော်လှန်ရေးအတွက် တိုက်ပွဲဝင်ရင်း ကရင်ပြည်နယ်တိုက်ပွဲတစ်ခုတွင် သြဂုတ် ၁၈ရက်က ကျဆုံးသွားခဲ့သည်။

သုံးခွမြို့သား ရဲဘော်နေကြီး(ခ)နေထက်အောင် သည် ကျားသစ်နက်စစ်ကြောင်း၊ တပ်ခွဲ(၅)၏ ဒုတပ်ခွဲမှုး တာဝန်ဖြင့် KNU တပ်မဟာ(၆) နယ်မြေအတွင်း စစ်ကောင်စီကို တိုက်ခိုက်စဥ် ကျဆုံးခဲ့ရကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်သည်။

“အာဇာနည်ရဲဘော် နေထက်အောင် ငြိမ်းချမ်းစွာအနားယူပါ။ဤတော်လှန်ရေးပြီးပြတ်သည်အထိ ကျွန်ုပ်တို့ ဆက်လက်ထမ်းရွက်သွားမည်ဖြစ် ကြောင်း ရဲဘော်အားအမှုးထား၍ ကတိအဓိဌာန်ပြုလိုက်သည်”ဟု သုံးခွမြို့ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တစ်ခုဖြစ်သော Thongwa Youth Force(T.Y.F)က ယနေ့(သြဂုတ် ၂၀)ထုတ်ပြန်သည်။

“ကိုနေထက်အောင်က စိတ်ဓာတ်ခိုင်တယ်။အာဏာရှင်တော်လှန်ရေးကို နည်းမျိုးစုံလုပ်ခဲ့တယ်။ အခုကျဆုံးတာ တော်တော်ကို ဝမ်းနည်းတယ်”ဟု သုံးခွမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကိုနေထက်အောင် ကျဆုံးခဲ့ရခြင်းအတွက် စစ်ကောင်စီအား သေချာပေါက်လက်တုန့်ပြန်မည်ဟု Thongwa Youth Force(T.Y.F)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။