Connect with us

Hi, what are you looking for?

သတင်း

အလောင်းတော်ကဿပနယ်မြေရှိ ရွာနှစ်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီး ဒေသခံငါးဦးကို သတ်ဖြတ်

စစ်ကောင်စီတပ်သည် မီးရှို့ဖျက်ဆီးရုံမက ကပိုင်ကျေးရွာနှင့် သီးကုန်းကျေးရွာရှိ ဒေသခံပြည်သူ ငါးဦးကိုပါ သတ်ဖြတ်ခဲ့ကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

(ကပိုင်ရွာနှင့် သီးကုန်းကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ကပိုင်ရွာနှင့် သီးကုန်းကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ အလောင်းတော်ကဿပနယ်မြေရှိ ကပိုင်ကျေးရွာနှင့်သီးကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ်အဆောက်အအုံ ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ငါး ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် သြဂုတ် ၁၈ ရက် ညနေ ၃ နာရီခန့်မှ သြဂုတ်၂၀ ရက်အထိ ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာနှင့်သီးကုန်းရွာကိုမီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ထောင်စု ၁၂၁စုခန့် မီးလောင်ဆုံးရှူံးခဲ့ကြောင်း၊ အိမ်ထောင်စု တစ်စုလျှင် လူနေအိမ်၊မီးဖိုဆောင်နှင့် သီးနှံသိုလှောင်ရုံအပါအဝင် အဆောက်အဦး သုံးခုအနည်းဆုံး မီးလောင်ပျက်စီးခဲ့​ကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် မီးရှို့ဖျက်ဆီးရုံမက ကပိုင်ကျေးရွာနှင့် သီးကုန်းကျေးရွာရှိ ဒေသခံပြည်သူ ငါးဦးကိုပါ သတ်ဖြတ်ခဲ့ကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

အဆိုပါ မီးလောင်ဆုံးရှုံးမှုတွင် ပြည်သူများ၏ ​​နေအိမ်အဆောက်အအုံများအပြင် တောင်သူလုပ်ငန်းသုံး လယ်ယာသုံးစက်ပစ္စည်းများ၊ မီးစက် ရေစက်များပါ မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

(ကပိုင်ရွာနှင့် သီးကုန်းကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ကပိုင်ရွာနှင့် သီးကုန်းကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး)

စစ်ကောင်စီတပ်များသည် ရင်ပေါင်တိုင်ရွာဖြစ်စဥ်မှ အကြမ်းဖက်စစ်အုပ်စုများဖြစ်ပြီး အင်အား၂၀၀ ခန့်ပါရှိကာ ယနေ့(သြဂုတ်၂၂ရက်) တွင် ယင်းမာပင်မြို့နယ် သလောက်ကျေးရွာနှင့် ဝန်းကုန်းကျေးရွာအနီးသို့ ရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။

သတင်း

ကျူးလွန်သူကိုထိထိရောက်ရောက်အရေးယူ၊ အပြစ်ပေးဖို့အရပ်ဖက်အဖွဲ့တွေနဲ့ ပြည်သူတွေတောင်းဆို