Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်က အိမ်ခြေ ၇၀၀နီးပါး မီးရှို့ခဲ့သည့် ကျေးရွာနှစ်ရွာမှ ဒေသခံများကို ရေစကြို(ပကဖ) ကျပ်၂၆သိန်း လှူဒါန်း

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ရက်အတွင်းက လှေခုတ်ရွာနှင့် ငတရော်ရွာများကို ဝင်ရောက်တပ်စွဲနေထိုင်ပြီး မီးရှို့ခဲ့ရာ ငတရော်ရွာမှာ ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့ရသည်။

ဓာတ်ပုံ - ရေစကြို PDF
ဓာတ်ပုံ - ရေစကြို PDF

▪️ပြန်လည်ထူထောင်ရေးအတွက် ကူညီရန်ဖိတ်ခေါ်

အာဏာသိမ်းစစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့၍ ရေစကြိုမြို့နယ် ငတရော်ရွာမှ အိမ်ခြေ ၅၀၀ ကျော်နှင့် လှေခုတ်ရွာမှ အိမ်ခြေ ၁၀၀ ကျော်မီးလောင်ပျက်စီးခဲ့ရာ အဆိုပါ ကျေးရွာဒေသခံများ လတ်တလော နေထိုင်စားသောက်ရေးအတွက် ကျပ် ၂၆သိန်း လှူဒါန်းခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ရက်အတွင်းက လှေခုတ်ရွာနှင့် ငတရော်ရွာများကို ဝင်ရောက်တပ်စွဲနေထိုင်ပြီး မီးရှို့ခဲ့ရာ ငတရော်ရွာမှာ ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့ရသည်။

ဓာတ်ပုံ - ရေစကြို PDF

အဆိုပါ ကျေးရွာ နှစ်ရွာမှ မီးဘေးသင့် စစ်ရှောင် ပြည်သူများ ယာယီ စစ်ရှောင်ရာနေရာများ၌ နေထိုင်စားသောက်မှု အဆင်ပြေစေရန် ရေစကြို ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က အလှူငွေ လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် ကူညီနိုင်ရန် ပကဖ Page မှတစ်ဆင့် ဆက်သွယ် လှူဒါန်းကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook