Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ မြို့ပြပြောက်ကျားတွေကို ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးနေပြီး ဖမ်းခံရသူ ၂၀ ဦးကျော်ရှိနေ

မန္တလေးမြို့ပြပြောက်ကျားမဟာမိတ်တပ်ပေါင်းစု အဖွဲ့ ဖြစ်တဲ့ FEA ရဲ့ အဖွဲ့ဝင် ၄ ဦးဟာလည်း လက်နက်ဝယ်ပြီး မန္တလေးကိုအပြန်မှာ အဆက်အသွယ်ပြတ်တောက်သွားတယ်လို့ သက်ဆိုင်ရာအဖွဲ့က အသိပေးထားပါတယ်။

မန္တလေးမှာ မြို့ပြပြောက်ကျားတွေကို ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးနေပြီး ဖမ်းခံရသူ ၂၀ ဦးကျော်ရှိနေ
မန္တလေးမှာ မြို့ပြပြောက်ကျားတွေကို ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးနေပြီး ဖမ်းခံရသူ ၂၀ ဦးကျော်ရှိနေ

သြဂုတ်လ လဆန်းပိုင်းကစတင်ပြီး မန္တလေးမြို့ပေါ်မှာ ဖမ်းဆီးခံရတဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ဦးရေ ဟာ ၂၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီစာရင်းဟာ သြဂုတ်လ လလယ်လောက်အထိဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့တွေ ရဲ့ထုတ်ပြန်ချက် ၊ မီဒီယာတွေကိုဖြေကြားချက်တွေအရ သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲ ၅ ဦးထက်မနည်း စစ်အုပ်စု ရဲ့ သတ်ဖြတ်တာကိုခံခဲ့ရပါတယ်။ ဖမ်းဆီးမှုတွေကို သြဂုတ်လ ၁ ရက်က စတင်ခဲ့ပါတယ်။

သြဂုတ်လ ၁ ရက် က အောင်မြေသာစံမြို့နယ် မြောက်ပြင်မှာရှိတဲ့ Myanmar Return Rangers Force (MRRF) တပ်ဖွဲ့ဝင်တွေတည်းခိုရာနေအိမ်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ဝင်စီးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစီးနင်းမှုမှာ MRRF ခေါင်းဆောင် ဗိုလ်အောင်မြေအပါအဝင် ၁၀ ဦးဝန်းကျင်ဖမ်းဆီးခံခဲ့ရပါတယ်။ MRRF တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရပြီး ရက်ပိုင်းအတွင်းမှာတင် မဟာမိတ်အဖွဲ့ဖြစ်တဲ့ Mother Son Mandalay Force (MSMF) ရဲ့ ဒုတိယခေါင်းဆောင် ကိုရှိုင်းနဲ့ အဖွဲ့ဝင် ၄ ဦးဟာလည်းဆက်လက်ဖမ်းဆီးခံခဲ့ရပါတယ်။

ဒီလိုဖမ်းဆီးသွားသူတွေထဲက ဗိုလ်အောင်မြေ အပါအဝင် ၃ဦး ကိုသတ်ဖြတ်ပြီး စစ်ကောင်စီတပ်ဟာ ရန်ကုန် − မန္တလေး အဝေးပြေးလမ်းမှာစွန့်ပစ်သွားပါတယ်။

သြဂုတ်လ ၇ ရက် မှာလည်း Mandalay Black King Scorpion(MBKS) တပ်ဖွဲ့ရဲ့ ခိုလှုံရာ အိမ်ကို စစ်ကောငစီတပ် ဝင်စီးရာမှာ နေအိမ်မှာကျန်ခဲ့တဲ့ ရဲဘော်တစ်ဦးနဲ့အတူ လက်နက်ခဲယမ်းအချို့ ဖမ်းဆီးခံခဲ့ရပါသေးတယ်။

မန္တလေးမြို့ပြပြောက်ကျားမဟာမိတ်တပ်ပေါင်းစု အဖွဲ့ ဖြစ်တဲ့ FEA ရဲ့ အဖွဲ့ဝင် ၄ ဦးဟာလည်း လက်နက်ဝယ်ပြီး မန္တလေးကိုအပြန်မှာ အဆက်အသွယ်ပြတ်တောက်သွားတယ်လို့ သက်ဆိုင်ရာအဖွဲ့က အသိပေးထားပါတယ်။

လက်နက်သွားဝယ်တဲ့အဖွဲ့ဝင် ၄ ဦးဟာ သြဂုတ်လ ၁၅ ရက်က မန္တလေးကိုပြန်လာနေပြီလို့ အကြောင်းကြားလာကာ နောက်နေ့ ညနေပိုင်းမှာတော့အဆက်အသွယ်ပြတ်သွားတာကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း သတင်းထုတ်ထားတာတွေ့ရပါတယ်။

ဒါကြောင့် ပတ်သက်ဆက်နွယ်သူတွေရှောင်ကြဖို့ကိုလည်းအသိပေးထားပါတယ်။

သြဂုတ်လ ၁၃ ရက် ညနေပိုင်းမှာလည်း ချမ်းမြသာစည်မြို့နယ် အတွင်းက တည်းခိုခန်းမှာ လူငယ် ၄ ဦး စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးတာခံလိုက်ရပါတယ်။

အဲဒီဖမ်းဆီးမှုမှာ စစ်ကောင်စီဘက်က သတင်းဖြန့်ချက်မှာ ဖမ်းဆီးခံရသူ လူငယ် ၄ ဦးဟာ KIA သင်တန်းဆင်း PDF တွေဖြစ်တယ်လို့ တွေ့ရပါတယ်။

ဒီလလဆန်းပိုင်းကစတင်ပြီး မန္တလေးမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီရဲ့ ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးတာကိုခံနေရတာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

Facebook